5 အားပေမဲ့ စသူမဆို ဘုရားသခင်ရဲ့ စကားဟို လိုက်နာစောင့်ထိန်းရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် အမန်ပြေ့စုံအယ်။ ဟေလိုဖြင့် ငါလို့ဟ ဘုရားသခင်နှိုက် ဆိတာဟို သိကြအယ်။
အဲလိုလဲ ယေရှုဟ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ကြားယွေ့ လိုက်နာသောသူလို့ဟ သာယွေ့ မင်္ဂလာဆိကြအယ်” ဟု ပြန်ပြောအယ်။
“ငါ့ပညတ်လို့ဟို နာခံယွေ့ စောင့်ထိန်းသောသူဟ ငါ့ဟို ချစ်သောသူ ဖြစ်အယ်။ ငါ့ဟို ချစ်သောသူဟို ငါ့ခမည်းတော်ဟ ချစ်လိမ့်မယ်၊ ငါဟလည်း သူ့လို့ဟို ချစ်ယွေ့ သူဆေနှိုက် မိမိတတ်တိုင်း ထင်ဆှားစေမယ်” ဟု မိန့်လေအယ်။
ယေရှုဟ ယုဒအား “ငါ့ဟို ချစ်သောသူဟ ငါ့သွန်သင်ချက်ဟို နားထောင်လိမ့်မယ်။ ငါ့ခမည်းတော်ဟ အေးသူဟို ချစ်လိမ့်မယ်၊ ငါ့ခမည်းတော်နဲ့ ငါဟလည်း သူ့ဆေဟို လာယွေ့ သူနဲ့အတူ နေထိန်မယ်။
“ငါဟ စပျစ်နွယ်ပင် ဖြစ်အယ်၊ နင်လို့ဟ အကိုင်းအခက်များ ဖြစ်ကြအယ်။ စသူမဆို ငါနှိုက် တည်နေယွေ့ ငါဟလည်း သူနှိုက် တည်နေရင် နင်လို့ဟ ရမ်းဆာ့သော အသီးဟို သီးလိမ့်မယ်၊ ငါနဲ့ကွာရင် နင်လို့ဟ ပစာအရာဟိုမှ မလုပ်နိန်ကြ။
ငါ့အသားဟို စားယွေ့ ငါရဲ့ အသွေးဟို သောက်သောသူဟ ငါနှိုက် တည်အယ်၊ ငါဟလည်း အေးသူနှိုက် တည်အယ်။
အေးကျောန့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်သူလို့ဟ အပစ်စီရင်ခြင်းနဲ့ အခု လွတ်ကြအယ်။
ဘုရားသခင်ဟ နင်လို့အား ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်စေအယ်၊ ခရစ်တော်အား ငါလို့ရဲ့ ဉာဏ်ပညာ ဖြစ်စေအယ်။ ကိုယ်တော်အားဖြင့် ဘုရားသခင်ဟ ငါလို့ဟို ဖြောင့်မတ်စေယွေ့ ငါလို့ဟ ဘုရားသခင်ရဲ့ လူစုတော်ဖြစ်လျက် ရွေးနုတ်ခြင်းဟို ရဆိကြအယ်။
အဲကျောန့် စသူမဆို ခရစ်တော်နှိုက်ဆိရင် အသစ်ဖန်ဆင်းခံရသူ ဖြစ်အယ်၊ ဟောင်းသောအရာလို့ဟ ကွယ်ပျောက်သွားယွေ့ ခပ်သိမ်းသောအရာလို့ဟို အသစ်ဖြစ်ကြပီ။
ဘုရားသခင်ဟ အပစ်နဲ့ ကင်းစင်သောသူဟို ငါလို့အတွက်ကျောန့် အပစ်ဆိသောသူ ဖြစ်စေအယ်၊ ဟေဟာဟ ငါလို့သည် အဲသူအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ဖြစ်လာမဲ့အကျောန်း ဖြစ်အယ်။
သူရဲ့ ယုံကြည်ခြင်းဟ အကျင့်နဲ့ အတူဆိနေတာဟို နင် မသိမမျော်သလော၊ အကျင့်အားဖြင့် သူရဲ့ ယုံကြည်ခြင်းဟို ပြေ့ဝစုံလင်ယွေ့ လာအယ်။
ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။ ဘုရားသခင်ဟ ငါလို့နှိုက် တည်ကျောန်းဟို ငါလို့အား ပေးသော ဝိညာဉ်တော်အားဖြင့် ငါလို့ သိကြအယ်။
ငါလို့ဟ တရားစီရင်ရာနေ့နှိုက် ယုံကြည်စိတ်ချမှု ဆိစေရန် ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ပြေ့စုံအယ်။ အကျောန်းမှာ ငါလို့ဟလည်း ဟေလောကတွင် ကိုယ်တော်လိုမျိုး ဖြစ်အယ်။
ချစ်ခြင်းမေတ္တာနှိုက် ကြောက်စိတ်မဆိ။ ပြေ့ဝစုံလင်လဲ့ မေတ္တာဟ ကြောက်စိတ်ဟို ပယ်လောအယ်။ ကြောက်စိတ်ဟ အပစ်ဒဏ်ခံရမှုဟို စောင့်မျော်တတ်သဖြင့် ကြောက်စိတ်ဆိသူနှိုက် မေတ္တာပြေ့ဝစုံလင်ခြင်း မဆိ။
ငါလို့ဟ ဘုရားသခင်ဟို ချစ်ယွေ့ ဘုရားသခင်ရဲ့ ပညတ်လို့ဟို လိုက်နာကျင့်သုံးကြရင် အဲအမှုအရာအားဖြင့် ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဟို ချစ်ကျောန်း ငါလို့ သိကြအယ်။
ဘုရားသခင်ရဲ့ သားတော်ဟ ကြွလာယွေ့ စစ်မန်သော ဘုရားသခင်ဟို သိဆိနိန်လဲ့ အသိဉာဏ်ဟို ငါလို့အား ပေးတာဟိုလည်း ငါလို့ သိကြအယ်။ အဲကျောန့် ငါလို့ဟ စစ်မန်သော ဘုရားသခင်နှိုက် လည်းကောင်း၊ ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်တော်နှိုက် လည်းကောင်း ဆိကြအယ်။ ကိုယ်တော်ဟ စစ်မန်သော ဘုရားသခင် ဖြစ်ပင်း ထာဝရ အသက်လည်း ဖြစ်အယ်။
ချစ်ခြင်း မေတ္တာဆိုတာဟ ကိုယ်တော်ရဲ့ ပညတ်တော်အတိုင်း အသက်ဆှင် ဆော့က်လှမ်းခြင်း ဖြစ်အယ်။ အဲပညတ်တော်ဟ အစဦးဟပင် နင်လို့ ကြားရလဲ့အတိုင်း ချစ်ခြင်းမေတ္တာနှိုက် အသက်ဆှင် ဆော့က်လှမ်းခြင်း ဖြစ်အယ်။
အဲအခါ နဂါးဟ အဲမိန်းမအပေါ် အမျက်ထွက်ယွေ့ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူများနဲ့ ယေရှုနဲ့ဆိုင်လဲ့ သက်သေခံချက်ဟို ရဆိထားသော သူများဖြစ်ကြလဲ့ အဲမိန်းမရဲ့ အမျိုးအနွယ်ထဲမှ ကျန်ဆိသောသူလို့နဲ့ စစ်တိုက်ရန် ထွက်သွားအယ်။
ဘုရားသခင်ရဲ့ ပညတ်လို့ဟို လည်းကောင်း၊ ယေရှုနှိုက် ယုံကြည်ခြင်းဟို လည်းကောင်း၊ စောင့်ဆှောက်သော သန့်ဆှင်းသူလို့ဟ ဟေအရာနှိုက် သည်းခံစရာအကျောန်း ဆိအယ်။