4 ဘုရားသခင်ဟို ငါလို့ သိကျွမ်းအယ်ဟု ဆိုလျက် ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို လိုက်နာစောင့်ထိန်းခြင်း မဆိသောသူဟ ဝါသောသူဖြစ်ယွေ့ သမ္မာတရားဟ အဲသူနှိုက် မဆိ။
နင်လို့ရဲ့အဖဟ မာရ်နတ် ဖြစ်အယ်၊ အဲလိုမို့ နင်လို့အဖရဲ့ အလိုဟို လိုက်ယွေ့ နင်လို့ဟ ပြုကြအယ်။ မာရ်နတ်ဟ ဟိုးအရင်ကပင် လူသတ်သမား ဖြစ်ပင်း သူနှိုက် အမန်တရား မဆိသောကျောန့် သူဟ သမ္မာတရားနှိုက် မရပ်တည်ခဲ့ဝူး။ သူဟ ဝါပြောသောအခါ မိမိသဘာဝဟိုသာ လုပ်တာဖြစ်ပင်း ဝါပြောတတ်သောသူလို့ရဲ့ အဖ ဖြစ်အယ်။
အကျောန်းမှာ ပုန်ကန်သောသူ၊ အကျိုးမဲ့ စကားဟို ပြောဆိုသောသူနဲ့ ဝါသောသူများစွာ ဆိသောကျောန့် ဖြစ်အယ်။ အထူးသဖြင့် အရေဖျားလှီးထားသော သူလို့ထဲတွင် ဆိကြအယ်။
သူလို့ဟ ဘုရားသခင်ဟို သိကြအယ်ဟု ဝန်ခံကြသော်လည်း သူလို့ပြုသော အမှုများအားဖြင့် ဘုရားသခင်ဟို ငြင်းပယ်ကြအယ်။ သူလို့ဟ စက်ဆုပ်ဖွယ်ကောင်းသောသူ၊ နာခံခြင်း မဆိသောသူ၊ ကောင်းသောအမှု ဆိသမျှနဲ့ မထိုက်တန်သောသူများ ဖြစ်ကြအယ်။
အပစ် မပြုဖူးဟု ငါလို့ဆိုရင် ငါလို့ဟ ဘုရားသခင်ဟို ဝါသောသူဟု ဆိုရာ ရောက်ယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ ငါလို့နှိုက် မဆိ။
ငါလို့ဟ ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ခြင်း ဆိအယ်ဟု ဆိုလျက်နဲ့ မိုက်နှိုက် အသက်ဆှင် ဆော့က်လှမ်းနေကြရင် ငါလို့ဟ ဝါပြောတာ ဖြစ်ယွေ့ သမ္မာတရားဟို ကျင့်သုံးနေကြတာ မဟုတ်။
ငါလို့နှိုက် အပစ်မဆိဟု ငါလို့ဆိုရင် ငါလို့ဟ ကိုယ့်တတ်တိုင်း လှည့်စားနေတာ ဖြစ်ယွေ့ သမ္မာတရားဟ ငါလို့နှိုက် မဆိ။
ငါလို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို လိုက်နာစောင့်ထိန်းရင် အဲအမှုအရာအားဖြင့် ဘုရားသခင်ဟို ငါလို့ သိကျွမ်းတာဟို သိကြအယ်။
ငါဟ အလင်းနှိုက် ဆိအယ်ဟု ဆိုလျက် မိမိညီအကို မောင်နှမဟို မုန်းသောသူဟ အခုတိုင်အောန် မိုက်နှိုက် ဆိသေးအယ်။
ကိုယ်တော်နဲ့ တလုံးတဝတည်းနေသောသူဟ အပစ်ပြုခြင်း မဆိ၊ အားပေမဲ့ အပစ်ပြုနေသောသူတိုင်းဟ ကိုယ်တော်ဟို မသိမမျော်ဖူးသူ ဖြစ်အယ်။
ဘုရားသခင်ဟို ချစ်တာဟု ဆိုလျက် ညီအကို မောင်နှမဟို မုန်းရင် အဲသူဟ ဝါသောသူဖြစ်အယ်။ မျော်ရသော မိမိညီအကို မောင်နှမဟို မချစ်သောသူဟ မမျော်ရသော ဘုရားသခင်ဟို မချစ်နိန်။
ချစ်ရသောသူလို့၊ ချစ်ခြင်းမေတ္တာဟ ဘုရားသခင်ဆေမှ သက်ရောက်လာတာ ဖြစ်ယွေ့ ငါလို့ဟ အချင်းချင်း တယောက်ဟို တယောက် ချစ်ကြကုန်စို့။ ချစ်တတ်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်အယ်၊ ကိုယ်တော်ဟို သိကျွမ်းသောသူလည်း ဖြစ်အယ်။