3 ငါလို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို လိုက်နာစောင့်ထိန်းရင် အဲအမှုအရာအားဖြင့် ဘုရားသခင်ဟို ငါလို့ သိကျွမ်းတာဟို သိကြအယ်။
“နင်လို့ဟ ငါပြောလဲ့အတိုင်း မလုပ်ဘဲ ပစာကျောန့် ငါ့ဟို ‘သခင်၊ သခင်’ လို့ ခေါ်ကြလုန်း။
“နင်လို့ဟ ငါ့ဟို ချစ်ရင် ငါ့ပညတ်လို့ဟို စောင့်ထိန်းလိမ့်မယ်။
ငါဟ ခမည်းတော်ရဲ့ ပညတ်လို့ဟို စောင့်ထိန်းယွေ့ ခမည်းတော်ရဲ့ မေတ္တာနှိုက် တည်နေသလိုမျိုး၊ နင်လို့ဟ ငါ့ပညတ်လို့ဟို စောင့်ထိန်းရင် ငါ့မေတ္တာနှိုက် တည်နေကြလိမ့်မယ်။
နင်လို့အား ငါ့ပညတ်လဲ့အရာလို့ဟို နင်လို့ ကျင့်သုံးရင် နင်လို့ဟ ငါရဲ့ မိတ်ဆွေများ ဖြစ်ကြအယ်။
ထာဝရအသက်ဟူသည် မန်သော ဘုရားသခင် တဆူတည်းဖြစ်သော ကိုယ်တော်နဲ့ စေလွှတ်သော ယေရှု ခရစ်တော်ဟို လည်းကောင်း သိကျွမ်းခြင်း ဖြစ်အယ်။
“မိုက်ထဲမှ အလင်း ပေါ်ထွန်းလိမ့်မယ်” ဟု မိန့်သော ဘုရားသခင်ဟ ခရစ်တော်ရဲ့ မျက်နှာနှိုက် ထွန်းလင်းလဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို သိသောအလင်းရောင်အား ငါလို့ရဲ့ စိတ်နေလုံးထဲနှိုက် ထွန်းလင်းစေအယ်။
ကိုယ်တော်ဟ စုံလင်ခြင်းဟို ရောက်သောအခါ မိမိဟို နာခံသောသူအပေါင်းလို့အား ထာဝရ ကယ်တင်ခြင်းဟို ပေးသောသူ ဖြစ်လာယွေ့
အဖလို့၊ နင်လို့ဟ အစဦးဟပင် ဆိသောသူဟို သိကြသောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။ လူပဲ့လို့၊ နင်လို့ဟ မကောင်းသောအရာဟို အောန်နိန်ခဲ့သောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။
ငါလို့ဟ ညီအကို မောင်နှမလို့ ချစ်ကြသောကျောန့် သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးပြောင်းပီဖြစ်ကျောန်း ငါလို့ သိကြအယ်။ မချစ်သောသူဟ သေခြင်းနှိုက် တည်အယ်။
ဟေလိုဖြင့် ငါလို့ဟ သမ္မာတရားနဲ့ စပ်ဆိုင်သောသူဖြစ်ကျောန်းဟို သိကြယွေ့ ဘုရားသခင် ဆေ့နှိုက် ငါလို့ရဲ့ စိတ်နေလုံးဟို ငြိမ်သက်စွာ ဆိစေကြလိမ့်မယ်။
ကိုယ်တော်နဲ့ တလုံးတဝတည်းနေသောသူဟ အပစ်ပြုခြင်း မဆိ၊ အားပေမဲ့ အပစ်ပြုနေသောသူတိုင်းဟ ကိုယ်တော်ဟို မသိမမျော်ဖူးသူ ဖြစ်အယ်။
ဘုရားသခင်ဟ မိမိရဲ့ ဝိညာဉ်တော်ဟို ငါလို့အား ပေးသောကျောန့် ငါလို့ဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း ငါလို့နှိုက် တည်ကျောန်းဟို ငါလို့ သိကြအယ်။
ချစ်ရသောသူလို့၊ ချစ်ခြင်းမေတ္တာဟ ဘုရားသခင်ဆေမှ သက်ရောက်လာတာ ဖြစ်ယွေ့ ငါလို့ဟ အချင်းချင်း တယောက်ဟို တယောက် ချစ်ကြကုန်စို့။ ချစ်တတ်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်အယ်၊ ကိုယ်တော်ဟို သိကျွမ်းသောသူလည်း ဖြစ်အယ်။
ငါလို့ဟ ဘုရားသခင်နဲ့ စပ်ဆိုင်တာဟို လည်းကောင်း၊ လောကီသားအပေါင်းလို့ဟ မာရ်နတ်ရဲ့ လက်နှိုက် ဆိကြတာဟို လည်းကောင်း ငါလို့ သိကြအယ်။
ငါလို့ဟ ဘုရားသခင်ဟို ချစ်ယွေ့ ဘုရားသခင်ရဲ့ ပညတ်လို့ဟို လိုက်နာကျင့်သုံးကြရင် အဲအမှုအရာအားဖြင့် ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဟို ချစ်ကျောန်း ငါလို့ သိကြအယ်။
အကျောန်းမှာ ဘုရားသခင်ဟို ချစ်ခြင်းဆိုတာဟ ဘုရားသခင်ရဲ့ ပညတ်လို့ဟို စောင့်ထိန်းခြင်း ဖြစ်အယ်။ ဘုရားသခင်ရဲ့ ပညတ်လို့ဟလည်း စောင့်ထိန်းရန် ခဲယဉ်းတာ မဟုတ်။
အဲအခါ နဂါးဟ အဲမိန်းမအပေါ် အမျက်ထွက်ယွေ့ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူများနဲ့ ယေရှုနဲ့ဆိုင်လဲ့ သက်သေခံချက်ဟို ရဆိထားသော သူများဖြစ်ကြလဲ့ အဲမိန်းမရဲ့ အမျိုးအနွယ်ထဲမှ ကျန်ဆိသောသူလို့နဲ့ စစ်တိုက်ရန် ထွက်သွားအယ်။
ဘုရားသခင်ရဲ့ ပညတ်လို့ဟို လည်းကောင်း၊ ယေရှုနှိုက် ယုံကြည်ခြင်းဟို လည်းကောင်း၊ စောင့်ဆှောက်သော သန့်ဆှင်းသူလို့ဟ ဟေအရာနှိုက် သည်းခံစရာအကျောန်း ဆိအယ်။
“မိမိဝတ်လုံများဟို လျှော်ဖွတ်ယွေ့ အသက်ပင်နဲ့ သက်ဆိုင်သောအခွင့်ဟို ရဆိပင်း ထင်ခါးများမှ မြို့ထဲဟို ဝင်ခွင့်ဟို ရဆိသောသူလို့ဟ မင်္ဂလာ ဆိကြအယ်။