၁ ယောဟန် 2:27 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား27 နင်လို့မှာမူ ခရစ်တော်ဟ မိမိရဲ့ ဝိညာဉ်တော်ဟို နင်လို့အပေါ်ဟို သွန်းလောင်းပီ။ ဝိညာဉ်တော်ဟ နင်လို့ စိတ်နေလုံးတွင် ကိန်းအောင်းလျက် နေသမျှကာလပတ်လုံး နင်လို့အား အခြားပစာအရာမျှ သွန်သင်ပေးစရာ မလို။ ပစာကို့ ကိုယ်တော်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အား ခပ်သိမ်းသောအမှုအရာလို့ဟို သွန်သင်သောကျောန့် ဖြစ်အယ်။ ဝိညာဉ်တော် သွန်သင်ပေးသောအရာလို့ဟ မန်ကန်ယွေ့ အမားမဆိ။ အဲကျောန့် နင်လို့ဟ ဝိညာဉ်တော် သွန်သင်လဲ့အတိုင်း လိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နဲ့ တလုံးတဝတည်း တည်ကြလော့။ Faic an caibideil |
ဘုရားသခင်ကို ငါလို့ အမြဲကျေးဇူးတင်ရလဲ့ အခြားအကျောန်းရင်း တခုလည်း ဆိသေးအယ်။ ငါလို့ဟ ဘုရားသခင်ရဲ့ သတင်းစကားကို ယူဆောင်လာသောအခါ လူသားများဆေမှ သတင်းစကားအဖြစ် မဟုတ်ဘဲ၊ အမန်ပင်ဖြစ်လဲ့ ဘုရားသခင်ရဲ့ သတင်းစကားအဖြစ် နင်လို့ဟ ကြားပင်း လက်ခံကြအယ်။ အကျောန်းမှာ ယုံကြည်သော နင်လို့အထဲနှိုက် ဘုရားသခင်ဟ အမှုတော်ကို ဆောင်ရွက်အယ်။