21 နင်လို့ဆေ ငါ စာရေးရခြင်းအကျောန်းမှာ သမ္မာတရားဟို နင်လို့ မသိကြယွေ့ မဟုတ်။ သမ္မာတရားဟို လည်းကောင်း၊ ဝါသောစကားဟ သမ္မာတရားနဲ့ စလိုမှ မသက်ဆိုင်တာဟို လည်းကောင်း နင်လို့ သိကြသောကျောန့် ဖြစ်အယ်။
ပိလတ်မင်းဟ “အဲကျောန့် နင်ဟ ဆှင်ဘုရင်လော” ဟု မေးအယ်။ ယေရှုဟ “ငါဟ နင်ဆိုလဲ့အတိုင်း ဆှင်ဘုရင် ဖြစ်အယ်။ ငါဟ သမ္မာတရားဘက်နှိုက် သက်သေခံရန် မွေးဖွားခြင်းဟို ခံယွေ့ ဟေလောကသို့ ကြွလာပီ။ သမ္မာတရားနဲ့ စပ်ဆိုင်သောသူတိုင်း ငါ့အသံဟို နားထောင်ကြအယ်” ဟု ပြန်ဖြေအယ်။
နင်လို့ရဲ့အဖဟ မာရ်နတ် ဖြစ်အယ်၊ အဲလိုမို့ နင်လို့အဖရဲ့ အလိုဟို လိုက်ယွေ့ နင်လို့ဟ ပြုကြအယ်။ မာရ်နတ်ဟ ဟိုးအရင်ကပင် လူသတ်သမား ဖြစ်ပင်း သူနှိုက် အမန်တရား မဆိသောကျောန့် သူဟ သမ္မာတရားနှိုက် မရပ်တည်ခဲ့ဝူး။ သူဟ ဝါပြောသောအခါ မိမိသဘာဝဟိုသာ လုပ်တာဖြစ်ပင်း ဝါပြောတတ်သောသူလို့ရဲ့ အဖ ဖြစ်အယ်။
ငါ ချစ်သော ညီအကို မောင်နှမလို့၊ ဟေအချက်ဟို သိမှတ်ကြလော့။ လူတိုင်းဟ ကြားနာခြင်းအရာနှိုက် လျင်မြန်ယွေ့ စကားပြောခြင်းနဲ့ အမျက်ထွက်ခြင်း အရာလို့နှိုက် နှေးကွေးကြစေ။
အေးကျောန့် နင်လို့ဟ ဟေအကျောန်းအရာများဟို သိဆိကြယွေ့ နင်လို့တွင် ဆိသော သမ္မာတရားနှိုက် ခိုင်ခံ့မြဲမြံကြပီ ဖြစ်သော်လည်း ၎င်းလို့နဲ့ ပတ်သက်ယွေ့ နင်လို့ဟို အစဉ် သတိပေးနှိုးဆော်ရန် ငါကြံရွယ်ထားအယ်။
ဟေလိုဖြင့် ငါလို့ဟ သမ္မာတရားနဲ့ စပ်ဆိုင်သောသူဖြစ်ကျောန်းဟို သိကြယွေ့ ဘုရားသခင် ဆေ့နှိုက် ငါလို့ရဲ့ စိတ်နေလုံးဟို ငြိမ်သက်စွာ ဆိစေကြလိမ့်မယ်။
နင်လို့ဟ ဟေအရာအားလုံးဟို သိကြပီဖြစ်သော်လည်း နင်လို့ဟို ငါ သတိပေးနှိုးဆော်လိုတာဟ သခင်ဘုရားသည် သူရဲ့ လူများဟို အဲဂုတ္တုပြေမှ တခါတည်း ကယ်လွှတ်ပေမဲ့လည်း မယုံကြည်သော သူလို့ဟို တခါ ဖျက်ဆီးအယ်။