Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ ယောဟန် 2:16 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

16 လောကနှိုက် ဆိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စေ့တပ်မက်ခြင်း၊ လောကစည်းစိမ်နှိုက် ဝါကြွားခြင်းလို့ဟ ခမည်းတော်နဲ့ မစပ်ဆိုင်၊ လောကနဲ့သာ စပ်ဆိုင်အယ်။

Faic an caibideil Dèan lethbhreac




၁ ယောဟန် 2:16
34 Iomraidhean Croise  

တခါ မာရ်နတ်ဟ ယေရှုဟို ရမ်းဆာ့ မြင့်သော တောင်ပေါ်ဟို ခေါ်သွားပင်း လောကနိုင်ငံဆိသမျှနဲ့ အဲနိုင်ငံလို့ရဲ့ ဘုန်းစည်းစိမ်ဟို ယိုးပြအယ်။


အဲလိုလဲ နင်လို့အား ငါပြောတာဟ တစုံတယောက်သည် တပ်မက်သောစိတ်နဲ့ အမျိုးသမီးတဦးဟို ကျေ့သူဟ မိမိရဲ့ စိတ်တွင် အဲအမျိုးသမီးဟို ပစ်မားပီ။


အေးနောက် မာရ်နတ်ဟ ကိုယ်တော်ဟို ခေါ်သွားပင်း ခုတင်ချင်း လောကနှိုက် ဆိသမျှသော တိုင်းနိုင်ငံများဟို ပြသခဲ့အယ်။


အဆှင် ယေရှု ခရစ်ဟို လက်နက်လိုမျိုး ဝတ်ဆင်ကြလော့။ ကိုယ်ကာယရဲ့ တပ်မက်ခြင်းဟို ဖြည့်ဆည်းဖို့ရန် မကြံစည်ကြနဲ့။


ဟေဥပမာဟ ဆိုးညစ်မှုများဟို အဲသူလို့ ပြုလုပ်သလို ငါလို့ မပြုလုပ်ကြစေရန်၊


အကျောန်းမှာ ငါလို့ရဲ့ လူ့သဘောသဘာဝဟ ဝိညာဉ်တော် အလိုဆိသောအရာနဲ့ ဆန့်ကျင်ဘက် ဖြစ်ပင်း ဝိညာဉ်တော် အလိုဆိသောအရာဟ ငါလို့ရဲ့ လူ့သဘောသဘာဝဆန္ဒနဲ့ ဆန့်ကျင်ဘက် ဖြစ်အယ်။ အေးနေခုဟ ရန်သူတွေ ဖြစ်ပင်း ဆိုလိုတာဟ နင်လုပ်ချင်တာကို လုပ်လို့ရဝူး။


ခရစ်တော် ယေရှုနဲ့ စပ်လျဉ်းသောသူများဟ ဇာတိပကတိအား ကိလေသာဆန္ဒများဖြင့် လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြအယ်။


တကယ်တော့ ငါလို့အားလုံးဟာ သူလို့လိုပဲ ငါလို့ရဲ့ ဇာတိဆန္ဒတွေအရ ငါလို့ရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဆန္ဒ ကိုက်ညီတဲ့ ဘာမဆို ပြုမှုနေအယ်။ ငါလို့ရဲ့ ပကတိအခြေအနေတွင် အခြားသူများလိုမျိုးပင် ငါလို့ဟ ဘုရားသခင်ရဲ့ အူထော့ခြင်းဟို ခံထိုက်သောသူများ ဖြစ်ကြအယ်။


ငါလို့အား ဘုရားတရားမဲ့ခြင်းနဲ့ လောကီတပ်မက်ခြင်းလို့ဟို စွန့်ပယ်ယွေ့ ဟေလောကတွင် ဘုရားဝတ်နှိုက် မွေ့လျော်စွာ၊ သင့်တင့်လျောက်ပတ်စွာနဲ့ ဖြောင့်မတ်စွာ အသက်ဆှင်ရန်လည်းကောင်း၊


အကျောန်းမှာ မခင်ဟ ငါလို့ဟလည်း မိုက်မဲသောသူ၊ မနာခံသောသူ၊ မားယွင်းသောသူများဖြစ်ကြပင်း အမျိုးမျိုးသော တပ်မက်ခြင်းနဲ့ ကာမဂုဏ်ခံစားခြင်းလို့နှိုက် ကျွန်ခံယွေ့ မကောင်းမှုနဲ့ မုန်းခြင်းလို့နှိုက် ကျင်လည်ကြကာ မုန်းခြင်းခံရလျက် အချင်းချင်းဟိုလည်း မုန်းလျက်နေကြအယ်။


အဲလိုသော ပညာဟ အထက်အရပ်မှ လာတာ မဟုတ်ဘဲ လောကနဲ့ လည်းကောင်း၊ ဇာတိနဲ့ လည်းကောင်း၊ နတ်ဆိုးလို့နဲ့ လည်းကောင်း စပ်ဆိုင်အယ်။


အခု နင်လို့ဟ မိမိထောင်လွှားခြင်းနှိုက် ဝါကြွားကြသေးအယ်။ အဲသို့သော ဝါကြွားခြင်း ဆိသမျှဟ မကောင်းသောအမှု ဖြစ်အယ်။


နင်လို့ မသိ နားမလည်စဉ်အချိန်ဟ မကောင်းသော ဆန္ဒများနောက်ဟို မလိုက်ကြဘဲ နာခံမှုဆိသော လူပဲ့သငယ်များလိုမျိုး ဖြစ်ကြလော့။


ချစ်သော မိတ်ဆွေလို့၊ နင်လို့ဟ ဧည့်သည်အာဂန္တုများ ဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ဟို ဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများဟို ဆှောင်ကြဉ်ကြရန် နင်လို့ဟို ငါ တိုက်တွန်းနှိုးဆော်အယ်။


အထူးသဖြင့် ညစ်ညူးသော တက်မက်မှုအားဖြင့် သွေးသားဇာတိနောက်ဟို လိုက်ယွေ့ အုပ်စိုးခြင်းဟို မထီမဲ့မြင်ပြုသောသူလို့ဟို အေးလို့ ထိန်းသိမ်းထားလိမ့်မယ်။ အေးသူလို့ဟ အတင့်ရဲသောသူ၊ ကိုယ့်အလိုဟို လိုက်တတ်သောသူဖြစ်ကြယွေ့ ကြောက်ရွံ့ခြင်း မဆိဘဲ ဘုန်းအသရေ ဆိသောသူလို့ဟို စော်ကားပြောဆိုတတ်ကြအယ်။


အကျောန်းမှာ သူလို့ဟ အလကားကား ချဲ့ထွင်ဝါကြွားလျက် မားယွင်းခြင်းနှိုက် အသက်ဆှင်နေထိန်သော သူလို့ထဲမှ လွတ်မြောက်ခါစ ဆိသော သူလို့ဟို သွေးသားဇာတိရဲ့ တပ်မက်ခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဖြင့် လှည့်စားဆွဲဆောင်ကြအယ်။


Lean sinn:

Sanasan


Sanasan