12 လူပဲ့သငယ်လို့၊ နင်လို့ဟ ခရစ်တော်ရဲ့ နာမတော်အားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ခံရပီ ဖြစ်သောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။
နာမတော်ဟို အမှီပြုယွေ့ နောင်တရခြင်းတရားနဲ့ အပစ်ဖြေလွှတ်ခြင်း တရားဟို ယေရုရှလင်မြို့မှ အစပြုယွေ့ လူမျိုးအပေါင်းလို့ဟို ဟောပြောရမယ်။
ယေရှုဟ အေးသူလို့ရဲ့ ယုံကြည်ခြင်း စလောက်ဆိအယ်ဟို မျော်သောအခါ အေးလူဟို “မိတ်ဆွေ၊ နင်ရဲ့ အပစ်ဟို ငါ ခွင့်လွှတ်ပီ” ဟု မိန့်အယ်။
အဲအဆှင်နဲ့ ပတ်သက်ယွေ့ ပရောဖက်အားလုံးလို့ဟလည်း ကိုယ်တော်ဟို ယုံကြည်သောသူတိုင်း ကိုယ်တော်ရဲ့ နာမတော်အားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ကျေးဇူးဟို ခံစားရအယ်ဟု သက်သေခံကြအယ်” ဟူယွေ့ မြွက်ဆိုလေအယ်။
အဲလိုမို့ ငါ့ မိတ်ဆွေလို့၊ ယေရှုအားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း အကျောန်းဟို နင်လို့အား ငါ သိစေချင်အယ်။
ကယ်တင်ခြင်းဟ အခြားစသူမှာမှ မဆိ၊ အကျောန်းမှာ အေးနာမမှတပါး ငါလို့အား ကယ်တင်မဲ့ အခြားသော နာမဟို ခေါန်းခင်အောက် လူလို့နှိုက် ပေးအပ်ထားခြင်း မဆိ” ဟု သူလို့အား ဆိုအယ်။
နင်လို့တွင် အချို့လို့ဟ အဲသို့သောသူများ ဖြစ်ကြအယ်။ အားပေမဲ့ နင်လို့ဟ သခင် ယေရှု ခရစ်တော်ရဲ့ နာမတော်နဲ့ ငါလို့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်း ခံရယွေ့ သန့်ဆှင်းခြင်း ခံရကာ ဖြောင့်မတ်ရာဟို ရောက်ကြပီ။
အကျောန်းမှာ ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် ငါလို့ဟ လွတ်မြောက်ခြင်းသို့ ရောက်ကြပီ။ ဆိုလိုတာဟ ငါလို့ရဲ့ အပစ်များဟို ခွင့်လွတ်ခြင်း ခံရအယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ စလောက်ကြီးမားသလဲ။
တယောက်နဲ့တယောက် သနားစုံမက်ကြကာ ဘုရားသခင်ဟ ခရစ်တော်နှိုက် နင်လို့ဟို ခွင့်လွတ်သလိုမျိုး တယောက်နဲ့တယောက် ခွင့်လွတ်ခြင်း ဆိကြလော့။
ဘုရားသခင်ဟ အဲသားတော်အားဖြင့် ငါလို့ဟို ရွေးနုတ်ပီ။ အဲနည်းအားဖြင့် ငါလို့ရဲ့ အပစ်များဟို ဖြေလွှတ်ပီ။
ငါလို့ရဲ့ ဝမ်းမြောက်ခြင်း ပြေ့ဝစုံလင်စေရန် ဟေအရာများဟို ငါလို့ ရေးလိုက်အယ်။
အားပေမဲ့ ဘုရားသခင်ဟ အလင်းနှိုက် ဆိသလို ငါလို့ဟလည်း အလင်းနှိုက် အသက်ဆှင် ဆော့က်လှမ်းရင် ငါလို့ဟ အချင်းချင်းနှိုက် မိတ်သဟာယဖွဲ့ခြင်း ဆိယွေ့ ဘုရားသခင်ရဲ့ သားတော် ယေရှုရဲ့ အသွေးတော်ဟ ငါလို့ဟို အပစ်ဆိသမျှလို့မှ စင်ကြယ်စေအယ်။
ငါလို့ဟ ကိုယ့်အပစ်များဟို ဖော်ပြဝန်ခံရင် ဘုရားသခင် သစ္စာနဲ့ ပြေ့စုံယွေ့ ဖြောင့်မတ်သောသူ ဖြစ်သောကျောန့် ငါလို့ရဲ့ အပစ်များဟို ခွင့်လွှတ်ပင်း ငါလို့ဟို မတရားမှု ဆိသမျှဆေမှ စင်ကြယ်စေအယ်။
ငါ ချစ်သော လူပဲ့သငယ်လို့၊ နင်လို့ဟ အပစ်မပြုကြစေရန် ဟေအရာများဟို နင်လို့ဆေ ငါ ရေးလိုက်အယ်။ အားပေမဲ့ တစုံတယောက်ဟ အပစ်ပြုမိခဲ့ရင် ခမည်းတော်ဆေနှိုက် ကူညီဖြေဆှင်းပေးသူ တည်းဟူသော ဖြောင့်မတ်လဲ့သူ ယေရှု ခရစ်တော်ဟ ငါလို့အတွက် ဆိအယ်။
နင်လို့ဆေ ငါ စာရေးရခြင်းအကျောန်းမှာ သမ္မာတရားဟို နင်လို့ မသိကြယွေ့ မဟုတ်။ သမ္မာတရားဟို လည်းကောင်း၊ ဝါသောစကားဟ သမ္မာတရားနဲ့ စလိုမှ မသက်ဆိုင်တာဟို လည်းကောင်း နင်လို့ သိကြသောကျောန့် ဖြစ်အယ်။
ချစ်ရသော မိတ်ဆွေလို့၊ နင်လို့ဆေ ငါရေးလိုက်သော ပညတ်ဟ ပညတ်တော် အသစ် မဟုတ်၊ အစဦးဟပင် နင်လို့နှိုက် ဆိသော ပညတ်တော် အဟောင်းသာ ဖြစ်အယ်။ အဲပညတ်ဟောင်းဟ နင်လို့ ကြားခဲ့ရသော နှုတ်ကပတ်တော် ဖြစ်အယ်။