8 ငါလို့နှိုက် အပစ်မဆိဟု ငါလို့ဆိုရင် ငါလို့ဟ ကိုယ့်တတ်တိုင်း လှည့်စားနေတာ ဖြစ်ယွေ့ သမ္မာတရားဟ ငါလို့နှိုက် မဆိ။
နင်လို့ရဲ့အဖဟ မာရ်နတ် ဖြစ်အယ်၊ အဲလိုမို့ နင်လို့အဖရဲ့ အလိုဟို လိုက်ယွေ့ နင်လို့ဟ ပြုကြအယ်။ မာရ်နတ်ဟ ဟိုးအရင်ကပင် လူသတ်သမား ဖြစ်ပင်း သူနှိုက် အမန်တရား မဆိသောကျောန့် သူဟ သမ္မာတရားနှိုက် မရပ်တည်ခဲ့ဝူး။ သူဟ ဝါပြောသောအခါ မိမိသဘာဝဟိုသာ လုပ်တာဖြစ်ပင်း ဝါပြောတတ်သောသူလို့ရဲ့ အဖ ဖြစ်အယ်။
ကျမ်းစာနှိုက်၊ “ဖြောင့်မတ်သောသူ မဆိ၊ တယောက်မှ မဆိ၊
လူတိုင်းဟ အပစ်ပြုကြပင်း ဘုရားသခင်ရဲ့ ကယ်တင်ခြင်း မျက်မှောက်တော်နဲ့ ဝေးကွာအယ်။
စသူမျှ မိမိတတ်တိုင်း မလှည့်စားစေနဲ့။ နင်လို့တွင် အကြင်သူဟ ဟေလောကရဲ့ စံနှုန်းအရ ပညာဆိ ဖြစ်တာဟု ကိုယ့်ကိုထင်တတ်အယ်။ အဲသူဟ ပညာဆိဖြစ်လာစေရန် လူမိုက် ဖြစ်မန့်စေ။
အယောက်စီတိုင်းဟ ပစာမှမဟုတ်ဘဲလျက် မိမိကိုယ်ကို အရေးပါသူဟု ထင်ရင်၊ သူဟ ကိုယ့်တတ်တိုင်း လှည့်စားအယ်။
အဲသို့ အသိစိတ်ပျက်ပြားလျက် သမ္မာတရား ဆုံးရှုံးကာ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းဟ အကျိုးစီးပွားဖြစ်တာဟု ထင်မှတ်သော လူလို့ကြားနှိုက် မဆုံးနိန်သော အငြင်းပွားမှု ဆိတတ်အယ်။
ဆိုးညစ်သောသူလို့နဲ့ လှည့်စားသောသူလို့ဟ သူတပါးဟို လှည့်စားလျက် ကိုယ့်တတ်တိုင်းလည်း လှည့်စားခြင်းဟို ခံရလျက် ပိုယွေ့ ဆိုးရွားသောအဖြစ်ဟို ကျဆင်း သွားကြလိမ့်မယ်။
နှုတ်ကပတ်တရားဟို လိုက်နာကျင့်သုံးသောသူများ ဖြစ်ကြလော့။ မိမိတတ်တိုင်း လှည့်စားယွေ့ ကြားနာသူသက်သက် မဖြစ်ကြနဲ့။
တစုံတယောက်ဟ မိမိကိုယ်ဟို ဘုရားတရား ကြည်ညိုသူဟု ယူဆသော်လည်း မိမိရဲ့ လျှာဟို မထိန်းနိန်ရင် မိမိတတ်တိုင်း လှည့်စားသူဖြစ်အယ်။ သူရဲ့ ဘုရားတရား ကြည်ညိုမှုဟလည်း အလကားကား ဖြစ်အယ်။
ငါလို့ဆိသမျှဟ ရမ်းဆာ့ မားယွင်း တတ်ကြအယ်။ စသူမဆို စကားပြောခြင်းအရာနှိုက် မားယွင်းခြင်း မဆိရင် အဲသူဟ မိမိကိုယ်ခန္ဓာ တခုလုံးဟိုလည်း ချုပ်တည်းနိန်လဲ့ စုံလင်သောသူ ဖြစ်အယ်။
မတရားမှုရဲ့ အဖိုးအခအဖြစ် မတရားသဖြင့် လုပ်ခြင်းဟို ခံရကြလိမ့်မယ်။ သူလို့ဟ နေ့အချိန်နှိုက် သောက်စားပျော်ပါးခြင်းဟို ပျော်ရွင်မှုဟု မှတ်ယူလျက် နင်လို့နဲ့အတူ စားသောက်ခါ မိမိလို့ရဲ့ လှည့်စားမှုလို့ထဲနှိုက် မွေ့လျော်ကြယွေ့ အစွန်းအထင်းနဲ့ အပစ်အနာအဆာများလိုမျိုး ဖြစ်ကြအယ်။
အပစ် မပြုဖူးဟု ငါလို့ဆိုရင် ငါလို့ဟ ဘုရားသခင်ဟို ဝါသောသူဟု ဆိုရာ ရောက်ယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ ငါလို့နှိုက် မဆိ။
ငါလို့ဟ ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ခြင်း ဆိအယ်ဟု ဆိုလျက်နဲ့ မိုက်နှိုက် အသက်ဆှင် ဆော့က်လှမ်းနေကြရင် ငါလို့ဟ ဝါပြောတာ ဖြစ်ယွေ့ သမ္မာတရားဟို ကျင့်သုံးနေကြတာ မဟုတ်။
ဘုရားသခင်ဟို ငါလို့ သိကျွမ်းအယ်ဟု ဆိုလျက် ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို လိုက်နာစောင့်ထိန်းခြင်း မဆိသောသူဟ ဝါသောသူဖြစ်ယွေ့ သမ္မာတရားဟ အဲသူနှိုက် မဆိ။
ဘုရားသခင်ဟို ချစ်တာဟု ဆိုလျက် ညီအကို မောင်နှမဟို မုန်းရင် အဲသူဟ ဝါသောသူဖြစ်အယ်။ မျော်ရသော မိမိညီအကို မောင်နှမဟို မချစ်သောသူဟ မမျော်ရသော ဘုရားသခင်ဟို မချစ်နိန်။
ပစာကို့ သမ္မာတရားဟ ငါလို့တွင် တည်နေလျက် ငါလို့နဲ့အတူ အစဉ်မပြတ်ဆိမယ် ဖြစ်အယ်။
နင်ဟ သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေလဲ့အလျောက် ညီအကို မောင်နှမအချို့လို့ဟ လာယွေ့ နင်နှိုက်ဆိသော သမ္မာတရားအကျောန်းဟို သက်သေခံကြသောအခါ ငါဟ ရမ်းဆာ့ ဝမ်းမြောက်အယ်။