6 ငါလို့ဟ ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ခြင်း ဆိအယ်ဟု ဆိုလျက်နဲ့ မိုက်နှိုက် အသက်ဆှင် ဆော့က်လှမ်းနေကြရင် ငါလို့ဟ ဝါပြောတာ ဖြစ်ယွေ့ သမ္မာတရားဟို ကျင့်သုံးနေကြတာ မဟုတ်။
တရားစီရင်ရာနေ့ ရောက်သောအခါ၊ ‘သခင်၊ သခင် ငါလို့ဟ ကိုယ်တော်ရဲ့ နာမတော်ဟို အမှီပြုယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို ဟောပြောလျက်၊ ကိုယ်တော်ရဲ့ နာမတော်ဟို အမီပြုယွေ့ နတ်ဆိုးများဟို မောင်းထုတ်ပင်း အံ့ဩဖွယ်သောအမှုများဟို ပြုခဲ့ကြအယ် မဟုတ်လော’ ဟု လူအများပင် ငါ့အား ပြောကြားလိမ့်မယ်။
ညအချိန်နှိုက် သွားလာသောသူဟ အလင်းရောင်ဟို မရသောကျောန့် ခလုတ်တိုက်ယွေ့ လဲတတ်အယ်” ဟု မိန့်လေအယ်။
အဲကျောန့် ယေရှုဟလည်း “အလင်းဟ နင်လို့တွင် ခဏသာ ဆိလိမ့်အယ်။ နင်လို့အား မိုက် မလွှမ်းမိုးစေရန် အလင်းဆိစဉ်အခါ သွားလာကြလော့၊ မိုက်နှိုက် သွားလာသောသူဟ မိမိဖယ်နားသွားတာဟို မသိ။
ငါ့ဟို ယုံကြည်သောသူလို့ဟ မိုက်နှိုက် မနေစေရန် ငါဟ အလင်းအဖြစ် ဟေလောကသို့ ကြွလာပီ။
တခါ ယေရှုဟ ဖာရိရှဲလို့အား “ငါဟ လောကရဲ့ အလင်းဖြစ်အယ်၊ ငါ့နောက်ဟို လိုက်သောသူဟ အသက်ရဲ့ အလင်းဟို ရယွေ့ ဖယ်ခါမှ မိုက်တွင် သွားလာရလိမ့်မယ် မဟုတ်” ဟု မိန့်အယ်။
ဘုရားသခင်ဟို နင်လို့ မသိကြသော်လည်း ငါဟတော့ သူ့ဟို သိအယ်။ အေးအဆှင်ဟို ငါမသိဟု ပြောရင် နင်လို့လိုမျိုး ဝါလဲ့သူဖြစ်လိမ့်မယ်။ အဲလိုလဲ ငါဟ အေးအဆှင်ဟို သိယွေ့ သူ့ရဲ့စကားဟိုလည်း ငါနားထောင်အယ်။
မိမိလို့ရဲ့ အသိစိတ်တွင် သံပူခတ်ခြင်း ခံရသလို အသိစိတ် ကင်းမဲ့သော သူတော်ကောင်းယောင်ဆောင်တတ်သူလို့ဟ အဲဩဝါဒများဟို ပေးကြအယ်။
ငါ့ညီအကို မောင်နှမလို့၊ လူတစုံတယောက်ဟ ယုံကြည်အယ်ဟု ဆိုသော်လည်း အကျင့်အားဖြင့် သက်သေမပြနိန်ရင် ပစာ အကျိုးဆိမှာလုန်း။ အဲယုံကြည်ခြင်းဟ သူ့အား ကယ်တင်နိန်မှာလုန်း။
နင်လို့ထဲမှ တစုံတယောက်ဟ “ငြိမ်းချမ်းစွာ သွားကြလော့။ နွေးထွေးစွာ နေယွေ့ ဝလင်စွာ စားကြလော့” ဟု သူလို့အား ဆိုလျက် သူလို့ရဲ့ ကိုယ်ခန္ဓာအတွက် လိုအပ်သောအရာများဟို မပေးဘဲနေရင် စလို အကျိုးဆိမှာလုန်း။
အားပေမဲ့ “နင်နှိုက် ယုံကြည်ခြင်း ဆိယွေ့ ငါနှိုက် လုပ်ဆောင်မှု ဆိအယ်” ဟု အချို့သောသူဟ ပြောဆိုလိမ့်မယ်။ အဲလိုမို့ အကျင့်ကင်းသော နင်ရဲ့ ယုံကြည်ခြင်းဟို ငါ့အား ပြလော့။ ငါဟလည်း ငါရဲ့ အကျင့်အားဖြင့် ငါရဲ့ ယုံကြည်ခြင်းဟို နင့်အား ပြမယ်။
အပစ် မပြုဖူးဟု ငါလို့ဆိုရင် ငါလို့ဟ ဘုရားသခင်ဟို ဝါသောသူဟု ဆိုရာ ရောက်ယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ ငါလို့နှိုက် မဆိ။
ငါလို့ မျော်ရ ကြားရသောအရာဟို နင်လို့အား ပြောကြားရခြင်းမှာ နင်လို့ဟလည်း ငါလို့နဲ့ မိတ်သဟာယဖွဲ့ခြင်းဟ ခမည်းတော်နဲ့ လည်းကောင်း၊ သူ့ရဲ့ သားတော် ယေရှု ခရစ်တော်နဲ့ လည်းကောင်း မိတ်သဟာယ ဖွဲ့ခြင်း ဖြစ်အယ်။
ငါလို့နှိုက် အပစ်မဆိဟု ငါလို့ဆိုရင် ငါလို့ဟ ကိုယ့်တတ်တိုင်း လှည့်စားနေတာ ဖြစ်ယွေ့ သမ္မာတရားဟ ငါလို့နှိုက် မဆိ။
ဘုရားသခင်ဟို ငါလို့ သိကျွမ်းအယ်ဟု ဆိုလျက် ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို လိုက်နာစောင့်ထိန်းခြင်း မဆိသောသူဟ ဝါသောသူဖြစ်ယွေ့ သမ္မာတရားဟ အဲသူနှိုက် မဆိ။
ဘုရားသခင်ဟို ချစ်တာဟု ဆိုလျက် ညီအကို မောင်နှမဟို မုန်းရင် အဲသူဟ ဝါသောသူဖြစ်အယ်။ မျော်ရသော မိမိညီအကို မောင်နှမဟို မချစ်သောသူဟ မမျော်ရသော ဘုရားသခင်ဟို မချစ်နိန်။