12 ဟေနည်းအားဖြင့် နင်လို့ဟ မိမိလို့ ညီအကိုများအား ပစ်မားယွေ့ သူလို့ရဲ့ အားနည်းသော ဩတ္တပ္ပစိတ်ဟို ထိခိုက်စေခြင်းအားဖြင့် ခရစ်တော်ဟိုလည်း ပစ်မားရာ ရောက်လိမ့်မယ်။
“နင်လို့ဟ ဟေလူပဲ့သူငယ်ထဲမှ တစုံတယောက်ဟို မထီမဲ့မြင် မလုပ်မိစေဖို့ သတိထားကြလော့။ နင်လို့အား ငါပြောတာဟ၊ သူလို့ရဲ့ ခေါန်းခင်တမန်များဟ ခေါန်းခင်ဘုံဆှင် ငါ့ခမည်းတော်ရဲ့ မျက်မှောက်နှိုက် အမြဲတမ်း ခစားလျက် ဆိကြအယ်။
အဲပင်းရင် ပေတရုဟ ယေရှုဆေဟို လာယွေ့ “သခင်ဘုရား၊ ငါရဲ့ ညီအကိုဟ ငါ့ဟို ပစ်မားရင် သူ့အား ဖယ်နေကြိမ်လောက် ခွင့်လွှတ်ရမလုန်း။ ခုနေကြိမ် တိုင်အောန်လော” ဟု မေးဆှောက်အယ်။
“ငါ့ဟို ယုံကြည်လဲ့ လူပဲ့သငယ် တစုံတယောက်အား ယုံကြည်ခြင်း မားစေသူဟ လည်ပင်းတွင် ကြိတ်ဆုံကျောက်ကြီးဟို ဆွဲလျက် ပင်လယ်နက်ထဲဟို အချခံရရင် သူ့အဖို့ ပိုပင်း ကောင်းအယ်။
ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန်ပြောတာဟ ငါရဲ့ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူ တယောက်အား နင်လို့ ပြုခဲ့သမျှဟ ငါ့အား ပြုခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။
ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန် ပြောတာဟ သိမ်ငယ်သည့် ဟေသူများအနက် တစုံတယောက်သောသူဟို နင်တို့ မပြုမစုဘဲနေခဲ့သမျှဟ ငါ့ဟို မပြုမစုဘဲ နေခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။
“ငါ့ဟို ယုံကြည်သော ဟေလူပဲ့သငယ် တစုံတယောက်ဟ တစုံတယောက်ဟို မားယွင်းစေရင်၊ သူလို့ရဲ့ လည်ပင်းနှိုက် ကြိတ်ဆုံကြီးဟို ဆွဲထားပင်း ပင်လယ်ထဲဟို လောချရင် သူလို့အတွက် ပိုကောင်းလိမ့်မယ်။
အေးသူဟ ဟေလူပဲ့သငယ် တဦးတယောက်ဟို လမ်းမားစေမဲ့အစား လည်ဖင်းတွင် ကြိတ်ဆုံကျောက်ကြီးဟို ဆွဲယွေ့ ပင်လယ်ထဲဟို လောချခံရခြင်းဟ သူ့အတွက် သာယွေ့ ကောင်းအယ်။
ဘုရားသခင်ရဲ့ အမှုတော်ဟို အစားအစာကျောန့် မဖျက်ဆီးနဲ့။ အစားအစာအားလုံး သန့်ဆှင်းပေမဲ့လည်း အေးအစားအစာများဟို စားသုံးခြင်းဖြင့် သူတပါးအား မှောက်မားစေသူနှိုက် အဆိုး ဖြစ်အယ်။
ခရစ်တော်ဟ အင်္ဂါအစိတ်အပိုင်းများဆိလဲ့ ကိုယ်ခန္ဓာနဲ့ တူအယ်။ ကိုယ်ခန္ဓာဟ အင်္ဂါအစိတ်အပိုင်းအများ ဆိသော်လည်း တကိုယ်တည်းသာ ဖြစ်အယ်။