3 ငါလို့ဟ ခေါန်းခင်တမန်လို့ဟို တရားစီရင်မယ်ဟု မသိကြသလော။ အဲလိုမို့ လောကီအမှုဟို ပိုယွေ့ စီရင်ထိုက်တာ မဟုတ်လော။
“အေးနောက် ဘုရင်ဟ လက်ဝဲဘက်နှိုက်ဆိသော သူလို့အား ‘ကျိန်ဆဲခြင်း ခံရသောသူလို့ ငါ့ဆေမှ ထွက်သွားကြလော့၊ မာရ်နတ်နဲ့ သူ့ခေါန်းခင်တမန်များအတွက် ပြင်ဆင်ထားလဲ့ ထာဝရမီးထဲဟို ဆင်းသက်ကြလော့။
“နင်လို့ဟ ကိုယ်ကိုကိုယ် သတိပြုကြလော့။ အေးလို့မဟုတ် အစားသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နေလုံး ပင်ပန်းလျက်နေစဉ် အဲနေ့ရက်ဟ အမှတ်တမဲ့ နင်လို့ဆေ ရောက်လာလိမ့်မယ်။
ဆူးတောတွင် ကျသောအစေ့များဟ သတင်းစကားဟို ကြားပင်းနောက် စိုးရိမ်ခြင်းများ၊ ချမ်းသာကြွယ်ဝမှုများ၊ ကာမဂုဏ် ခံစားခြင်းလို့ဟ နှိပ်စက်သဖြင့် အသီးမသီးနိန်သော အသက်တာဆိသောသူများဟို ဆိုလိုအယ်။
နင်လို့ဟ တစုံတဦးအား မိမိတတ်တိုင်း ဆက်သယွေ့ ကျွန်အဖြစ် နာခံရင် နင်လို့ဟ နင်လို့နာခံသော ကျွန်ဖြစ်ကြပင်း သေခြင်းဟို ရောက်စေလဲ့ အပစ်ရဲ့ ကျွန် အဲဟာမဟုတ်ရင် ဖြောင့်မတ်ခြင်းဟို ရောက်စေလဲ့ နာခံမှုရဲ့ ကျွန်ဖြစ်တတ်အယ်ဟု နင်လို့ မသိကြသလော။
နင်လို့ ကိုယ်ခန္ဓာများဟ ခရစ်တော်ရဲ့ ကိုယ်အင်္ဂါများဖြစ်တာဟို မသိကြသလော။ ငါဟ ခရစ်တော်ရဲ့ ကိုယ်အင်္ဂါဟို ယူယွေ့ ပြေ့တန်ဆာမရဲ့ ကိုယ်အင်္ဂါဖြစ်စေမယ်လော။ မဖြစ်စေနိန်။
ပြေ့တန်ဆာမနဲ့ ဆက်ဆံသောသူဟ ပြေ့တန်ဆာမနဲ့ တသားတကိုယ်တည်း ဖြစ်တာဟို နင်လို့ မသိကြသလော။ အကျောန်းမှာ “အဲသူနေယောက်လို့ဟ တသားတကိုယ်တည်း ဖြစ်ကြလိမ့်မယ်” ဟု ဆိုအယ်။
နင်လို့ ကိုယ်ခန္ဓာဟ ဘုရားသခင် ပေးသနားသော ဝိညာဉ်တော် တည်းဟူသော၊ နင်လို့အထဲနှိုက် ကျိန်းဝပ်ယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ ဗိမာန်တော် ဖြစ်ကျောန်းဟို နင်လို့ မသိကြသလော။ နင်လို့တတ်တိုင်းဟို နင်လို့ မပိုင်၊ အားပေမဲ့ ဘုရားသခင်ဟ ပိုင်အယ်။
အဲအမှုကိစ္စမျိုး ပေါ်ပေါက်လာသောအခါ အသင်းတော်နဲ့ စလိုမျှ မသက်ဆိုင်သူများအား စီရင် ဆုံးဖြတ်စေကြမယ်လော။
စစ်မှုထမ်းသောသူတယောက်ဟ စစ်သူရဲအရာနှိုက် မိမိဟို ခန့်ထားသောသူအား နှစ်သက်စေရန် လောကီရေးရာနဲ့ ပတ်သက်ရှုပ်ထွေးခြင်းဟို ပယ်ဆှားတတ်အယ်။
ဒေမဟ ဟေလောကဟို စွဲလမ်းသဖြင့် ငါ့ဟို စွန့်ခွာယွေ့ သက်သာလောနိတ်မြို့ဟို ထွက်ခွာသွားလေပီ။ ကရက္ကေဟ ဂလာတိပြေ လည်းကောင်း၊ တိတုဟ ဒါလမာတိပြေဟို လည်းကောင်း သွားကြပီ။
အကျောန်းမှာ ဘုရားသခင်ဟ အပစ်လုပ်လဲ့ ခေါန်းခင်တမန်များဟို မညှာတာဘဲ ငရဲထဲဟို ပစ်ချယွေ့ မိုက်ခြင်းရဲ့ သံကြိုးဖြင့် တုတ်ချေကာ တရားစီရင်ခြင်း နေ့အထိ ထိန်းသိမ်းထားအယ်။
အေးအပြင် မိမိလို့ရဲ့ မူလအခွင့်အာဏာဟို မထိန်းသိမ်းဘဲ မိမိလို့နေရာ အရပ်ဟို စွန့်ခွာသွားကြလဲ့ ခေါန်းခင်တမန်များအား တရားစီရင်ရာ နေ့ကြီးအတွက် ထာဝရ တုတ်ချေခြင်းအားဖြင့် မိုက်ခြင်းအောက်နှိုက် ထိန်းသိမ်းထားအယ်။