Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ ကောရိန္သု 5:8 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

8 အဲလိုမို့ အပစ်ဒုစရိုက်နဲ့ မကောင်းသောအကျင့် တည်းဟူသော တဆေးဟောင်းပါလဲ့ မုန့်နဲ့ မဟုတ်ဘဲ ဖြူစင်ခြင်းနဲ့ သမ္မာတရား တည်းဟူသော တဆေးမုန့်နဲ့ ပသခါပွဲတော်ဟို ကျင်းပကြစို့။

Faic an caibideil Dèan lethbhreac




၁ ကောရိန္သု 5:8
34 Iomraidhean Croise  

အဲပင်းရင် တဘဲ့တော်လို့ဟ မုန့်လုပ်တဆေးဟို ဆှောင်ရန် ပြောတာ မဟုတ်ဘဲ ဖာရိရှဲနဲ့ ဇဒ္ဒုကဲလို့ရဲ့ သွန်သင်ချက်များဟို မလိုက်နာရန် ကိုယ်တော် သတိပေးကျောန်း နားလည်ကြအယ်။


ယေရှုဟ သူလို့အား “ဖာရိရှဲနဲ့ ဇဒ္ဒုကဲလို့ရဲ့ တဆေးဟို သတိနဲ့ ဆှောင်ကြလော့” ဟု မိန့်အယ်။


ယေရှုဟ “ဂရုစိုက်မန့်” ဟု သူလို့အား သတိပေးအယ်၊ “နင်လို့ဟာ ဖာရိရှဲများရဲ့ တဆေးနဲ့ ဟေရုဒ်ရဲ့ တဆေးဟို သတိနဲ့ ဆှောင်ကြလော့” ဟု မိန့်အယ်။


ထောင်ပေါင်းများစွာသော လူအုပ်ကြီးများလို့ဟ အတူတူစုသောကျောန့် အချင်းချင်း တက်နင်းမိကြအယ်၊ ယေရှုဟ တဘဲ့တော်လို့ဟို ပထမဦးဆုံး “ဖာရိရှဲလို့ရဲ့ တဆေးဟို သတိနဲ့ ဆောင်ကြဟု မိန့်အယ် — ဆိုလိုတာဟ သူလို့ဟ သူတော်ကောင်းယောင်ဆောင်ထားသောကျောန့် ဖြစ်အယ်။


ယေရှုဟ သူ့ဆေဟို နာသနေလ လာနေတာ မျော်သောအခါ သူဟ “ဟေမှာ ဣသရေလအမျိုးသားစစ် ဖြစ်အယ်၊ သူ့တွင် ပစာအမားမျှ မဆိမန့်” လို့ ကိုယ်တော်အကျောန်းဟို ပြောအယ်။


နင်လို့ဟ လောကီသားများ အဆင့်တန်းနှိုက်သာ နေကြသေးအယ်။ အချင်းချင်း မနာလိုလျက်၊ ရန်ဖြစ်လျက် နေကြတာဟ လောကီသား အဆင့်အတန်းနှိုက်ပင် နင်လို့ ဆိကြသေးယွေ့ မဟုတ်လော၊ လောကီထုံးစံအတိုင်း ကျင့်ကြံနေကြတာ မဟုတ်လော။


မယုံကြည်သူများပင် ပြုကျင့်မယ် မဟုတ်လဲ့ ကာမဂုဏ်လိုက်စားမှု နင်လို့အထဲတွင် ဆိနေကျောန်းဟို ငါမယုံနိန်အောန် ကြားသိရအယ်။ လူတယောက်ဟ မိမိရဲ့ မိထွေးနဲ့ပေါင်းသင်း နေထိန်လျက်ဆိတာဟို ငါ ကြားသိရအယ်။


နင်လို့ရဲ့ ဝါကြွားခြင်းဟ ကောင်းတာ မဟုတ်။ “ကတစ်ဆိသော တဆေးဟ မုန့်စိမ်းတပုံးလုံးဟို ဖောင်းကြွစေတတ်တာဟို မသိကြသလော။”


ငါလို့ ဩတ္တပ္ပစိတ်ဟ သက်သေခံယွေ့ ဂုဏ်ယူဝါကြွားစရာ တခုဟ ဟေလောကနှိုက် အသက်ဆှင်စဉ်၊ အထူးသဖြင့် နင်လို့နဲ့ ဆက်ဆံရာတွင် လူသားလို့ရဲ့ အသိဉာဏ်ဟို အမှီမပြုဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော် တန်ခိုးဟို သာလျှင် အမှီပြုယွေ့ ငါလို့ဟ ဘုရားသခင် ပေးသနားသော ရိုးသားမှုနဲ့ ပွင့်လင်းစွာ ပြုမူကျင့်ကြံခြင်းပင် ဖြစ်အယ်။


ငါလို့ဟ ဆေးပေါသော ကုန်သွယ်အဖြစ် ဘုရားသခင်ရဲ့ သတင်းစကားဟို ကိုင်တွယ်ဆောင်ရွက်သော အခြားသောသူများနဲ့ မတူဘဲ ဘုရားသခင်ဟ ငါလို့အား စေလွှတ်သောကျောန့်၊ ခရစ်တော်ရဲ့ အစေခံများ အဖြစ်၊ ငါလို့ဟ သူရဲ့ အထံတော်နှိုက် စိတ်ရင်းမန်ဖြင့် ပြောဆိုကြအယ်။


အဲသို့ပြောတာဟ ပညတ်ချက်အနေဖြင့် ငါဆိုတာ မဟုတ်။ အားပေမဲ့ အခြားသောသူလို့ရဲ့ စိတ်အားထက်သန်မှုအားဖြင့် နင်လို့ မေတ္တာရဲ့ စစ်မန်မှုဟို စစ်ဆေးနေခြင်း ဖြစ်အယ်။


ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို မဖောက်ပြန်သော မေတ္တာဖြင့် ချစ်သောသူအပေါင်းလို့နှိုက် ကျေးဇူးတော် သက်ရောက်ပါစေသော။


အေးဟာဟ လောကတွင် အသက်ဆှင်ရမဲ့ ကျန်ဆိသေးသော အချိန်ကာလဟို လူလို့ရဲ့ တပ်မက်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် အသက်ဆှင်နိန်ရန် ဖြစ်အယ်။


Lean sinn:

Sanasan


Sanasan