8 မျိုးစေ့ဟို စိုက်သူနဲ့ ယေလောင်းသူလို့ဟ တန်းတူရည်တူ ဖြစ်ကြအယ်။ ဘုရားသခင်ဟ သူလို့ဟို မိမိလို့ရဲ့ အားထုတ်မှုနဲ့အညီ အကျိုးဟို ခံစားစေလိမ့်မယ်။
အကျောန်းမှာ လူသားဟ မိမိအဖရဲ့ ဘုန်းအသရေဟို ဆောင်လျက် ခေါန်းခင်တမန်များနဲ့ အတူ ကြွလာလိမ့်မယ်။ အဲအခါ လူအပေါင်းလို့အား မိမိလို့ရဲ့ အကျင့်အလျောက် အကျိုးအပစ်ဟို ဆပ်ပေးလိမ့်မယ်။
သခင်ဟ ‘နင်ဟ မြို့ကြီးငါးမြို့ဟို အုပ်ချုပ်လော့’ ဟု ပြောအယ်။
ဘုရားသခင်ဟ လူအယောက်စီတိုင်းဟို မိမိလို့ လုပ်ခဲ့လဲ့အရာအတိုင်း အကျိုးအပစ်ဟို ပေးလိမ့်မယ်။
အဲလိုမို့ ချစ်သော ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရားနှိုက် နင်လို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟ အလကားကား မဖြစ်ကျောန်း သိမှတ်ယွေ့ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိဘဲလျက် သခင်ဘုရားရဲ့ အမှုတော်ဟို နင်လို့တတ်တိုင်း ပြေ့စုံစွာ အစဉ်အမြဲ ကြိုးစားအားထုတ်ကြလော့။
တိုက်မြစ်ပေါ်တွင် တည်ဆောက်လဲ့အရာဟို အဲမီးရဲ့ ဒဏ်ဟို ခံနိန်ရင် တည်ဆောက်သူဟ အကျိုးဟို ခံရလိမ့်မယ်။
မျိုးစေ့ဟို စိုက်သူနဲ့ ယေလောင်းသူဟ အဓိက မဟုတ်။ အပင်ဟို ကြီးထွားစေသောသူ ဘုရားသခင်သာလျှင် အဓိက ဖြစ်အယ်။
အကျောန်းမှာ ငါလို့ဟ ဘုရားသခင်အတွက် အလုပ်လုပ်သောသူချင်း ဖြစ်ကြအယ်။ နင်လို့ဟ ဘုရားသခင်ရဲ့ ဥယျာဉ်တော် ဖြစ်ကြအယ်။ နင်လို့ဟ ဘုရားသခင်ရဲ့ ကျောင်းတော်တိုက်လည်း ဖြစ်အယ်။
အကျောန်းမှာ ခရစ်တော်နှိုက် နင်လို့ဟို သင်ကြားပေးသောသူ ၁၀,၀၀၀ ဆိသော်လည်း အဖဟ တဦးတည်း ဖြစ်အယ်။ ငါဟ သတင်းကောင်းဟို နင်လို့ဆေ ဦးရင် ဟောပြောလာလဲ့အတွက် ငါဟ ခရစ်တော်နှိုက် နင်လို့ရဲ့ အဖ ဖြစ်အယ်။
စသူဟ မိမိရဲ့ စရိတ်ဖြင့် စစ်မှုထမ်းဖူးလုန်း။ စသူဟ စပျစ်ခြံဟို စိုက်ပျိုးပင်း အေးရဲ့ အသီးဟို မစားဘဲ နေရလုန်း။ စသူဟ သိုးဟို ထိန်းကျောင်းပင်း အေးသိုးရဲ့ နို့ဟို မသောက်ဘဲ နေလုန်း။
တယောက်စီတိုင်း ကိုယ့်အကျင့်စရိုက်ဟို စစ်ဆေးသင့်တယ်။ အဲပင်းရင် နင်တတ်တိုင်း လုပ်ခဲ့တဲ့အတွက် ဂုဏ်ယူနိန်ပင်း သူများလုပ်ထားတာတွေနဲ့ နှိုင်းယှဉ်စရာ လိုဝူး။
အကျောန်းမှာ တယောက်ချင်းစီအတွက် ကိုယ့်ဝန်ကိုယ် ထမ်းရမယ်။
အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ရဲ့ လုပ်ဆောင်မှုဟို လည်းကောင်း၊ သန့်ဆှင်းသူလို့ဟို မခင်ဟ နင်လို့ လုပ်ကျွေးပြုစုသလို အခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်ရဲ့ နာမတော်ဟို ထောက်ယွေ့ နင်လို့ပြသော ချစ်ခြင်းမေတ္တာလို့ဟို လည်းကောင်း၊ မေ့လျော့လဲ့တိုင်အောန် တရားမျှတမှု ကင်းမဲ့တာ မဟုတ်။
အေးလို့လုပ်ရင် သိုးထိန်းကြီး ပေါ်လာသောအခါ မှေးမှိန်ခြင်း မဆိသော ဘုန်းအသရေနဲ့ပြေ့စုံလဲ့ သရဖူဟို နင်လို့ ရဆိလိမ့်မယ်။
နင်လို့ဟ ငါလို့ လုပ်ဆောင်ခဲ့သောအရာဟို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူးဟို အပြေ့အဝ ခံစားရစေရန် မိမိလို့ ကိုယ်ဟို သတိပြုကြလော့။
သူရဲ့ လူပဲ့သငယ်လို့ဟိုလည်း သေဘေးဖြင့် ငါ အဆုံးစီရင်မယ်။ အဲအခါ ငါဟ စိတ်နေလုံးနဲ့ အတွင်းသဘောဟို စစ်ဆေးသောသူဖြစ်ကျောန်း အသင်းတော်အားလုံး သိရကြလိမ့်မယ်။ နင်လို့အသီးသီးဟိုလည်း မိမိလို့ ပြုသောအမှုများနဲ့အညီ အကျိုးအပစ်ဟို ငါ ပေးမယ်။
ယေရှုဟ “ကျေ့လော့၊ ငါဟ အလျင်အမြန် လာမယ်။ ငါပေးမဲ့ အကျိုးအပစ်ဟို ယူဆောင်လာယွေ့ လူအသီးသီးလို့အား မိမိလို့ ပြုသောအမှုအတိုင်း ငါဆပ်ပေးမယ်။