Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ ကောရိန္သု 3:16 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

16 နင်လို့ဟ ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်ပင်း၊ နင်လို့အထဲနှိုက် ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ ကျိန်းဝပ်တာဟို မသိကြသလော။

Faic an caibideil Dèan lethbhreac




၁ ကောရိန္သု 3:16
24 Iomraidhean Croise  

သူဟ ဘုရားသခင်အကျောန်းဆိုင်ရာ သမ္မာတရားဟို ဖော်ပြသော ဝိညာဉ်တော် ဖြစ်အယ်။ လောကီသားလို့ဟ အေးဝိညာဉ်တော်ဟို မျော်လည်း မမျော်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ အဲလိုလဲ ဝိညာဉ်တော်ဟ နင်လို့နဲ့အတူ တည်နေယွေ့ နင်လို့နှိုက် ဆိသောကျောန့် နင်လို့ သိကြအယ်။


နင်လို့ဟ တစုံတဦးအား မိမိတတ်တိုင်း ဆက်သယွေ့ ကျွန်အဖြစ် နာခံရင် နင်လို့ဟ နင်လို့နာခံသော ကျွန်ဖြစ်ကြပင်း သေခြင်းဟို ရောက်စေလဲ့ အပစ်ရဲ့ ကျွန် အဲဟာမဟုတ်ရင် ဖြောင့်မတ်ခြင်းဟို ရောက်စေလဲ့ နာခံမှုရဲ့ ကျွန်ဖြစ်တတ်အယ်ဟု နင်လို့ မသိကြသလော။


အကျောန်းမှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်ရန် နှစ်ခြင်းဟို ခံသောအခါ၊ သူရဲ့ အသေခံခြင်းနှိုက် ငါလို့ နှစ်ခြင်းခံခြင်းဖြင့် တလုံးတဝတည်းဖြစ်ကျောန်းဟို နင်လို့ အမန်ပင် သိကြအယ်။


ယေရှုဟို သေခြင်းမှ ထမြောက်စေသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အထဲနှိုက် အသက်ဆှင်ရင် ခရစ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသော အဆှင်ဟ နင်လို့ အထဲနှိုက် ကျိန်းဝပ်သော သူရဲ့ ဝိညာဉ်တော်အားဖြင့် သေတတ်သော နင်လို့ရဲ့ ခန္ဓာကိုယ်ဟိုလည်း အသက်ဆှင်စေလိမ့်မယ်။


အဲလိုလဲ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အထဲနှိုက် ကျိန်းဝပ်ရင် နင်လို့ဟ ဇာတိပကတိဘက်နှိုက် အသက်မဆှင်။ အဲအစား ဝိညာဉ်တော်ရဲ့ လှုံ့ဆော်လဲ့အတိုင်း ပြုမူကျင့်ကြံကြအယ်။ ခရစ်တော်ရဲ့ ဝိညာဉ်တော်ဟို မရသောသူဟ ကိုယ်တော်နဲ့ မဆိုင်။


ဘုရားသခင်ရဲ့ ဗိမာန်တော်ဟို ဖျက်ဆီးသောသူဟို ဘုရားသခင် ဖျက်ဆီးလိမ့်မယ်။ အကျောန်းမှာ ဘုရားသခင်ရဲ့ ဗိမာန်တော်ဟ သန့်ဆှင်းမြင့်မြတ်ယွေ့ နင်လို့တတ်တိုင်းပင် ကိုယ်တော်ရဲ့ ဗိမာန်တော် ဖြစ်ကြအယ်။


အကျောန်းမှာ ငါလို့ဟ ဘုရားသခင်အတွက် အလုပ်လုပ်သောသူချင်း ဖြစ်ကြအယ်။ နင်လို့ဟ ဘုရားသခင်ရဲ့ ဥယျာဉ်တော် ဖြစ်ကြအယ်။ နင်လို့ဟ ဘုရားသခင်ရဲ့ ကျောင်းတော်တိုက်လည်း ဖြစ်အယ်။


နင်လို့ရဲ့ ဝါကြွားခြင်းဟ ကောင်းတာ မဟုတ်။ “ကတစ်ဆိသော တဆေးဟ မုန့်စိမ်းတပုံးလုံးဟို ဖောင်းကြွစေတတ်တာဟို မသိကြသလော။”


ပြေ့တန်ဆာမနဲ့ ဆက်ဆံသောသူဟ ပြေ့တန်ဆာမနဲ့ တသားတကိုယ်တည်း ဖြစ်တာဟို နင်လို့ မသိကြသလော။ အကျောန်းမှာ “အဲသူနေယောက်လို့ဟ တသားတကိုယ်တည်း ဖြစ်ကြလိမ့်မယ်” ဟု ဆိုအယ်။


နင်လို့ ကိုယ်ခန္ဓာဟ ဘုရားသခင် ပေးသနားသော ဝိညာဉ်တော် တည်းဟူသော၊ နင်လို့အထဲနှိုက် ကျိန်းဝပ်ယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ ဗိမာန်တော် ဖြစ်ကျောန်းဟို နင်လို့ မသိကြသလော။ နင်လို့တတ်တိုင်းဟို နင်လို့ မပိုင်၊ အားပေမဲ့ ဘုရားသခင်ဟ ပိုင်အယ်။


ဆိုးညစ်သောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေမခံရတာဟို နင်လို့မသိကြသလော။ အလွဲမယူကြနဲ့၊ မတရားသောမေထုန်နှိုက် မှီဝဲသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သူ့မယားဟို ပစ်မားသောသူ၊ ယောက်ျားချင်း မေထုန်ဟို ပြုသောသူ၊


ဗိမာန်တော်တွင် အမှုဆောင်ရွက်သောသူများဟ ဗိမာန်တော်မှ အစားအစာဟို ရကြပင်း၊ ယဇ်ပူဇော်ခြင်း ဆောင်ရွက်သောသူလို့လည်း ယဇ်ပလ္လင်မှ ဝေစုဟို ရကြတာဟို နင်လို့ မသိကြသလော။


အပြေးပြိုင်ပွဲတွင် လူအများ ဝင်ရောက် ယှဉ်ပြိုင်သော်လည်း တယောက်တည်းသာလျှင် ဆုဟို ရဆိကျောန်း နင်လို့ သိကြအယ်။ အဲလိုမို့ နင်လို့ဟ ဆုဟို ရမည့်အကျောန်း ပြေးကြလော့။


ဘုရားသခင်ရဲ့ ဗိမာန်တော်နဲ့ ရုပ်တုလို့ အကြားနှိုက် စလိုသဘောတူညီမှု ဆိတုန်း။ ငါလို့ဟ အသက်ဆှင်သော ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်ကြအယ်။ ဘုရားသခင်တတ်တိုင်း မိန့်လဲ့အတိုင်း၊ “ငါဟ ငါရဲ့ လူလို့တွင် ကျိန်းဝပ်ပင်း သူလို့ထံတွင် စံနေအယ်၊ ငါဟ သူလို့ရဲ့ ဘုရားသခင် ဖြစ်ယွေ့ သူလို့ဟလည်း ငါရဲ့ လူမျိုး ဖြစ်လိမ့်မယ်။”


ငါ နှောင့်နှေးကြန့်ကြာနေခဲ့ရင် သမ္မာတရားရဲ့ မဏ္ဍိုင်နဲ့ အုတ်မြစ်ဖြစ်လဲ့ အသက်ဆှင်သော ဘုရားသခင်ရဲ့ အသင်းတော် တည်းဟူသော ဘုရားသခင်ရဲ့ အိုင်တော်တွင် စလို ပြုမူကျင့်ကြံသင့်တာဟို နင်သိဆိနိန်ရန် ဖြစ်အယ်။


နင်နှိုက် အပ်ထားလဲ့ ကောင်းမြတ်သောအရာဟို ငါလို့နှိုက် ကိန်းဝပ်လဲ့ သန့်ဆှင်းသော ဝိညာဉ်တော် တန်ခိုးအားဖြင့် စောင့်ဆှောက်လော့။


ခရစ်တော်မှာ သားတော်အဖြစ် ဘုရားသခင်ရဲ့ အိုင်တော်အပေါ် သစ္စာဆိအယ်။ ငါလို့ဟ ယုံကြည်စိတ်ချခြင်းနဲ့ မျော်လင့်ခြင်းနှိုက် ဂုဏ်ယူဝါကြွားခြင်းလို့ဟို စွဲကိုင်ထားရင် ဘုရားသခင်ရဲ့ အိုင်တော် ဖြစ်အယ်။


ဖောက်ပြန်သောသူလို့၊ လောကနဲ့ မိတ်ဖွဲ့ခြင်းဟ ဘုရားသခင်ဟို ရန်ဘက်ပြုခြင်း ဖြစ်ကျောန်း နင်လို့ မသိကြသလော။ အဲကျောန့် လောကရဲ့ မိတ်ဆွေ ဖြစ်လိုသောသူဟ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်အယ်။


နင်လို့တတ်တိုင်းလည်း အသက်ဆှင်သော ကျောက်လိုမျိုး ဝိညာဉ်ရေးဆိုင်ရာ အိုင်အဖြစ် တည်ဆောက်ခြင်းဟို ခံကြလော့။ ဟေဟာဟ နင်လို့သည် သန့်ဆှင်းသော ယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင် နှစ်သက်လက်ခံသော ဝိညာဉ်ရေးဆိုင်ရာ ယဇ်များဟို ယေရှု ခရစ်တော်အားဖြင့် ပူဇော်နိန်ရန် ဖြစ်အယ်။


ဘုရားသခင်ဟို စသူမျှ မမျော်ဖူး၊ အားပေမဲ့ ငါလို့ အချင်းချင်း ချစ်ကြရင် ဘုရားသခင်ဟ ငါလို့နှိုက် တည်ယွေ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ပြေ့စုံအယ်။


Lean sinn:

Sanasan


Sanasan