8 လောကီမင်းလို့အနက် စသူမျှ ဟေဉာဏ်ပညာအကျောန်းဟို မသိနားမလည်ကြ။ သူလို့ဟ သိခဲ့ရင် သူလို့ဟ ဘုန်းကြီးသော သခင်ဘုရားဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ကြမယ် မဟုတ်။
အဲအချိန်တွင် ယေရှုဟ “ခေါန်းခင်နဲ့ မြေကြီးရဲ့ အဆှင်သခင်ဖြစ်သော အဖ၊ ကိုယ်တော်ဟ အသိပညာဆှင်များအား သိခွင့်မပေးဘဲထားလဲ့အရာများဟို ပညာမဲ့သူလို့အား ဖွင့်ပြသဖြင့် ကျေးဇူးတော်ဟို ချီးမွန်းအယ်။
ဆူးပင်တွင် ကြဲခြင်းခံရတာဟ တရားစကားဟို ကြားသော်လည်း ဟေဖဝါ့ စိုးရိမ်ကျောန့်ကြမှုများနဲ့ စည်းစိမ်ချမ်းသာ ခံစားလိုမှုများဟ တရားတော်မျိုးစေ့ဟို လွှမ်းမိုးသဖြင့် စလိုမျှ အသီးမသီးနိန်သောသူလို့ဟို ဆိုလိုအယ်။
ယေရှုဟ “တို့ဖ၊ အဲသူလို့အပစ်ဟို ဖြေလွှတ်ပေးပါ။ သူလို့ဟ မိမိလို့လုပ်နေလဲ့အမှုဟို မသိကြပါ” ဟု မြွက်ဆိုလေအယ်။ သူလို့ဟ ကိုယ်တော်ရဲ့ အဝတ်များဟို မဲနှိုက်ယွေ့ အချင်းချင်း ခွဲယူကြအယ်။
သူလို့ဟ ခမည်းတော် အဲဟာမဟုတ်ရင် ငါ့ဟို မသိကြသောကျောန့် ဟေသို့ နင်လို့အား ပြုကြလိမ့်မယ်။
ခေါင်းဆောင်လို့ အဲဟာမဟုတ်ရင် ဖာရိရှဲလို့တွင် သူ့ဟို ယုံကြည်ခဲ့သောသူ တဦးတယောက် ဆိသလော။
အဲသူလို့ဟ “နင်ရဲ့ ခမည်းတော်ဟ ဖယ်နားမှာ ဆိတုန်း” ဟု မေးကြအယ်။ ယေရှုဟ “နင်လို့ဟ ငါ့ဟိုလည်းကောင်း၊ ငါ့ခမည်းတော်ဟိုလည်းကောင်း မသိကြ၊ ပစာကို့ နင်လို့ဟ ငါ့ဟို သိရင် ငါ့ခမည်းတော်ဟိုလည်း သိကြလိမ့်မယ်” ဟု မိန့်အယ်။
အကျောန်းမှာ ယေရုရှလင်မြို့တွင် နေထိန်ကြသော လူများနဲ့ သူလို့ရဲ့ ခေါင်းဆောင်များမှာ ကိုယ်တော်ဟ ကယ်တင်ဆှင်ဖြစ်ကျောန်းဟို မသိကြ၊ ဥပုသ်နေ့တိုင်း ဖတ်ကြလဲ့ ပရောဖက်လို့ရဲ့ စကားဟိုလည်း နားမလည်ကြ။ အဲလိုလဲ ယေရှုဟို သေဒဏ် စီရင်ကြခြင်းအားဖြင့် အဲသူလို့ဟ ပရောဖက်များရဲ့ စကားများဟို ပြေ့စုံလာစေအယ်။
သတေဖန်ဟ၊ “ညီအကိုလို့နဲ့ အဖလို့ ငါ့စကားဟို နားထောင်ကြလော့၊ ငါလို့အဖ အာဗြဟံဟ ခါရန်မြို့နှိုက် မနေခင်၊ မေသောပေါတာမိပြေတွင် ဆိခါ၊ ဘုရားသခင်ရဲ့ ဘုန်းတော်ဟ သူ့ဆေမှာ ပေါ်လာအယ်။
ပညာဆိဟ ပစာမှာ ဆိလုန်း။ ကျမ်းပြုဆရာဟ ပစာမှာ ဆိလုန်း။ ဟေလောကဆိ ဝေဖန်ရေးသူများဟ ပစာမှာ ဆိလုန်း။ ဘုရားသခင်ဟ လောကီဉာဏ်ပညာဟို မိုက်မဲစေတာ မဟုတ်လော။
ငါဟ ပညာနဲ့ယှဉ်သောစကားဟို ဝိညာဉ်ရေး ရင့်ကျက်သူလို့အား ပြောဆိုအယ်။ အားပေမဲ့ အဲပညာဟ ဟေလောကနဲ့ မသက်ဆိုင်၊ လောကီမင်းများနဲ့လည်း မသက်ဆိုင်၊ လောကီမင်းလို့ရဲ့ တန်ခိုးအာဏာဟ လျော့နည်းလျက် နေအယ်။
အဲသူလို့ရဲ့ စိတ်နေလုံးဟ မာကျောလျက် ဆိယွေ့၊ အခုနေ့တိုင်အောန် ပဋိညာဉ်ဟောင်းဟို ဖယ်ဆှားခြင်း မခံရဘဲ ဆိနေသေးအယ်။ ပစာကို့ ခရစ်တော်အားဖြင့်သာ အဲဖုံးအုပ်ခြင်းအရာဟို ဖယ်ဆှားနိန်အယ်။
ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ဘုရားသခင်တည်းဟူသော ဘုန်းအသရေနဲ့ ပြေ့စုံလဲ့ ခမည်းတော်ဟ မိမိဟို သိဆိစေရန် ဉာဏ်ပညာနဲ့ ဗျာဒိတ်တော်ဆိုင်ရာ ဝိညာဉ်တော်ဟို နင်လို့အား ပေးမဲ့အကျောန်းနဲ့
အေးသူလို့ဟ မိမိလို့ စိတ်နေလုံး မာကျောမှုနဲ့ သူလို့အထဲနှိုက်ဆိလဲ့ မသိနားမလည်မှုလို့ကျောန့် အသိဉာဏ် မိုက်ဖုံးယွေ့ ဘုရားသခင်ရဲ့ အသက်နဲ့ ကင်းကွာလျက် ဆိကြအယ်။
ငါဟ မခင် ပစ်မားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ခဲ့သော်လည်း ယုံကြည်သူ မဟုတ်သဖြင့် မသိနားမလည်ဘဲ ဟေသို့ပြုခဲ့တာ ဖြစ်ယွေ့ ကရုဏာတော်ဟို ခံစားရအယ်။
ငါ့ ညီအကို မောင်နှမလို့၊ ဘုန်းအသရေနဲ့ ပြေ့စုံသော ငါလို့ သခင် ယေရှု ခရစ်တော်ဟို ယုံကြည်ခြင်းအရာနှိုက် လူမျက်နှာဟို ထောက်ခြင်း မဆိကြနဲ့။