Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ ကောရိန္သု 2:7 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

7 ငါဟ ဘုရားသခင်ရဲ့ နက်နဲသော ပညာအကျောန်းဟို ဟောပြောအယ်၊ အဲဉာဏ်ပညာဟ လူလို့ဆေမှ ဘုရားသခင် လျှို့ဝှက်ထားသောအရာ ဖြစ်အယ်၊ အားပေမဲ့ ငါလို့ ဘုန်းအသရေ ခံစားရစေရန် လောကဟို ဖန်ဆင်းတော်မမူမီပင် ဘုရားသခင်ရဲ့ ဉာဏ်ပညာ ဖြစ်အယ်။

Faic an caibideil Dèan lethbhreac




၁ ကောရိန္သု 2:7
21 Iomraidhean Croise  

အဲအချိန်တွင် ယေရှုဟ “ခေါန်းခင်နဲ့ မြေကြီးရဲ့ အဆှင်သခင်ဖြစ်သော အဖ၊ ကိုယ်တော်ဟ အသိပညာဆှင်များအား သိခွင့်မပေးဘဲထားလဲ့အရာများဟို ပညာမဲ့သူလို့အား ဖွင့်ပြသဖြင့် ကျေးဇူးတော်ဟို ချီးမွန်းအယ်။


အဲလိုမို့ “ငါဟ ပုံဥပမာဆောင်ယွေ့ ငါ့ရဲ့ စလောင်ဟို ဖွင့်လျက်၊ လောကဟို ဖန်ဆင်းကတုန်းဟ ဖုံးနေခဲ့လဲ့အရာများဟို ငါထုတ်ဖော်မယ်” ဟူသော ပရောဖက်အားဖြင့် မိန့်သောအရာ ပြေ့စုံခြင်းဟို ရောက်မယ် ဖြစ်အယ်။


ညီအကို မောင်နှမလို့ နင်လို့ဟ မိမိလို့တတ်တိုင်း ပညာသတိဆိသောသူဟု မထင်မှတ်ကြစေရန် ဟေလျှို့ဝှက် နက်နဲသောအရာဟို မသိဘဲ မနေစေလိုပါ။ လျှို့ဝှက်နက်နဲသော အရာဟ ဣသရေလလူမျိုးနှိုက် မာကျောခက်ထန်သူ အချို့ဆိခြင်းမှာ လူမျိုးခြားလို့ စုံလင်စွာ ဝင်ရောက်လဲ့အထိ ဖြစ်ပင်း


ဘုရားသခင်ဟ ကြိုရွေးချယ်ထားသော သူလို့ဟို မိမိသားတော်ရဲ့ ပုံသဏ္ဌာန်တော်နဲ့အညီ ခွဲခန့်ထားအယ်။ အေးလို့ပြုလုပ်ခြင်းမှာ သားတော်ဟ ညီအကိုများထဲမှ သားဦးအရာ ဖြစ်စေချင်သောကျောန့် ဖြစ်အယ်။


အေးလို့ ခွဲခန့်မှတ်သားနဲ့သော သူလို့ဟို ခေါ်အယ်၊ ခေါ်သောသူလို့လည်း ဖြောင့်မတ်ရာနှိုက် တည်စေအယ်၊ အေးလို့ ဖြောင့်မတ်ရာနှိုက် တည်စေသောသူလို့ဟိုလည်း ဘုန်းတော် ထင်ဆှားစေအယ်။


ညီအကို မောင်နှမလို့၊ ငါဟ နင်လို့ဆေ ရောက်လာသောအခါ ဘုရားသခင်ရဲ့ နက်နဲသော သမ္မာတရားဟို ဟောပြောစဉ် ထူးမြတ်သော စကားနဲ့ ထူးမြတ်သော ပညာများဟို အသုံးပြုယွေ့ နင်လို့အား ဟောပြောတာ မဟုတ်။


အကျောန်းမှာ ကိုယ်တော်ဟ မျက်မှောက်တော်နှိုက် သန့်ဆှင်းယွေ့ အပစ်ကင်းစင်ခြင်းငှာ ဟေလောကဟို မဖန်ဆင်းမီဟပင် ငါလို့ဟို ရွေးကောက်အယ်။ ပစာကို့ သူရဲ့ချစ်ခြင်းကျောန့် ဖြစ်ပင်း


အဲလို့မို့ အထက်ခေါန်းခင်အရပ်နှိုက်ဆိသော ခေါန်းခင်တမန် အုပ်စိုးဆှင်များနဲ့ တန်ခိုးအာဏာများဟို အခုအချိန်နှိုက် အသင်းတော်အားဖြင့် ဘုရားသခင်ရဲ့ အထူးထူးအပြားပြားသော ဉာဏ်ပညာကို သိလာကြစေရန် ဖြစ်အယ်။


ဘုရားသခင်ဟ ငါလို့ဟို ကယ်တင်ယွေ့ သန့်ဆှင်းသော ခေါ်ယူခြင်းဖြင့် ငါလို့ဟို ခေါ်ယူတာဟ ငါလို့ပြုသောအမှုများကျောန့် မဟုတ်ဘဲ ကိုယ်တော်ရဲ့ အကြံအစည်ကျောန့် ဖြစ်ပင်း ဆေ့ကာလများ မတိုင်မီဟပင် ခရစ်တော် ယေရှုအားဖြင့် ငါလို့အား ပေးသော ကျေးဇူးတော်ကျောန့် ဖြစ်အယ်၊


အားပေမဲ့ ဟေနောက်ဆုံးသော နေ့ရက်များတွင် သားတော်အားဖြင့် ငါလို့အား စကားပြောအယ်၊ အဲသားတော်အားဖြင့် စကြာဝဠာဟို ဖန်ဆင်းယွေ့ နောက်ဆုံးနှိုက် အလုံးစုံဟို ပိုင်သစေရန် သားတော်ဟို ခန့်ထားအယ်။


မမျော်နိန်သောအရာထဲမှ မျော်ရသောအရာ ဖြစ်ပေါ်လာစေရန် ဘုရားသခင်ဟ အမိန့်တော်အားဖြင့် လောကဓာတ်ဟို ဖန်ဆင်းကျောန်းဟို ငါလို့ သိကြရတာဟ ယုံကြည်ခြင်းကျောန့် ဖြစ်အယ်။


သူလို့ဟ ဖယ်အချိန် ဖြစ်မလဲ၊ စလို ဖြစ်လာမလဲ ဆိုတာကို ဆှာဖွေဖို့ ကြိုးစားကြအယ်။ ခရစ်တော် ခံရမယ့် ဆင်းရဲဒုက္ခများနဲ့ နောက်ဆက်တွဲဖြစ်မယ့် ဘုန်းအသရေအကျောန်းဟို ဟောကိန်းထုတ်ရာတွင် ၎င်းလို့အတွင်းနှိုက် ဆိသော ခရစ်တော်ရဲ့ ဝိညာဉ်တော် ညွှန်ပြနေလဲ့အချိန် ဖြစ်အယ်။


သို့ဖြစ်ယွေ့ အသင်းတော် အကြီးအကဲတဦးဖြစ်ပင်း ခရစ်တော်ရဲ့ ဒုက္ခဝေဒနာများဟို သက်သေခံသူနဲ့ ထင်ဆှားလာတော့မဲ့ ကိုယ်တော်ရဲ့ ဘုန်းအသရေတော်ဟို မျှဝေခံစားသူဖြစ်သော ငါဟ နင်လို့တွင် ဆိသော အသင်းတော် အကြီးအကဲများဟို တိုက်တွန်းနှိုးဆော်အယ်။


နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။


ငါလို့ဟို ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးနဲ့ ကောင်းမြတ်ခြင်းထဲဟို ခေါ်ယူသော အဆှင်ဟို ငါလို့ သိခြင်းအားဖြင့် ကိုယ်တော်နှိုက် ဆိသော ဘုရားတန်ခိုးတော်ဟ အသက်ဆှင်ခြင်းနဲ့တကွ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းလို့နဲ့ ဆိုင်သော အရာခပ်သိမ်းလို့ဟို ငါလို့အား ပေးသနားပီ။


အသေသတ်ခြင်း ခံရလဲ့ သိုးသငယ်ရဲ့ အသက်စာစောင်နှိုက် ကမ္ဘာဦးမှ စယွေ့ နာမယ် မရေးထားသော မြေကြီးပေါ်တွင် နေထိန်သူအားလုံးလို့ဟ အဲသားရဲဟို ကိုးကွယ်ကြလိမ့်မယ်။


Lean sinn:

Sanasan


Sanasan