Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ ကောရိန္သု 2:4 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

4 ငါရဲ့ စကားနဲ့ ငါရဲ့ ဟောပြောချက်လို့ဟ ဆွဲဆောင်မှုဆိလဲ့ ဉာဏ်ပညာ စကားအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်နဲ့ တန်ခိုးတော်လို့ရဲ့ သက်သေအထောက်အထားအားဖြင့် ဖြစ်အယ်။

Faic an caibideil Dèan lethbhreac




၁ ကောရိန္သု 2:4
28 Iomraidhean Croise  

အကျောန်းမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟို နင်လို့အား အကုန်အစင် ပြောပြခြင်းအမှုဟို ငါဟ မဆှောင်မလွဲဘဲ ပြုခဲ့အယ်။


အဂြိပ္ပမင်းကြီးဟ ပေါလုအား “နင်ဟ အေးအချိန်တိုအတွင်း ငါ့ဟို ခရစ်ယာန်ဖြစ်အောန် ဖြားယောင်းနိန်မယ်လို့ ထင်သလော” ဆိုအယ်။


နင်လို့ရဲ့ မျော်လင့်ခြင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆက်လက် အသက်ဆှင်နိန်ရန်အတွက် မျော်လင့်ခြင်းရဲ့ အရင်းအမြစ်ဖြစ်သော ဘုရားသခင်ဟ နင်လို့ရဲ့ ယုံကြည်ခြင်းအားဖြင့် နင်လို့အား ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းဟို ပေးသနားပါစေ။


နိမိတ်လက္ခဏာနဲ့ အံ့ဩဖွယ်အရာ တန်ခိုးတော်အားဖြင့် လည်းကောင်း၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တန်ခိုးတော်အားဖြင့် လည်းကောင်း ပြုသောအမှုအရာလို့ကျောန့် မဟုတ်ရင် ငါဟ စလို အရာဟိုမျှ ရဲဝံ့စွာ ပြောမှာ ဟုတ်ဝူး။ အေးလိုမို့ ငါဟ ယေရုရှလင်မြို့မှ ဣလုရိပြေအထိ ရောက်ဆိလဲ့ အရပ်ရပ်နှိုက် ခရစ်တော်ရဲ့ သတင်းကောင်းဟို အကုန်အစင် ကြေညာခဲ့ပီ။


အကျောန်းမှာ သူလို့ဟ ငါလို့ရဲ့ အဆှင် ခရစ်တော်ရဲ့ အစေဟို ခံသူများ မဟုတ်ဘဲ၊ သူလို့ရဲ့ ကိုယ်ပိုင်အရာကိုယ်သာ စိတ်ဝင်စားကြသူများ ဖြစ်ကြအယ်။ သူလို့ရဲ့ ချိုသာသော စကားများနဲ့ မြှောက်ပင့်သော စကားများဖြင့် အပစ်မဲ့သူလို့ဟို လှည့်စားတတ်ကြအယ်။


ခရစ်တော်ဟ ငါ့ဟို နှစ်ခြင်း ပေးစေရန် စေလွှတ်တာ မဟုတ်။ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်တွင် အသေခံခြင်း တန်ခိုး အလကားကား မဖြစ်စေရန် လူလို့ရဲ့ ဉာဏ်ပညာနဲ့ယှဉ်သော စကားများဟို အသုံးမပြုဘဲ သတင်းကောင်းဟို ပြောရန် ငါ့ဟို စေလွှတ်ခြင်း ဖြစ်အယ်။


ညီအကို မောင်နှမလို့၊ ငါဟ နင်လို့ဆေ ရောက်လာသောအခါ ဘုရားသခင်ရဲ့ နက်နဲသော သမ္မာတရားဟို ဟောပြောစဉ် ထူးမြတ်သော စကားနဲ့ ထူးမြတ်သော ပညာများဟို အသုံးပြုယွေ့ နင်လို့အား ဟောပြောတာ မဟုတ်။


ဘုရားသခင် ပေးသောအရာလို့ဟို ငါလို့ ဟောပြောသောအခါ လူ့ပညာဟ သင်ကြားပေးသော စကားအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်ဟ သင်ကြားပေးသော စကားအားဖြင့် ဟောပြောယွေ့ ဝိညာဉ်ရေးနဲ့ ဆိုင်သောအရာလို့ဟို ဝိညာဉ်သဘောအားဖြင့် ငါလို့ ဟောပြောကြအယ်။


အကျောန်းမှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ စကားနှိုက် မတည်ဘဲ တန်ခိုးနှိုက် တည်အယ်။


ငါလို့ရဲ့ သန့်ဆှင်းစင်ကြယ်မှု၊ အသိပညာ၊ စိတ်ဆှည်မှု၊ ကြင်နာမှုလို့ဖြင့် ငါလို့ဟ ငါလို့ရဲ့ စစ်မန်သောမေတ္တာဖြင့် သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့်၊


ငါအခု လူတွေရဲ့ သဘောတူညီချက်ဟို ရယူဖို့ ကြိုးစားနေသလော အဲဟာမဟုတ်ရင် ဘုရားသခင်ရဲ့ သဘောတူညီချက်ဟို ရယူဖို့ ကြိုးစားနေသလော၊ အဲဟာမဟုတ်ရင် ငါလူလို့ဟို နှစ်သက်အောန် ကြိုးစားနေသလော။ ငါဟ လူတွေဟို နှစ်သက်အောန် ကြိုးစားနေသေးရင်၊ ငါဟ ခရစ်တော်ရဲ့ အစေခံဖြစ်မယ် မဟုတ်ပါ။


စသူမျှ နင်လို့ဟို ဖြားယောင်းသောစကားဖြင့် မလှည့်စားစေရန် ဟေသို့ ငါပြောဆိုအယ်။


အကျောန်းမှာ ငါလို့ဟ နှုတ်ကပတ်တော်ဖြင့်သာ မဟုတ်ဘဲ တန်ခိုးနဲ့လည်းကောင်း၊ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့လည်းကောင်း၊ သမ္မာတရားကို အပြည့်အဝယုံကြည်ခြင်းအားဖြင့်လည်းကောင်း နင်လို့ဆီဟို ငါလို့ဟ ဧဝံဂေလိတရားကို ဆောင်ခဲ့အယ်။ နင်နဲ့အတူဆိတုန်းဟ ငါလို့ စလိုလိုနေထိန်ခဲ့လဲ နင်လို့ သိကြပင်း အဲအရာဟ နင်ရဲ့ ကောင်းကျိုးအတွက်ပဲ ဖြစ်အယ်။


အေးအခါ သူလို့ပြုစုသောအရာလို့ဟ မိမိလို့အတွက် မဟုတ်ဘဲ နင်လို့အတွက် ဖြစ်ကျောန်း သူလို့အား ဖွင့်ပြအယ်။ အခု အေးအရာလို့ဟ ခေါန်းခင်ဘုံမှ စေလွှတ်ခြင်းခံရလဲ့ သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သော သတင်းဟို ဟောပြောသူများမှ တဆင့် နင့်လို့ဆေ ဖော်ပြခြင်း ခံရပီ။ ခေါန်းခင်တမန်လို့ပင် အေးအရာလို့ဟို ကျေ့ရှုရန် ရမ်းဆာ့ အလိုဆိကြအယ်။


အကျောန်းမှာ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ တန်ခိုးတော်နဲ့ ကြွလာခြင်းလို့ဟို နင်လို့အား ပြောပြသောအခါ ပါးနပ်စွာ ဖန်တီးထားသော ဒဏ္ဍာရီများဟို အသုံးပြုတာ မဟုတ်။ ငါလို့ဟ အေးအဆှင်ရဲ့ ကြီးမြတ်သော တန်ခိုးဟို တတ်တိုင်း မျော်တွေ့ရသူများ ဖြစ်ကြအယ်။


အကျောန်းမှာ သူလို့ဟ အလကားကား ချဲ့ထွင်ဝါကြွားလျက် မားယွင်းခြင်းနှိုက် အသက်ဆှင်နေထိန်သော သူလို့ထဲမှ လွတ်မြောက်ခါစ ဆိသော သူလို့ဟို သွေးသားဇာတိရဲ့ တပ်မက်ခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဖြင့် လှည့်စားဆွဲဆောင်ကြအယ်။


Lean sinn:

Sanasan


Sanasan