1 ယုဒပြေဆိ ဘုရားသခင်ရဲ့ လူလို့အား ထောက်ပံ့ရန်အတွက် အလှူငွေများနဲ့ ပတ်သက်ယွေ့ ဂလာတိပြေဆိ အသင်းတော်များသို့ ငါမှာထားလဲ့အတိုင်း နင်လို့ ပြုကြလော့။
အဲသူလို့အနက် အာဂဗု နာမယ်ဆိသော သူဟ ထယွေ့ ကမ္ဘာတဝှမ်းလုံးတွင် အစားအစာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးကြီး သက်ရောက်လိမ့်မယ်ဟု ဝိညာဉ်တော်အားဖြင့် ကြိုတင် ဟောပြောလေအယ်။ အေးဘေးဟ ဧကရာဇ် ကလောဒိ လက်ထက်နှိုက် ဖြစ်ပျက်ခဲ့လေအယ်။
ဟေသို့ ဆုံးဖြတ်ကြပင်းနောက် ထောက်ပံ့ငွေများဟို ဗာနဗနဲ့ ရှောလုမှ တဆင့် အသင်းတော် လူကြီးများဆေဟို ပို့ပေးကြအယ်။
သူလို့ဟ ဖြူဂိပြေနဲ့ ဂလာတိပြေလို့ဟို ဖြတ်သွားကြသောကျောန့် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား အာရှပြေနှိုက် နှုတ်ကပတ်တရားတော်ဟို ဟောပြောရန် အခွင့်ပေးတော်မမူ။
အေးမှာ အချိန်အတန်ကြာ နေပင်းနောက် သူဟ ထွက်သွားယွေ့ ဂလာတိပြေ၊ ဖြူဂိပြေဟို ဆှောက်သွားပင်း တဘဲ့တော်များ အားလုံးဟို ကြံ့ခိုင်စေအယ်။
“ငါဟ ယေရုရှလင်မြို့မှ ထွက်သွားယွေ့ နှစ်အတန်ကြာပင်းနောက် ငါ့ရဲ့ လူများအတွက် အလှူငွေတချို့ဟို ပေးကမ်းရန်နဲ့ ဘုရားသခင်ဟို ပူဇော်သကာဆက်သရန်အတွက် ငါ ပြန်ရောက်ဆိလာပါအယ်။
အာနနိဟ “သခင်ဘုရား၊ ဟေလူဟ ယေရုရှလင်မြို့ဆိ ကိုယ်တော်ရဲ့ သန့်ဆှင်းသူလို့အား စလောက်ထိ ဒုက္ခပေးခဲ့တာဟို လူအမြောက်အမြားဆေမှ ငါ ကြားသိရအယ်။
ပေတရုဟ လက်ဟို ကမ်းပေးပင်း အဲအမျိုးသမီးဟို ဆွဲထူလိုက်အယ်။ အဲပင်းရင် အထူးသဖြင့် မုဆိုးမများ၊ သန့်ဆှင်းသူများဟို ခေါ်ယွေ့ အသက်ဆှင်လျက်ဆိသော သူ့ဟို ပေးအပ်အယ်။
သန့်ဆှင်းသူလို့ဟ ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့၊ ဧည့်သည်လို့အား ဧည့်ဝတ်ပြုခြင်းဟို လက်တွေ့ ပြုကြလော့။
နင်လို့ စုဝေးကြသောအခါ ဘုရားသခင်ရဲ့ အပစ်ဒဏ် စီရင်ခြင်းနဲ့ ကင်းလွတ်နိန်စေရန် မွတ်သောသူဟ မိမိနေအိုင်တွင် စားသောက်စေ။ အခြားကိစ္စများနဲ့ ပတ်သက်ယွေ့ ငါလာလဲ့အခါ ဖြေဆှင်းမယ်။
ညီအကို မောင်နှမလို့၊ သတေဖန်နဲ့ အိုင်သူအိုင်သားများဟ အခါယပြေမှ အဦးဆုံးသော ခရစ်ယာန်များ ဖြစ်ယွေ့ ဘုရားသခင်ရဲ့ လူလို့အား ကူညီမစရန် မိမိလို့ကိုယ်ကို ဆက်ကပ်ထားသူများ ဖြစ်ကျောန်း နင်လို့ သိကြအယ်။
အဲအကျောန်းကျောန့် သခင်ဘုရားနှိုက် သစ္စာဆိသော ငါရဲ့ ချစ်သား တိမောသေဟို နင်လို့ဆေ ငါ စေလွှတ်အယ်။ ခပ်သိမ်းသောအရပ်လို့နှိုက် ခပ်သိမ်းသော အသင်းတော်လို့ဟို ငါသွန်သင်တာနဲ့အညီ ငါဟ ယေရှု ခရစ်တော်နှိုက် ကျင့်သော အကျင့်ဓလေ့များဟို နင်လို့ဟ မှတ်မိစေရန် သူဟ ပြသတိုက်တွန်းလိမ့်မယ်။
ငါနဲ့အတူဆိသော ယုံကြည်သူအားလုံးလို့ဟ၊ ဂလာတိပြေနှိုက်ဆိလဲ့ အသင်းတော်များဆေဟို နှုတ်ဆက်လိုက်အယ်၊
သူလို့ တောင်းဆိုသမျှဟ သူလို့အဖွဲ့ထဲမှာ လိုအပ်နေသောသူတွေဟို သတိရစေရန် ဖြစ်အယ်။ အေးအရာဟို ငါလုပ်ချင်စိတ် ပြင်းပြခဲ့အယ်။
ပစာကို့ သခင်ယေရှုနဲ့ သန့်ဆှင်းသူအပေါင်းလို့ အပေါ်နှိုက် နင်ထားဆိလဲ့ နင့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်ခြင်းအကျောန်းဟို ငါလို့ကြားရသောကျောန့် ဖြစ်အယ်။
ငါ့ညီ၊ သန့်ဆှင်းသူလို့ရဲ့ စိတ်နေလုံးဟ နင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုဟို ခံစားရပီဖြစ်ယွေ့ နင့်ရဲ့ ချစ်ခြင်းမေတ္တာကျောန့် ကြီးသော ဝမ်းမြောက်ခြင်းနဲ့ တိုက်တွန်းအားပေးခြင်းလို့ဟို ငါခံစားရအယ်။
အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ရဲ့ လုပ်ဆောင်မှုဟို လည်းကောင်း၊ သန့်ဆှင်းသူလို့ဟို မခင်ဟ နင်လို့ လုပ်ကျွေးပြုစုသလို အခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်ရဲ့ နာမတော်ဟို ထောက်ယွေ့ နင်လို့ပြသော ချစ်ခြင်းမေတ္တာလို့ဟို လည်းကောင်း၊ မေ့လျော့လဲ့တိုင်အောန် တရားမျှတမှု ကင်းမဲ့တာ မဟုတ်။
တစုံတဦးဟ လောကီစည်းစိမ် ဆိလျက်နဲ့ မိမိညီအကို မောင်နှမ ဆင်းရဲချို့တဲ့နေတာဟို မျော်ယွေ့ မိမိရဲ့ သနားခြင်း ကရုဏာစိတ်ဟို ချုပ်တည်းထားရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် စလိုတည်မလုန်း။