3 ငါ့မှာ ဆိသမျှ စွန့်လွှတ်နိန်ပင်း ငါ့ကိုယ်ခန္ဓာဟို မီးရှို့ဖို့တောင် စွန့်လွှတ်နိန်ပေမဲ့ ငါ့နှိုက် မေတ္တာ မဆိရင် ဒါဟ ငါနှိုက် အကျိုးမဆိ။
မိမိလို့ ပြုလုပ်သမျှသောအရာလို့ဟို လူမျော်သာအောန် ပြုလုပ်တတ်ကြအယ်။ မိမိလို့နဖူးနဲ့ လက်မောင်းများပေါ်တွင် ကျမ်းစာလက်ဖွဲ့များဟို အပြားကြီးလုပ်ပင်း ဝတ်ဆင်တတ်ကြအယ်။ သူလို့ရဲ့ ဝတ်လုံအမြိတ်များဟို အဆှည် ချုပ်ထားတတ်ကြအယ်။
ယေရှုဟ အဲစကားဟို ကြားသောအခါ “နင်နှိုက် လုပ်စရာတခု လိုသေးအယ်။ နင့်ဥစ္စာဆိသမျှဟို ရောင်းပင်း ဆင်းရဲသားလို့ဟို ပေးကမ်းစွန့်ကြဲလိုက်၊ အေးလို့လုပ်ရင် နင်ဟ ခေါန်းခင်ဘုံတွင် ဘဏ္ဍာဟို ရလိမ့်မယ်၊ အေးလို့လုပ်ပင်းမှ ငါ့နောက်ဟို လိုက်ခဲ့လိုက်” ဟု ပြောအယ်။
ပေတရုဟ “ကျေ့မန့်၊ ငါလို့ဟ ငါလို့ ပိုင်ဆိုင်သောအရာလို့ဟို စွန့်ယွေ့ ကိုယ်တော်နောက်ဟို လိုက်လာခဲ့ကြအယ်” ဟု ပြောအယ်။
ဇက္ခဲဟ ရပ်လျက် သခင့်ဟို “နားထောင်ပါအုံး ဆရာ၊ ငါ့ရဲ့ ဥစ္စာပစ္စည်းတဝက်ဟို ဆင်းရဲသောသူလို့ဟို ပေးပါမယ်၊ အကယ်ယွေ့ တစုံတယောက်ဆေမှ မတရားတောင်းယူမိရင် အေးငွေရဲ့ လေးဆဟို ပြန်ပေးပါမယ်” ဟု ပြောလေအယ်။
သူလို့ဟ ဘုရားသခင်ရဲ့ မျက်နှာသာရခြင်းထက် လူ့မျက်နှာသာရခြင်းဟို ပိုယွေ့ နှစ်သက်ကြအယ်။
ပေတရုဟလည်း “သခင်ဘုရား၊ ပစာကျောန့် ကိုယ်တော်နဲ့အတူ အခု မလိုက်နိန်တုန်း။ ကိုယ်တော်အတွက် ငါဟ အသက်ဟိုပင် စွန့်ပါမယ်” ဟု ဆှောက်အယ်။
မိမိရဲ့ မိတ်ဆွေအတွက် အသက်ဟို စွန့်သော မေတ္တာထက် ကြီးမြတ်သောမေတ္တာဟ စသူ့မှာမှ မဆိ။
ဘုရားသခင်ရဲ့ ဝိညာဉ်တော်သာ အသက်ဟို ဆှင်စေနိန်အယ်၊ လူလို့ရဲ့ တန်ခိုးဟ စလိုမျှ မတတ်နိန်။ နင်လို့အား ငါပြောသောစကားဟ အသက်ဆှင်စေလဲ့ ဝိညာဉ်တော်နဲ့ ဆိုင်အယ်။
အဲလိုလဲ ပေါလုဟ “ပစာကျောန့် ဟေလို့ ငိုကကာ စိတ်နေလုံး ကြေကွဲနေကြလုန်း၊ ငါဟ သခင် ယေရှုနာမအားဖြင့် ယေရုရှလင်မြို့တွင် တုတ်ချေခံရန် သာမက အေးမှာ အသေခံရန်ပင် အသင့်ဆိပါအယ်” လို့ ပြန်ဖြေအယ်။
မာနကြီးခြင်း၊ စိတ်ဆိုးခြင်း အဲဟာမဟုတ်ရင် အချင်းချင်း မနာလိုခြင်း မပြုရပါ။
ကြွားဝါလိုသောစိတ်၊ အလကားကား ကျော်စောလိုသောစိတ်လို့ဖြင့် ပစာအမှုဟိုမျှ မပြုကြနဲ့၊ အားပေမဲ့ သူတပါးဟ မိမိထက်သာတာဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။
အကျောန်းမှာ ကိုယ်ခန္ဓာနဲ့ဆိုင်သော လေ့ကျင့်မှုဟ ကတစ် အကျိုးဆိအယ်၊ အားပေမဲ့ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းမူ အခုဖဝါ့၊ နောင်ဖဝါ့နဲ့ဆိုင်သော ကတိတော် ပါဆိတာဖြစ်ယွေ့ အလုံးစုံလို့အတွက် အကျိုးဆိအယ်။
ထူးခြားသော သွန်သင်ချက် အမျိုးမျိုးနောက်ဟို လိုက်ပါ မသွားကြနဲ့။ အကျောန်းမှာ စားစရာအားဖြင့် မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နေလုံးဟို တည်မြဲစေခြင်းဟ ကောင်းမြတ်အယ်။ စားစရာအားဖြင့် အသက်ဆှင် ဆှောက်လှမ်းသောသူလို့ဟ အကျိုးဟို မရဆိကြပေ။