Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ ကောရိန္သု 12:8 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

8 ပစာသို့နည်း ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ပညာတရားဟို ပေးအယ်။ အဲဝိညာဉ်တော်အားဖြင့် အခြားတယောက်အား ထိုးထွင်းခြင်း တရားဟို ပေးအယ်။

Faic an caibideil Dèan lethbhreac




၁ ကောရိန္သု 12:8
30 Iomraidhean Croise  

ယေရှုဟ “နင်လို့သည် ခေါန်းခင်နိုင်ငံတော်နဲ့ဆိုင်သော နက်နဲလဲ့ အကျောန်းအရာများဟို သိရသောခွင့် ပေးထားကြပေမဲ့ သူလို့ဟ အဲအခွင့်ဟို မရကြ။


အဲလိုမို့ ငါ့ မိတ်ဆွေလို့၊ နင်လို့အထဲမှ ဝိညာဉ်တော်နဲ့ လည်းကောင်း၊ ဉာဏ်ပညာနဲ့ ပြေ့ဝယွေ့ ဂုဏ်သတင်းကောင်းသော လူခုနေဦးဟို ရွေးချယ်ကြလော့။ ငါလို့ဟ အေးသူလို့ဟို ဟေတာဝန်အတွက် ခန့်ထားမယ်၊


ငါ့ ညီအကို မောင်နှမလို့၊ ကောင်းမြတ်ခြင်းနဲ့ ပြေ့စုံတယ်လို့ ငါ့တတ်တိုင်း သေချာ သိရအယ်၊ နင်လို့မှာ ဗဟုသုတအားလုံး ဆိပင်း၊ တယောက်ဟို တယောက် သင်ပေးနိန်ကျောန်းဟို ငါ ယုံကြည်အယ်။


ဘုရားသခင်ဟ နင်လို့အား ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်စေအယ်၊ ခရစ်တော်အား ငါလို့ရဲ့ ဉာဏ်ပညာ ဖြစ်စေအယ်။ ကိုယ်တော်အားဖြင့် ဘုရားသခင်ဟ ငါလို့ဟို ဖြောင့်မတ်စေယွေ့ ငါလို့ဟ ဘုရားသခင်ရဲ့ လူစုတော်ဖြစ်လျက် ရွေးနုတ်ခြင်းဟို ရဆိကြအယ်။


အကျောန်းမှာ နင်လို့ဟ ခရစ်တော်နဲ့ တလုံးတဝတည်း ဆိသဖြင့် ပြောဆိုသမျှနဲ့ အသိပညာဆိသမျှလို့နှိုက် ကြွယ်ဝခြင်းသို့ ရောက်လေပီ။


ငါဟ ပရောဖက်ပြု ဟောပြောနိန်သော အခွင့်ဟို ရဆိယွေ့ လျှို့ဝှက်နက်နဲသော အရာဆိသမျှနဲ့ အသိပညာအလုံးစုံဟို နားလည်သိဆိကာ တောင်များဟို တောနိန်လဲ့ ယုံကြည်ခြင်း ဆိပေမဲ့ မေတ္တာ မဆိရင် အလကားကား ဖြစ်အယ်။


ပရောဖက်ဉာဏ်သော် လည်းကောင်း၊ အမျိုးမျိုးသော ဘာသာစကားဟို ပြောနိန်သောအခွင့်သော် လည်းကောင်း၊ သိပ္ပံအတတ်သော် လည်းကောင်း ကွယ်ပျောက်လိမ့်မယ်။ အားပေမဲ့ မေတ္တာဟ ဖောက်ပြန်ခြင်းသဘောနဲ့ အစဉ် ကင်းလွတ်အယ်။


ညီအကို မောင်နှမလို့၊ ငါဆိုလိုတာဟ ဟေသို့ ဖြစ်အယ်။ ဝတ်ပြုကိုးကွယ်ရန် နင်လို့ စုဝေးကြသောအခါ တယောက်သောသူဟ သီချင်းအော်ခြင်း၊ နောက်တယောက်ဟ သွန်သင်ခြင်း၊ နောက်တယောက်ဟ ဗျာဒိတ်တော်ဟို ပြန်ကြားခြင်း၊ နောက်တယောက်ဟ အခြားသော ဘာသာစကားဖြင့် ပြောဆိုခြင်း၊ နောက်တယောက်ဟ အနက်ဖော်ပြခြင်းလို့ဟို ဆောင်ရွက်ကြလော့။ နင်လို့ ဆောင်ရွက်သမျှသော အမှုလို့ဟ အသင်းဝင်သူအပေါင်းအား အကျိုးပြုရမယ်။


ညီအကို မောင်နှမလို့၊ ငါဟ နင်လို့ဆိရာသို့ လာယွေ့ အခြားသော ဘာသာစကားဖြင့် ဟောပြောသော်လည်း၊ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ဟို ပြန်ခြင်း၊ ပညာအတတ်ဟို သင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမဩဝါဒပေးခြင်း တခုခုဟို မပြုဘဲလျက်၊ နင်လို့အား ပြောရင် စလို အကျိုးဆိမလုန်း။


လူနဲ့ဆိုင်သောအရာလို့ဟို သူလို့အထဲနှိုက် ဆိသော သူရဲ့ ဝိညာဉ်မှတပါး စသူ သိနိန်လုန်း။ အဲတိုင်းတိုင်း ဘုရားသခင်နဲ့ ဆိုင်သောအရာလို့ဟို ဘုရားသခင်ရဲ့ ဝိညာဉ်တော်မှတပါး စသူမျှ မသိ။


ကျမ်းစာတွင် “စသူဟ အဆှင်ရဲ့ စိတ်သဘောဟို သိမလုန်း။ စသူဟ ကိုယ်တော်အား အကြံဉာဏ်ပေးနိန်လုန်း” ဟူယွေ့ ဆိုလဲ့အတိုင်း ဖြစ်အယ်။ အားပေမဲ့ ငါလို့ဟ ခရစ်တော်ရဲ့ စိတ်သဘောဟို ခံရကြအယ်။


ငါလို့ ဩတ္တပ္ပစိတ်ဟ သက်သေခံယွေ့ ဂုဏ်ယူဝါကြွားစရာ တခုဟ ဟေလောကနှိုက် အသက်ဆှင်စဉ်၊ အထူးသဖြင့် နင်လို့နဲ့ ဆက်ဆံရာတွင် လူသားလို့ရဲ့ အသိဉာဏ်ဟို အမှီမပြုဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော် တန်ခိုးဟို သာလျှင် အမှီပြုယွေ့ ငါလို့ဟ ဘုရားသခင် ပေးသနားသော ရိုးသားမှုနဲ့ ပွင့်လင်းစွာ ပြုမူကျင့်ကြံခြင်းပင် ဖြစ်အယ်။


ငါဟ အဟောပြော ညံ့ပေမဲ့ အသိပညာ မညံ့၊ ငါလို့ဟ ဟေအရာအား အချိန်တိုင်းနဲ့ အခြေနေအရပ်ရပ်တွင် နင့်အား ဆှင်းလင်းတင်ပြထားပါအယ်။


အားပေမဲ့ ငါလို့ဟို ခရစ်တော်နှိုက် အမြဲတမ်း အောန်ပွဲခံစေယွေ့ ကိုယ်တော်ဟို သိသောဉာဏ်ရဲ့ ရနံ့ဟို နေရာတိုင်းနှိုက် ငါလို့အားဖြင့် ပျံ့နှံ့စေသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ငါချီးမွန်းအယ်။


“မိုက်ထဲမှ အလင်း ပေါ်ထွန်းလိမ့်မယ်” ဟု မိန့်သော ဘုရားသခင်ဟ ခရစ်တော်ရဲ့ မျက်နှာနှိုက် ထွန်းလင်းလဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို သိသောအလင်းရောင်အား ငါလို့ရဲ့ စိတ်နေလုံးထဲနှိုက် ထွန်းလင်းစေအယ်။


ငါလို့ရဲ့ သန့်ဆှင်းစင်ကြယ်မှု၊ အသိပညာ၊ စိတ်ဆှည်မှု၊ ကြင်နာမှုလို့ဖြင့် ငါလို့ဟ ငါလို့ရဲ့ စစ်မန်သောမေတ္တာဖြင့် သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့်၊


နင်လို့ဟ ယုံကြည်ခြင်း၊ ဟောပြောခြင်း၊ အသိပညာ၊ ကူညီဖို့ စိတ်အားထက်သန်မှုနဲ့ ငါလို့အတွက် နင်လို့ရဲ့ ချစ်ခြင်းဟ အရာရာနှိုက် ကြွယ်ဝပြေ့စုံကြအယ်။ အဲကျောန့် ငါလို့ဟ ချစ်ခြင်းပေးခြင်းအမှုမှာ နင်လို့ဟို ရက်ရက်ရောရော ဖြစ်စေချင်အယ်။


Lean sinn:

Sanasan


Sanasan