7 ငါလို့ သခင် ယေရှု ခရစ်တော် ပေါ်ထွန်းလာမဲ့ အချိန်ဟို စောင့်မျှော်နေသလို နင်လို့ မခံရလဲ့ ကောင်းချီးမင်္ဂလာ တစုံတခုမျှ မဆိ။
“အေးကာလနှိုက် ခေါန်းခင်နိုင်ငံတော်ဟ မီးဖူးများဟို ယူယွေ့ မင်္ဂလာဆောင်သတို့သားဟို ကြိုဆိုရန် ထွက်သွားလဲ့ အပျိုကညာဆယ်ယောက်လို့နဲ့ တူလိမ့်မယ်။
မင်္ဂလာဆောင်ပွဲမှ ပြန်လာသော မိမိလို့ရဲ့ သခင်ဟို စောင့်နေသော အစေခံကျွန်လိုမျိုး ဖြစ်ကြလော့။ အဲသူလို့ဟ သခင် ပြန်လာပင်း ထင်ခါးဟို ခေါက်ရင် ခုတုံး ထင်ခါးဟို ဖွင့်ပေးကြအယ်။
လူသားပေါ်ထွန်းသော နေ့ရက်နှိုက်လည်း အေးတိုင်းတိုင်း ဖြစ်လိမ့်မယ်။”
ဟေလောကဟ ဘုရားသခင် သားလို့ရဲ့ ပေါ်ထွန်းခြင်းအရာဟို ရမ်းဆာ့ တောင့်တ မျော်လင့်လျက်နေအယ်။
ဖန်ဆင်းခံလောက သာမက ဝိညာဉ်တော်ရဲ့ အသီးအပွင့်များဆိသော ငါလို့တတ်တိုင်းလည်း ဘုရားသခင်ရဲ့ လူပဲ့များဖြစ်အောန် သူပြုလုပ်ခြင်း၊ ငါလို့ရဲ့ ခန္ဓာကိုယ် ရွေးနုတ်ခြင်းအတွက် စိတ်အားထက်သန်စွာ စောင့်မျော်နေစဉ်အတွင်း စိတ်ထဲနှိုက် ညည်းတွားနေကြအယ်။
အဲလိုမို့ သခင်ဘုရား ကြွလာမမူမီ စလိုအရာဟိုမျှ အချိန်မတန်ဘဲ မစီရင်ကြနဲ့။ အဲသခင်ဟ မိုက်ထဲနှိုက် အောန်းထားသောအရာလို့ဟို အလင်းဟို ယူဆောင်လာပင်း စိတ်နေလုံး အကြံစည်လို့ဟို ထင်ဆှားစေလိမ့်မယ်။ အဲအခါ လူအသီးသီးလို့ဟ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရကြလိမ့်မယ်။
ငါဟ နင်လို့ဟို မနှောင့်ယှက်သော အရာတခုဟို ထားရင်၊ နင်လို့ဟ အခြားသော အသင်းတော်ထက် စလို ယုတ်ညံ့တုန်း။ အဲသို့ ငါ ပစ်မားသော အပစ်ဟို ခွင့်လွှတ်ကြရန် တောင်းပန်အယ်။
အကျောန်းမှာ ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရဆိမယ်ဟု မျော်လင့်ခြင်းဟို ဝိညာဉ်တော်နှိုက် အမှီပြုယွေ့ စောင့်မျော်နေကြအယ်။
အဲလိုလဲ ငါလို့ဟ ခေါန်းခင်နိုင်ငံသား ဖြစ်ကြအယ်၊ အဲအရပ်မှ ကြွလာမဲ့ ကယ်တင်ဆှင် သခင် ယေရှု ခရစ်တော်ဟို ငါလို့ စောင့်မျော်နေကြအယ်။
နင်လို့ရဲ့ အသက် အစစ်မန်ဖြစ်သော ခရစ်တော် ထင်ဆှားသောအခါ နင်လို့ဟလည်း ကိုယ်တော်နဲ့အတူ ဘုန်းအသရေ ထင်ဆှားကြလိမ့်မယ်။
အားပင်း သေခြင်းမှ ထမြောက်စေသော သားတော်ယေရှုဟ ခေါန်းခင်ဘုံမှ ကြွလာမယ်ဟို စောင့်မျှော်လျက် လာမယ့် ဘုရားသခင်ရဲ့ အမျက်တော်မှ ငါလို့ဟို ကယ်တင်မယ့်သူ ဖြစ်အယ်။
ဆင်းရဲဒုက္ခခံရသော နင်လို့အားလည်း ငါလို့လိုမျိုး သက်သာရာရစေမယ်။ သခင် ယေရှုဟ တန်ခိုးကြီးသော ခေါန်းခင်တမန်များနဲ့ ခေါန်းခင်ဘုံမှ ပေါ်ထွန်းလာသောအခါ သူဟ အေးအရာများဟို ပြုလုပ်လိမ့်မယ်၊
အခုအခါတွင် ဖြောင့်မတ်ခြင်း သရဖူဟ ငါ့အတွက် အသင့်ဆိနေအယ်၊ အဲနေ့နှိုက် ဖြောင့်မတ်လဲ့ တရားစီရင်သူဖြစ်သော သခင်ဘုရားဟ အဲသရဖူဟို ငါ့အား ပေးလိမ့်မယ်၊ ငါ့ဟိုသာ မဟုတ်ဘဲ ကိုယ်တော်ရဲ့ ပေါ်ထွန်းခြင်းဟို လိုလားတောင့်တသူ အားလုံးလို့ဟိုလည်း ပေးလိမ့်မယ်။
ကြီးမြတ်လဲ့ ဘုရားသခင်ဖြစ်သော ငါလို့ရဲ့ ကယ်တင်ဆှင် ယေရှုခရစ်တော်ရဲ့ ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာဆိသော မျှော်လင့်ခြင်းဟို စောင့်မျှော်ရန်လည်းကောင်း သွန်သင်လျက်ဆိအယ်။
အေးတိုင်းတိုင်း ခရစ်တော်ဟလည်း လူအများရဲ့ အပစ်ဟို ဖြေလွှတ်ရန်အတွက် မိမိကိုယ်ဟို တကြိမ်တည်း ပူဇော်အယ်။ အပစ်ဟို ပယ်လောရန် မဟုတ်ဘဲ မိမိဟို စောင့်မျော်နေသူလို့အား ကယ်တင်ရန် ဒုတိယအကြိမ် ကြွလာလိမ့်မယ်။
အေးကျောန့် လုပ်ဆောင်ချက်အတွက် စိတ်ဟို ပြင်ဆင်ထားကြလော့။ နိုးနိုးကြားကြားဆိယွေ့ ယေရှု ခရစ်တော် ပေါ်ထွန်းလာသောအခါ နင်လို့အား ပေးမဲ့ ကောင်းချီးအပေါ် မျှော်လင့်ချက် အပြေ့ထားကြလော့။
ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခများနှိုက် ပါဝင်ရလဲ့အတွက် ဝမ်းမြောက်ကြလော့။ အေးဟာဟ ခရစ်တော်ရဲ့ ဘုန်းအသရေ ထင်ဆှားသော အချိန်နှိုက် နင်လို့ဟ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မယ်။
အေးလို့လုပ်ရင် သိုးထိန်းကြီး ပေါ်လာသောအခါ မှေးမှိန်ခြင်း မဆိသော ဘုန်းအသရေနဲ့ပြေ့စုံလဲ့ သရဖူဟို နင်လို့ ရဆိလိမ့်မယ်။
သခင်ဘုရားရဲ့ နေ့ရက်ဟို စောင့်မျှော်ယွေ့ အေးနေ့ရက်ရဲ့ ရောက်ဆိလာခြင်းဟို လျင်မြန်စေသင့်အယ်။ အေးနေ့နှိုက် ခေါန်းခင်ဟ လောင်မြိုက်ခြင်းဟို ခံရလျက် ပျက်သုဉ်းသွားလိမ့်မယ်။ လောကဓာတ်လို့ဟလည်း ပြင်းထန်သော အရှိန်ဖြင့် အရည်ပျော်သွားကြလိမ့်မယ်။
ချစ်ရသောသူလို့၊ အခု ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ အားပေမဲ့ နောင်ကာလတွင် ငါလို့ စလိုဖြစ်ကြမယ်ဟို ထင်ဆှားစွာ မသိသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းသောအခါ ကိုယ်တော်ဟို ပကတိအဖြစ်တော်အတိုင်း မျော်ရကြမယ် ဖြစ်ယွေ့ ငါလို့ဟ ကိုယ်တော်နဲ့ တူကြမယ်ဟို ငါလို့ သိကြအယ်။
ဘုရားသခင်ရဲ့ မေတ္တာတော်နှိုက် မိမိကိုယ်ဟို စောင့်ထိန်းယွေ့ ထာဝရအသက်ဟို ပို့ဆောင်လျက် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ကရုဏာတော်ဟို စောင့်မျှော်ကြလော့။