Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ ကောရိန္သု 1:21 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

21 အကျောန်းမှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာအရ ဟေလောကဟ မိမိရဲ့ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ဟို မသိခဲ့သောကျောန့် ဘုရားသခင်ဟ ဟောပြောခြင်းအမှုရဲ့ မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူလို့ဟို ကယ်တင်ရန် အလိုဆိအယ်။

Faic an caibideil Dèan lethbhreac




၁ ကောရိန္သု 1:21
28 Iomraidhean Croise  

အဲအချိန်တွင် ယေရှုဟ “ခေါန်းခင်နဲ့ မြေကြီးရဲ့ အဆှင်သခင်ဖြစ်သော အဖ၊ ကိုယ်တော်ဟ အသိပညာဆှင်များအား သိခွင့်မပေးဘဲထားလဲ့အရာများဟို ပညာမဲ့သူလို့အား ဖွင့်ပြသဖြင့် ကျေးဇူးတော်ဟို ချီးမွန်းအယ်။


သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် ယေရှုဟ ဝမ်းမြောက်ခြင်းနဲ့ ပြေ့နေချိန်နှိုက် ကိုယ်တော်ဟ “အဖ၊ ခေါန်းခင်နဲ့ မြေကြီးရဲ့ အဆှင်၊ ပညာဆိများနဲ့ ဉာဏ်ထက်မြက်သောသူများအား ဟေအရာလို့ဟို အောင်းထားလျက် မသိနားမလည်သော သူများဟို ပြသပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ မန်အယ်၊ အဖ၊ အေးလို့ ဖြစ်ပျက်ရလဲ့အကျောန်းဟ ကိုယ်တော် အလိုဆိသောကျောန့် ဖြစ်အယ်။


“သိုးစုသငယ်၊ မကြောက်ကြနဲ့၊ နင်လို့ရဲ့ အဖဟ နင်လို့အား နိုင်ငံတော်ဟို ပေးရန် အလိုတော်ဆိအယ်။


အခု ဟေလောကရဲ့ တရားစီရင်ခြင်း ကာလ ဖြစ်အယ်၊ ဟေလောကဟို အစိုးရသောသူဟလည်း အခုပင် ပြင်သို့ မောင်းထုတ်ခြင်းဟို ခံရလိမ့်မယ်။


အေးမှတပါး သူလို့ဟ ဘုရားသခင်ဟို မသိမှတ်လိုသောကျောန့် ဘုရားသခင်ဟ သူလို့ဟို ယုတ်ညံ့သော စိတ်ဆေဟို အပ်လိုက်သဖြင့် သူလို့ဟ မပြုအပ်သောအရာများဟို ပြုကြကုန်အယ်။


ဘုရားသခင်ရဲ့ အသိပညာနဲ့ ဉာဏ်ပညာ၊ ချမ်းသာကြွယ်ဝမှုဟ ရမ်းဆာ့ နက်နဲလှပါလား။ ကိုယ်တော်ရဲ့ စီရင်ဆုံးဖြတ်များဟို ဆှင်းပြနိန်သူ မဆိပါလား။ ကိုယ်တော်ရဲ့ နည်းလမ်းများဟို နားလည်နိန်သောသူ မဆိပါလား။


အကျောန်းမှာ လက်ဝါးကပ်တိုင်တွင် ခရစ်တော် အသေခံခြင်း တည်းဟူသော တရားဟ ဆုံးရှုံးမဲ့သူများအတွက် အနက်အဓိပ္ပာယ် မဆိလဲ့အရာ ဖြစ်အယ်၊ အားပေမဲ့ ကယ်တင်ခြင်း ခံသော ငါလို့အတွက် ဘုရားသခင်ရဲ့ တန်ခိုးတော် ဖြစ်အယ်။


ငါလို့ဟ လက်ဝါးကပ်တိုင်တွင် အသေခံသော ခရစ်တော်ရဲ့ အကျောန်းဟို ဟောပြောကြအယ်၊ အဲအကျောန်းအရာဟ ယုဒလူမျိုးလို့အတွက် မနှစ်မြို့စရာဖြစ်ပင်း လူမျိုးခြားလို့အတွက် အနက်အဓိပ္ပာယ် မဆိလဲ့အရာ ဖြစ်အယ်။


အားပေမဲ့ ယုဒအမျိုးသား ဖြစ်စေ၊ လူမျိုးခြား ဖြစ်စေ၊ ခေါ်သောသူလို့နှိုက် ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ ဘုရားသခင်ရဲ့ ဉာဏ်ပညာဟူသော ခရစ်တော်ရဲ့ တရား ဖြစ်အယ်။


ဘုရားသခင်ရဲ့ မိုက်မဲခြင်းအရာဟ လူလို့ရဲ့ ပညာထက် ပိုယွေ့ ပညာဆိအယ်၊ ဘုရားသခင်ရဲ့ အားနည်းခြင်းအရာဟ လူလို့ရဲ့ ခွန်အားထက် ပိုယွေ့ အားကြီးအယ်။


ဘုရားသခင်ဟ ပညာဆိလို့ဟို ဆှက်ကြောက်စေရန်၊ လောကီအရာနှိုက် မိုက်မဲသောသူလို့ဟို ရွေးကောက်အယ်။ အစွမ်းသတ္တိဆိသော သူလို့ဟို ဆှက်ကြောက်စေရန် လောကီအရာနှိုက် အားနည်းသောသူလို့ဟို ရွေးကောက်လေအယ်။


အားပေမဲ့ ငါလို့အား ဟေသို့ သခင်ဘုရားအားဖြင့် စီရင်ခြင်းမှာ ငါလို့အား လောကီသားလို့နဲ့အတူ အပစ်ဒဏ် မခံရစေရန် ဆုံးမခြင်း ဖြစ်အယ်။


ဝိညာဉ်တော်ဟို မခံယူသူဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော် ချပေးလဲ့ ဆုကျေးဇူးများဟို မခံယူနိန်။ ဝိညာဉ်ရေးဟို အခြေခံမှသာလျှင် အဲအရာများရဲ့ တန်ဖိုးဟို အကဲဖြတ်နိန်သဖြင့် ဝိညာဉ်တော် မခံယူသူဟ ဆုကျေးဇူးများအကျောန်းဟို အကယ်ပင် နားမလည်နိန်၊ သူရဲ့ အတွက် အဲအရာလို့ဟ အနက်အဓိပ္ပာယ် ကင်းမဲ့သောအရာများသာလျှင် ဖြစ်ကြအယ်။


ငါလို့ဟ ခရစ်တော်အတွက် လူမိုက် ဖြစ်ကြအယ်။ အားပေမဲ့ နင်လို့ဟ ခရစ်တော်နှိုက် ပညာဆိ ဖြစ်ကြအယ်။ ငါလို့ဟ အားနည်းသောသူ ဖြစ်အယ်။ အားပေမဲ့ နင်လို့ဟ အားကောင်းသောသူ ဖြစ်အယ်။ ငါလို့ဟ အသရေမဲ့သောသူ ဖြစ်အယ်။ အားပေမဲ့ နင်လို့ဟ အသရေဆိသောသူ ဖြစ်အယ်။


သန့်ဆှင်းသူလို့ဟ လောကီနိုင်ငံဟို တရားစီရင်မယ်ဟု မသိကြသလော။ နင်လို့ဟ လောကီနိုင်ငံဟို စီရင်ရတာ မန်လျှင်၊ ကတစ်သောအမှုများဟို မစီရင်ထိုက်သလော။


အဲလိုလဲ ဘုရားသခင်ဟ ငါ့ဟို မမွေးခင်ကပင် ကျေးဇူးတော်အားဖြင့် ရွေးချယ်ခဲ့ပင်း ငါ့ဟို သူရဲ့အစေခံရန် ခေါ်ခဲ့အယ်။ အားပင်း သူဆုံးဖြတ်သောအခါ


အတိတ်မှာ နင်လို့ဟ ဘုရားသခင်ဟို မသိခဲ့ကြသဖြင့် နင်လို့ဟ ဘုရားမဟုတ်သော အရာလို့နှိုက် ကျွန်ခံခဲ့အယ်။


ဘုရားသခင်ဟ သူရည်ရွယ်ထားလဲ့အတိုင်း လုပ်ဆောင်ခဲ့ပင်း ခရစ်တော်အားဖြင့် ပီးမြောက်ရန် သူဆုံးဖြတ်ထားပီးသော လျှို့ဝှက်အစီအစဉ်ဟို ငါလို့အား အသိပေးခဲ့အယ်။


အဲလို့မို့ အထက်ခေါန်းခင်အရပ်နှိုက်ဆိသော ခေါန်းခင်တမန် အုပ်စိုးဆှင်များနဲ့ တန်ခိုးအာဏာများဟို အခုအချိန်နှိုက် အသင်းတော်အားဖြင့် ဘုရားသခင်ရဲ့ အထူးထူးအပြားပြားသော ဉာဏ်ပညာကို သိလာကြစေရန် ဖြစ်အယ်။


အကျောန်းမှာ ဘုရားသခင်ရဲ့ အလိုတော်အရ သားတော်ဟ ဘုရားဇာတိဟို အပြေ့ဝ ခံယူအယ်။


ခေါန်းခင်တမန်အားလုံးလို့ဟ ကယ်တင်ခြင်းဟို အမွေဆက်ခံမဲ့သူများရဲ့ အမှုဟို ဆောင်ရွက်ရန် စေလွှတ်ခြင်းခံရလဲ့ အစေခံ ဝိညာဉ်များ ဖြစ်ကြတာ မဟုတ်လော။


ဟေမျှလောက်ကြီးမြတ်လဲ့ ကယ်တင်ခြင်းဟို လျစ်လျူရှုရင် ငါလို့ဟ အပစ်ဒဏ်မှ စလို လွတ်နိန်ကြမှာတုန်း၊ သခင်ဘုရားဟ ဦးရင် ဟောပြောသော ဟေကယ်တင်ခြင်းတရားဟ ကြားနာသော သူလို့မှတဆင့် ငါလို့ဆေနှိုက် အတည်ပြုခြင်း ခံရအယ်။


အဲကျောန့် ကိုယ်တော်ဟ မိမိအားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူလို့ဟို အပြေ့အဝ ကယ်တင်နိန်အယ်၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် အသနားခံပေးရန် အစဉ်အမြဲ အသက်ဆှင်လျက် ဆိအယ်။


ဖောက်ပြန်သောသူလို့၊ လောကနဲ့ မိတ်ဖွဲ့ခြင်းဟ ဘုရားသခင်ဟို ရန်ဘက်ပြုခြင်း ဖြစ်ကျောန်း နင်လို့ မသိကြသလော။ အဲကျောန့် လောကရဲ့ မိတ်ဆွေ ဖြစ်လိုသောသူဟ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်အယ်။


ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းဟ လူနာအား ကျန်းမာစေလိမ့်မယ်။ သခင်ဘုရားဟ သူ့အား ကျန်းမာလာစေယွေ့ သူပြုမိသော အပစ်များဟိုလည်း ဖြေလွှတ်လိမ့်မယ်။


အပစ်ဆိသောသူဟို မားယွင်းသောလမ်းမှ ပြန်စေသောသူဟ အပစ်ဆိသောသူရဲ့ စိတ်ဝိညာဉ်ဟို သေခြင်းမှ ကယ်တင်ယွေ့ ရမ်းဆာ့သော အပစ်လို့ဟို ဖုံးအုပ်တတ်တာဟု အဲသူဟ သိမှတ်စေ။


Lean sinn:

Sanasan


Sanasan