Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ ကောရိန္သု 1:10 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

10 ညီအကို မောင်နှမလို့၊ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နင်လို့အား တောင်းပန်အယ်။ စိတ်ဝမ်းကွဲပြားမှု မဆိစေရန် နင်လို့အား စကားအပြောအဆိုတွင် ညီညွတ်မှု ဆိကြလော့။ စိတ်ကူးတခုတည်း ရည်ရွယ်ချက် တခုတည်းဖြင့် စည်းလုံးမှု ဆိကြလော့။

Faic an caibideil Dèan lethbhreac




၁ ကောရိန္သု 1:10
44 Iomraidhean Croise  

“စသူမျှ ပိတ်စသစ်နဲ့ အထည်ဟောင်းဟို ဖာလေ့ မဆိ။ အကျောန်းမှာ ဖာထားသော ပိတ်စသစ်ဟ အဝတ်ဟို ရုန်းသဖြင့် အပေါက်ကျယ်တတ်အယ်။


“စသူမျှ အဝတ်ဟောင်းဟို ပိတ်စသစ်နဲ့ မဖာတတ်။ မဟုတ်ရင် အသစ်ဖာထားသော ပိတ်စဟ အဝတ်ဟောင်းဟို ရုန်းသဖြင့် အပေါက်ဟ ပိုကြီးစေတတ်အယ်။


နိုင်ငံတနိုင်ငံဟ အတွင်းနှိုက် ဆန့်ကျင်ကွဲပြားနေရင်၊ အေးနိုင်ငံဟ မတည်နိန်ဝူး၊


ဟေစကားကြားလဲ့ ယုဒလူလို့ဟ စိတ်သဘောထား ကွဲလွဲသွားကြအယ်။


ငါဟ သူလို့နှိုက်လည်းကောင်း၊ ကိုယ်တော်ဟ ငါနှိုက်လည်းကောင်း တည်ဆိသဖြင့် သူလို့ဟ တလုံးတဝတည်းဖြစ်သောအားဖြင့် ကိုယ်တော်ဟ ငါ့အား စေလွှတ်ကျောန်းနဲ့ ငါ့ဟို ချစ်သလို သူလို့ဟိုလည်း ချစ်ကျောန်းဟို လောကသားလို့ဟ သိစေခြင်းငှာလည်းကောင်း ကိုယ်တော်ဟ ငါ့အားပေးသော ဘုန်းအသရေဟို ငါဟ သူလို့အား ပေးပါပီ။


အဲလိုမို့ ယေရှုကျောန့် လူအုပ်လို့ထဲမှာ စိတ်သဘောကွဲလွဲလျက် နေကြအယ်။


ဖာရိရှဲအချို့လို့ဟ “အေးသူသည် ဥပုသ်နေ့ဟို မစောင့်ထိန်းသောကျောန့် ဘုရားသခင်ဆေမှ လာသောသူ မဟုတ်” ဟု ဆိုအယ်။ အခြားသောသူလို့ဟ “အပစ်သားဖြစ်သောသူတဦးဟ ဟေလို့သော နိမိတ်လက္ခဏာလို့ဟို စလို ပြုလုပ်နိန်မှာလဲ” ဟု ဆိုကြအယ်။ အားပင်း သူလို့ထဲတွင် ကွဲပြားခြင်း ဆိကြအယ်။


ယုံကြည်သောသူအားလုံးဟ စိတ်နေလုံး တညီတညွတ်တည်း ဖြစ်ကြသဖြင့် စသူမျှ မိမိရဲ့ ဥစ္စာပစ္စည်းများဟို မိမိပိုင်တာဟု မဆိုဘဲ၊ ဆိသမျှသောအရာလို့ဟို ဘုံစုအဖြစ် ထားကြအယ်။


ငါရဲ့ မိတ်ဆွေလို့ နင်လို့ဆေဟို အလည်လာဖို့ အကြိမ်များစွာ စီစဉ်ခဲ့သော်လည်း အခုတိုင်အောန် တားဆီးခြင်းခံရကျောန်းဟို နင်လို့သိဖို့ ငါ အလိုဆိအယ်။ အခြားတပါးသော တပါးအမျိုးသားလို့တွင် အောင်မြင်သလိုမျိုး နင်လို့တွင် ပြောင်းလဲခြင်းဟို ငါ အလိုဆိအယ်ဖြစ်ကျောန်း နင်လို့ဟ သတိရရမယ်။


ညီအကို မောင်နှမလို့၊ ဘုရားသခင်ရဲ့ ကရုဏာအားဖြင့် နင်လို့ဟို ငါ တိုက်တွန်း နှိုးဆော်လိုတာဟ နင်လို့ရဲ့ ကိုယ်ခန္ဓာဟို ဘုရားသခင် နှစ်သက်လဲ့ သန့်ဆှင်းယွေ့ အသက်ဆှင်သော ယဇ်အဖြစ် ပူဇော်ကြလော့။ ဟေဟာဟ ကိုယ်တော်အား နင်လို့ ပြုအပ်သော စစ်မန်သော ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်အယ်။


အချင်းချင်း သဟဇာတဖြစ်အောန် နေထိန်လော့။ မာနမကြီးပါနဲ့၊ အဲလိုလဲ နိမ့်ကျသော သူလို့ဟို အပေါင်းအဖော်လုပ်ရန် ဆန္ဒဆိပါ၊ ကိုယ့်ကိုယ်ကို ပညာဆိအယ်လို့ မထင်ပါနဲ့။


ညီအကို မောင်နှမလို့၊ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်နဲ့ ဝိညာဉ်တော်ရဲ့ မေတ္တာတော်အားဖြင့် ဘုရားသခင်ဆေ စိတ်အားထက်သန်စွာ ဆုတောင်းခြင်းဖြင့် ငါရဲ့ ဒုက္ခဝေဒနာဟို မျှဝေခံစားဖို့ရန် နင်လို့အား ငါ တိုက်တွန်း နှိုးဆော်ပါအယ်။


ငါ့ ညီအကို မောင်နှမလို့ နင်လို့ ခံယူရပင်းသော ဆုံးမဩဝါဒများဟို ဆန့်ကျင်လျက် လူလို့အား ကွဲပြားစေခြင်း၊ လူလို့ရဲ့ ယုံကြည်ချက်ဟို စိတ်ပျက်စေသောသူလို့အား သတိပြုလျက် ဆှောင်ဆှားကြလော့ဟု နင်လို့ဟို တိုက်တွန်း နှိုးဆော်ပါအယ်။


ညီအကို မောင်နှမလို့၊ နင်လို့ဟ အချင်းချင်း ခိုက်ရန်ဖြစ်လျက် ဆိကြကျောန်းဟို ခလောဣ အိုင်သားများဆေမှ ငါ ကြားသိရအယ်။


ပထမအကျောန်းမှာ၊ နင်လို့ဟ အသင်းတော်နှိုက် စည်းဝေးကြသောအခါ အချင်းချင်းကွဲပြားခြင်း ဆိတာဟို ငါကြားရအယ်။ ကြားရလဲ့အတိုင်း အချို့တဝက် မန်လိမ့်မယ်ဟု ငါယုံကြည်အယ်။


အဲလိုမို့ ကိုယ်အင်္ဂါ အစိတ်အပိုင်း အချင်းချင်း စိတ်ဝမ်းကွဲပြားမှု မဆိဘဲ အချင်းချင်းရဲ့ အကျိုးဟို ပြုစုလျက် ဆိကြအယ်။


နင်လို့ဟ လောကီသားများ အဆင့်တန်းနှိုက်သာ နေကြသေးအယ်။ အချင်းချင်း မနာလိုလျက်၊ ရန်ဖြစ်လျက် နေကြတာဟ လောကီသား အဆင့်အတန်းနှိုက်ပင် နင်လို့ ဆိကြသေးယွေ့ မဟုတ်လော၊ လောကီထုံးစံအတိုင်း ကျင့်ကြံနေကြတာ မဟုတ်လော။


အဲကျောန့် ငါရဲ့ စံနမူဟို လိုက်ကြရန် ငါ တောင်းပန်အယ်။


ခရစ်တော်ရဲ့ စိတ်နှိမ့်ချမှု၊ သနားကြင်နာမှုကျောန့် ငါဟ နင်လို့နဲ့ မျက်နှာချင်းဆိုင်ရသောအခါ ကြောက်ရွံ့သော်လည်း၊ နင်လို့နဲ့ ဝေးသောအခါ ရဲရင့်ခြင်းဆိသော ငါ ပေါလုဟ နင်လို့အား တောင်းပန်အယ်။


နောက်ဆုံးအနေဖြင့်၊ ညီအကိုလို့ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းဟို ရောက်ကြလော့၊ နှစ်သိမ့်ခြင်းဟို ခံစားကြလော့၊ စိတ်တညီတညွတ်တည်း ဆိယွေ့ သင့်မြတ်စွာ နေကြလော့။ ချစ်ခြင်း မေတ္တာနဲ့ ငြိမ်သက်ခြင်းလို့ရဲ့ ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။


ငါလို့ အားနည်းရင်လည်း နင်လို့ အားကြီးသောအခါ ငါလို့ ဝမ်းမြောက်ကြအယ်။ နင်လို့ဟ ပြေ့ဝစုံလင်သောသူ ဖြစ်ကြရန်အတွက်လည်း ငါလို့ ဆုတောင်းကြအယ်။


အဲကျောန့် ဘုရားသခင်ဟ ငါလို့မှတဆင့် တိုက်တွန်းတာဖြစ်ယွေ့ ငါလို့ဟ ခရစ်တော်ရဲ့ သံတမန်များ ဖြစ်ကြအယ်။ အဲကျောန့် “ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ကြလော” ဟု ခရစ်တော်ရဲ့ ကိုယ်စား ငါလို့ တောင်းပန်အယ်။


ငါလို့ဟ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြတာနဲ့အညီ နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို အလကားကား မခံယူကြနဲ့ဟု နင်လို့အား တိုက်တွန်းနှိုးဆော်အယ်။


ငါ့မိတ်ဆွေလို့၊ ငါလိုမျိုးဖြစ်ကြပါလို့ နင်ဟို ငါ တောင်းပန်ပါအယ်။ နောက်ဆုံးမှာတော့ ငါဟ နင့်လိုပဲ ဖြစ်အယ်။ နင် ငါ့ဟို ပစာအမားမှ လုပ်ခဲ့ဝူး။


စလိုပင်ဖြစ်စေ နင်လို့ဟ ခရစ်တော်ရဲ့ ဧဝံဂေလိတရားနဲ့ ထိုက်တန်စွာ ပြုမူနေထိန်ရန် ဖြစ်အယ်။ အဲလိုမို့ ငါလာယွေ့ နင်လို့ဟို တွေ့တာ ဖြစ်စေ၊ မတွေ့တာ ဖြစ်စေ၊ နင်လို့နဲ့ အဝေးမှာ နေယွေ့ နင်လို့အကျောန်း ကြားသိအခါနှိုက် ဖြစ်စေ၊ နင်လို့ဟ ဝိညာဉ်တော်နှိုက် တည်ကြည်ယွေ့ ဧဝံဂေလိတရားဟို ယုံကြည်ခြင်းအတွက် တညီတညွတ်တည်း ကြိုးစားကြတာဟို ငါ သိလိမ့်မယ်။


စလိုပင်ဖြစ်စေ ငါလို့ဟ မိမိလို့ရောက်ဆိလဲ့ အနေအထားနဲ့အညီ လိုက်ဆှောက်ကြစို့။


သူလို့ လုပ်ဆောင်သော အမှုအတွက် မေတ္တာစိတ်နဲ့ သူလို့ဟို တန်ဖိုးထားကြရန် လည်းကောင်း၊ နင်လို့အား ငါလို့ တောင်းပန်အယ်။ အချင်းချင်း သင့်မြတ်စွာ နေကြလော့။


ညီအကိုလို့၊ ငါလို့ သခင် ယေရှု ခရစ်ရဲ့ ကြွလာခြင်း အကျောန်းနဲ့ ကိုယ်တော်ဆေနှိုက် ငါလို့အတူတကွ စုဝေးခြင်း အကျောန်းနဲ့ ပတ်သက်ပင်း နင်လို့ဟို ငါလို့ ပြောအယ်။


နင်ဟ ဟေအရာလို့ဟို ခွဲခြားခြင်း မဆိဘဲ စောင့်ဆှောက်ယွေ့ စလိုအရာဟိုမျှ ဘက်လိုက်ခြင်း မဆိဘဲ ပြုမူရန် ဘုရားသခင်နဲ့ ခရစ်တော် ယေရှုမှစယွေ့ ရွေးချယ်ခံရသော ခေါန်းခင်တမန်လို့ဆေ့နှိုက် ငါအလေးအနက် တိုက်တွန်းအယ်။


ငါဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် လည်းကောင်း၊ အသက်ဆှင်သောသူလို့နဲ့ သေသောသူလို့ဟို စီရင်မဲ့ ခရစ်တော် ယေရှုရဲ့ ဆေ့နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ပေါ်ထွန်းခြင်းနဲ့ ကိုယ်တော်ရဲ့ နိုင်ငံတော်ဟို အကျောန်းပြုယွေ့ နင့်အား အလေးအနက် တိုက်တွန်းတာဟ


ချစ်သော မိတ်ဆွေလို့၊ နင်လို့ဟ ဧည့်သည်အာဂန္တုများ ဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ဟို ဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများဟို ဆှောင်ကြဉ်ကြရန် နင်လို့ဟို ငါ တိုက်တွန်းနှိုးဆော်အယ်။


နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။


Lean sinn:

Sanasan


Sanasan