8 အခြားသောသူတို့က “အရိယာသူတော်စင်ဧလိယ ပြန်လည်ကြွလာပြီ” ဟူ၍လည်းကောင်း၊ အချို့ကလည်း “ရှေးယခင်ကရှိခဲ့သော အရိယာသူတော်စင်များထဲမှတစ်ပါး အသက်ပြန်ရှင်လာပြီ” ဟူ၍လည်းကောင်း ပြောဆိုနေကြသောကြောင့် ဖြစ်၏။
ထိုအခါ တပည့်တော်တို့က “လူအချို့က ကိုယ်တော့်ကို ရေနှစ်မင်္ဂလာဆရာယောဟန်ဟုဆိုကြ၏။ အချို့က အရိယာသူတော်စင်ဧလိယဟုလည်း ဆိုကြ၏။ ကျန်အချို့ကမူ ရှေးယခင်ကရှိခဲ့သော အရိယာသူတော်စင်တစ်ပါး အသက်ပြန်ရှင်လာခြင်းဖြစ်သည်ဟူ၍လည်း ဆိုကြပါ၏” ဟုလျှောက်တင်ကြလေ၏။