59 ထို့နောက် ကိုယ်တော်က အခြားသူတစ်ဦးကို သူနှင့်အတူ လိုက်ပါရန်ခေါ်သဖြင့် ထိုသူက “ကိုယ်တော်၊ အကျွန်ုပ်၏ဖခင်ကို ဦးစွာသွား၍ သင်္ဂြိုဟ်ခွင့်ပြုတော်မူပါ” ဟုလျှောက်တင်ရာ
ကိုယ်တော်က “ကိုယ်ခန္ဓာသေသောသူတို့အား စိတ်ဝိညာဉ်သေနေသောသူတို့က သင်္ဂြိုဟ်ကြပါစေ။ သင်မူကား ဘုရားရှင်၏သာသနာတော်အကြောင်းကို လူတို့ကို လိုက်လံဟောပြောလော့” ဟုမိန့်တော်မူ၏။