51 ထို့နောက် ကိုယ်တော်သည် ရွှေမြို့တော်သို့ ဆောင်ယူခြင်းကို ခံတော်မူရန် အချိန်မဝေးတော့သဖြင့် ဂျေရုဆလင်မြို့သို့ သွားရန် စိတ်ပိုင်းဖြတ်လိုက်လေ၏။
သို့သော် မကြာမီတွင် ငါသည် ပြင်းထန်သည့်ဒုက္ခဝေဒနာနှင့် နှစ်ခြင်းမင်္ဂလာတစ်ခုကို ခံယူရဦးမည်။ ထိုအရာမပြီးဆုံးခင်အချိန်ထိ ငါသည် စိတ်ဖိစီးမှုကို ပြင်းထန်စွာခံစားနေရဦးမည်ဖြစ်သည်။
ထို့နောက် ကိုယ်တော်သည် လမ်းခရီးစဉ်တစ်လျှောက်တွင်ရှိသော မြို့ရွာများရှိ လူထုပရိသတ်တို့ကို ဟောပြောသွန်သင်တော်မူလျှက် ဂျေရုဆလင်မြို့သို့ ကြွတော်မူ၏။
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ သွားရာလမ်းရှိ ရှမာရိပြည်နှင့် ဂါလိလဲပြည်တို့၏နယ်စပ်ကြားကို ဖြတ်သွားတော်မူ၏။
ထို့နောက် ကိုယ်တော်က သာဝကတစ်ဆယ့်နှစ်ဦးကို အနားသို့လာစေ၍ “နားထောင်ကြ။ ယခု ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားရာလမ်းတွင် ရောက်နှင့်ကြပြီ။ ထိုနေရာ၌ လူ့သားတော်နှင့်ပတ်သက်၍ အရိယာသူတော်စင်တို့ ကြိုတင်ရေးသားထားခဲ့သမျှတို့သည် ဖြစ်ပျက်လာရတော့မည်။
ထိုအချိန်၌ ကိုယ်တော်သည်လည်း ဂျေရုဆလင်မြို့အနီးသို့ ရောက်ရှိလာသဖြင့် လူထုပရိသတ်တို့သည် ကိုယ်တော်ထိုမြို့သို့ ရောက်သည်နှင့် ဘုရားရှင်၏သာသနာတော်သည် ချက်ချင်းပေါ်ထွန်းလာတော့မည်ဟု လွဲမှားစွာတွေးတောနေကြလေ၏။ ထို့ကြောင့် ကိုယ်တော်က လူထုပရိသတ်တို့ နားထောင်နေကြစဉ်တွင် သူတို့အား ပုံဥပမာတစ်ခုကို မိန့်ဆိုသည်မှာ
ကိုယ်တော်သည် ထိုသို့ဟောပြော၍ ပြီးသောအခါ ဂျေရုဆလင်မြို့သို့ ဆက်လက်ကြွတော်မူ၏။
ထိုသို့ ကောင်းကြီးပေးနေစဉ်မှာပင် ကိုယ်တော်ယေရှုသည် တပည့်တော်တို့ထံမှ ထွက်ခွာ၍ ရွှေမြို့တော်သို့ ခေါ်ဆောင်ခြင်းကို ခံယူတော်မူလေ၏။
ကိုယ်တော်နှင့်တပည့်တော်တို့ သွားရာလမ်းခရီးတွင် လူတစ်ဦးသည် ကိုယ်တော်အား “ကိုယ်တော်ကြွတော်မူသည့်နေရာတိုင်းကို အကျွန်ုပ်လိုက်ပါမည်” ဟုလျှောက်ထားလေရာ