Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 9:44 - Musselmani Burmese

44 သင်တို့သည် ယခုငါဆိုသည်ကို အာရုံစိုက်၍နားထောင်ကြလော့။ လူ့သားတော်ဖြစ်သည့် ငါသည် ရန်သူများလက်သို့ အပ်နှံခြင်းကို ခံရတော့မည်” ဟုမိန့်တော်မူ၏။

Faic an caibideil Dèan lethbhreac




Luke 9:44
26 Iomraidhean Croise  

ကြားကြသူအပေါင်းတို့သည် စိတ်နှစ်လုံးတွင်မှတ်သား၍ “ဤကလေးငယ် မည်သို့သောသူဖြစ်လိမ့်မည်နည်း” ဟု ပြောဆိုကြ၏။ အလ္လာဟ်အရှင်မြတ်၏ “ကူဒူရသ်” တန်ခိုးတော်သည် ကလေးငယ်နှင့်အတူရှိတော်မူ၏။ ဇကရိယာ၏ဟောပြောချက်


ထို့နောက် ကိုယ်တော်က သာဝကတစ်ဆယ့်နှစ်ဦးကို အနားသို့လာစေ၍ “နားထောင်ကြ။ ယခု ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားရာလမ်းတွင် ရောက်နှင့်ကြပြီ။ ထိုနေရာ၌ လူ့သားတော်နှင့်ပတ်သက်၍ အရိယာသူတော်စင်တို့ ကြိုတင်ရေးသားထားခဲ့သမျှတို့သည် ဖြစ်ပျက်လာရတော့မည်။


မာရိမူကား ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာအားလုံးတို့ကို အောက်မေ့သတိရလျှက် ထိုအရာတို့သည် မည်ကဲ့သို့အဓိပ္ပါယ်ရှိသည်ကို ထပ်ခါထပ်ခါ တွေးတောနေခဲ့လေ၏။


ထိုနောက် ကလေးငယ်ယေရှုသည် မာရိနှင့် ယောသပ်တို့နှင့်အတူ နာဇရက်မြို့သို့ ပြန်ကြပြီး သူတို့စကားကို နာခံလျက်နေတော်မူ၏။ သို့သော် သူ၏မိခင်သည် ဤအကြောင်းအရာ အလုံးစုံတို့ကို သူမ၏စိတ်နှလုံး၌ တွေးတော၍နေလေ၏။


ထို့နောက် ကိုယ်တော်က “မောရှေ၏ပညတ်ကျမ်း၊ အရိယာသူတော်စင်တို့၏ကျမ်းများနှင့် ဆာလံကျမ်းတို့၌ ငါ၏အကြောင်းကို ဖော်ပြထားသည့်အတိုင်း အမှန်တကယ်ဖြစ်လာလိမ့်မည်ဟု သင်တို့အား ငါမိန့်ဆိုခဲ့သည့်အကြောင်းအရာတို့သည် ဤအဖြစ်အပျက်များပင်ဖြစ်ကြ၏” ဟုမိန့်တော်မူ၏။


ထို့နောက် ကိုယ်တော်က တပည့်တော်များအား “လူ့သားတော်သည် လူမျိုးအကြီးအကဲများ၊ ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများ၏ငြင်းပယ်ခြင်းကို ခံရ၍ အသေသတ်ခြင်းကိုခံရပြီး သုံးရက်မြောက်သောနေ့၌ အသက်ပြန်ရှင်တော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။


Lean sinn:

Sanasan


Sanasan