42 ထိုသူငယ်လာနေစဉ်တွင် မကောင်းဆိုးဝါးသည် သူ့အား ဝင်ပူးပြီး တစ်ကိုယ်လုံးကို တုန်လှုပ်စေလေ၏။ ကိုယ်တော်သည် မကောင်းဆိုးဝါးအား ဆုံးမ၍ သူငယ်ကို ကျန်းမာစေပြီးမှ သူ့ဖခင်ထံသို့ ပြန်လည်အပ်နှံလေ၏။
ထိုအခါ သေနေသောသူသည် ထထိုင်လိုက်ပြီး စတင်စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့အား မိခင်ထံသို့ ပြန်လည်အပ်နှံလေ၏။
သူ့ကို မကောင်းဆိုးဝါးသည် ပူးဝင်နှိပ်စက်နေသောကြောင့် သူသည် အလန့်တကြား အော်ဟစ်၍ တစ်ကိုယ်လုံး တုန်လှုပ်ကာ ပါးစပ်မှ အမြှုပ်များထွက်လာတတ်ပါ၏။ ထိုမကောင်းဆိုးဝါးသည် သူ့ကို ပင်ပန်းနာကျင်စေလျှက် သူ့အထဲမှလည်း ထွက်ခဲလှပါ၏။
ထိုအခါ ကိုယ်တော်က လူပရိသတ်အပေါင်းတို့အား “အို ယုံကြည်ခြင်းမရှိ၊ လမ်းလွဲဖောက်ပြန်နေသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍ သင်တို့ကို သည်းခံနေရဦးမည်နည်း” ဟုမိန့်တော်မူပြီးလျှင် ကိုယ်တော်က ထိုလူအား “သင်၏သားကို ငါ့ထံခေါ်ခဲ့လော့” ဟုမိန့်တော်မူ၏။
လူအပေါင်းတို့သည်လည်း ဘုရားရှင်၏တန်ခိုးတော်ကို ဖူးမြင်ကြရ၍ အံ့ဩမဆုံး ဖြစ်နေလေ၏။ ကိုယ်တော် ပြုတော်မူသောအရာအားလုံးကို လူအပေါင်းတို့ အံ့ဩနေကြစဉ် ကိုယ်တော်သည် တပည့်တော်တို့အား