37 နောက်တစ်နေ့တွင် ကိုယ်တော်ယေရှုနှင့် ထိုတပည့်တော်သုံးဦးတို့သည် တောင်ပေါ်မှ ဆင်းလာကြရာ များစွာသောလူထုပရိသတ်တို့က သူတို့အား ကြိုဆိုကြလေ၏။
လူထုပရိသတ်ထဲမှ လူတစ်ဦးက “ကိုယ်တော်၊ အကျွန်ုပ်၏သားကို ကျန်းမာစေပါရန် အကျွန်ုပ်တောင်းပန်ပါ၏။ သူသည် အကျွန်ုပ်၏တစ်ဦးတည်းသောသားဖြစ်ပါ၏။