ထို့နောက် မောရှေနှင့်ဧလိယတို့ ထွက်ခွာချိန်တွင် ပေတရုက ကိုယ်တော်အား “ကိုယ်တော်၊ ဤအရပ်သည် နေချင်စဖွယ်ကောင်းသောနေရာဖြစ်သဖြင့် ကိုယ်တော့်အတွက် တဲတော်တစ်ဆောင်၊ ဧလိယအတွက် တဲတော်တစ်ဆောင်နှင့် မောရှေအတွက် တဲတော်တစ်ဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပေးပါရစေ” ဟုလျှောက်ထားလေ၏။ သို့သော် သူသည် သူ့ကိုယ်သူ မည်သည်ကို ပြောလိုက်သည်ကိုပင် မသိချေ။