Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 9:33 - Musselmani Burmese

33 ထို့နောက် မောရှေနှင့်ဧလိယတို့ ထွက်ခွာချိန်တွင် ပေတရုက ကိုယ်တော်အား “ကိုယ်တော်၊ ဤအရပ်သည် နေချင်စဖွယ်ကောင်းသောနေရာဖြစ်သဖြင့် ကိုယ်တော့်အတွက် တဲတော်တစ်ဆောင်၊ ဧလိယအတွက် တဲတော်တစ်ဆောင်နှင့် မောရှေအတွက် တဲတော်တစ်ဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပေးပါရစေ” ဟုလျှောက်ထားလေ၏။ သို့သော် သူသည် သူ့ကိုယ်သူ မည်သည်ကို ပြောလိုက်သည်ကိုပင် မသိချေ။

Faic an caibideil Dèan lethbhreac




Luke 9:33
13 Iomraidhean Croise  

ရှိမုန်ကလည်း “ကိုယ်တော်၊ အကျွန်ုပ်တို့ တစ်ညလုံး ပင်ပင်ပန်းပန်း ကြိုးစား၍ ငါးဖမ်းခဲ့သော်လည်း ငါးတစ်ကောင်တစ်လေမှ မရခဲ့ပါ။ သို့ရာတွင် ကိုယ်တော်စေခိုင်းသည့်အတွက် အကျွန်ုပ် ငါးဖမ်းပိုက်ကို ထပ်၍ ချလိုက်ပါမည်” ဟုဖြေလေ၏။


ပေတရု ထိုသို့လျှောက်ထားနေစဉ် မိုးတိမ်တိုက်တစ်ခုသည် သူတို့အပေါ်မှ အုပ်မိုးထား၍ လွှမ်းခြုံလာသဖြင့် သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်လာကြ၏။


ထို့နောက် ယောဟန်က “ကိုယ်တော်၊ ကိုယ်တော်၏နာမကိုအသုံးပြု၍ လူတို့ထံမှ မကောင်းဆိုးဝါးများကို နှင်ထုတ်နေသောသူတစ်ဦးကို အကျွန်ုပ်တို့ တွေ့မြင်ခဲ့ပါသည်။ ထိုသူသည် အကျွန်ုပ်တို့နှင့်အတူ လိုက်ပါလာသူမဟုတ်သဖြင့် အကျွန်ုပ်သည် သူ့အား ဤကဲ့သို့မပြုလုပ်ရန် တားမြစ်ခဲ့ပါသည်” ဟုလျှောက်တင်လေရာ


Lean sinn:

Sanasan


Sanasan