3 ကိုယ်တော်က သာဝကတို့အား “သင်တို့သွားသောအခါ သင်တို့နှင့်အတူ မည်သည့်အရာကိုမျှ ယူမသွားကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ အစားအစာ၊ ငွေ၊ အဝတ်အပိုစသည့်အရာတို့ကိုလည်း ယူမသွားကြနှင့်။
တဖန် ကိုယ်တော်က တပည့်တော်တို့အား “ထို့ကြောင့် သင်တို့အား ငါဆိုမည်ကား သင်တို့၏အသက်တာအတွက် မည်သည်ကိုစားရမည်လော၊ မည်သည်ကို ဝတ်ဆင်ရမည်လောဟူ၍ မပူပန်ကြနှင့်။
အို ယုံကြည်ခြင်းအားနည်းသောသူတို့၊ တိုတောင်းသောအချိန်ကာလသာ ရှင်သန်၍ မီးမွှေးရန်အသုံးပြုကြသော တောမြက်ပင်များကိုပင် ဘုရားရှင်က လှပတင့်တယ်စေလျှင် သင်တို့ကိုမူကား ပိုမို၍ တင့်တယ်စွာဆင်မြန်းပေးလိမ့်မည်မဟုတ်လော။
ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား “ငါသည် အသင်တို့အား ပိုက်ဆံ၊ လွယ်အိတ်နှင့် ဖိနပ်တို့ကို မယူစေဘဲ စေလွှတ်ခဲ့သည့် အချိန်တွင် သင်တို့၌ တစ်စုံတစ်ရာ ချို့တဲ့မှုရှိခဲ့သလော” ဟုမေးတော်မူလျှင် တပည့်တော်တို့က “မရှိပါ” ဟုလျှောက်တင်ကြ၏။
ယောဟန်ကလည်း “သင်တို့၌ အင်္ကျီနှစ်ထည်ရှိသူသည် အင်္ကျီမရှိသူကို တစ်ထည်ပေးရမည်။ သင်တို့၌ စားစရာ၊ သောက်စရာရှိလျှင်လည်း မရှိသောသူတို့ကို ဤသို့ပင်မျှဝေပေးရမည်” ဟုဖြေလေ၏။
ထိုနောက်တွင် လေဝိသည် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲဖြင့် သူ၏အိမ်တွင် ကိုယ်တော်နှင့် တပည့်တော်တို့အား ဧည့်ခံသဖြင့် အခွန်ကောက်သူများနှင့် အခြားသောဧည့်သည်တော်များသည်လည်း ညစာစားပွဲသို့ စုဝေးရောက်ရှိလာကြပြီး အတူတကွစားသောက်ကြလေ၏။
မည်သည့်အိမ်မဆို သင်တို့ကို လက်ခံကြိုဆိုလျှင် ထိုအရပ်က မထွက်ခွာမချင်း ထိုအိမ်တွင် တည်းခိုကြလော့။