Luke 8:7 - Musselmani Burmese7 အချို့သောမျိုးစေ့မှာမူ ဆူးချုံပင်များအောက်ကို ကျသဖြင့် အပင်များပေါက်လာသော်လည်း ဆူးချုံပင်များ၏ကာဆီးပိတ်ဆို့ထားခြင်းကို ခံရသဖြင့် သီးနှံဖြစ်ထွန်းခြင်းမရှိကြပေ။ Faic an caibideil |
ဆူးချုံပင်များအောက်ကို ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာကြရသော်လည်း လောကီနှင့်ဆိုင်သောစိုးရိမ်ပူပန်ခြင်းများ၊ စည်းစိမ်ကြွယ်ဝခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့ဖြင့် ကာဆီးပိတ်ဆို့ခံရသဖြင့် အသီးအနှံမဖြစ်ထွန်းကြပေ။ ထိုသို့အသီးအနှံမဖြစ်ထွန်းသောအပင်သည် လယ်သမားအတွက် အသုံးမဝင်သကဲ့သို့ ထိုသူတို့သည်လည်း ဘုရားရှင်အတွက် အသုံးမဝင်သောသူများဖြစ်ကြ၏။