Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 8:42 - Musselmani Burmese

42 အကြောင်းမူကား တစ်ဆယ့်နှစ်နှစ်အရွယ် သူ၏တစ်ဦးတည်းသောသမီးမှာ သေလုမျောပါးဖြစ်နေသောကြောင့်ဖြစ်၏။ ထိုအိမ်သို့ ကြွတော်မူစဉ် များစွာသောလူထုပရိသတ်တို့သည်လည်း ကိုယ်တော့်ကို ဝန်းရံ၍ စုပြုံတိုးဝှေ့လျက် လိုက်ပါလာကြ၏။

Faic an caibideil Dèan lethbhreac




Luke 8:42
15 Iomraidhean Croise  

မြို့တံခါးပေါက်အနီးသို့ ရောက်သောအခါ လူသေအလောင်းတစ်လောင်းကို သင်္ဂြိုဟ်ရန် လူတစ်စုက အလောင်းစင်ဖြင့်ထမ်း၍ မြို့ပြင်သို့ ထုတ်လာကြ၏။ သေဆုံးသူသည် မုဆိုးမတစ်ဦး၏တစ်ဦးတည်းသောသားဖြစ်ပြီး မြို့သူမြို့သားတို့သည်လည်း သူမနှင့်အတူ လိုက်ပါပို့ဆောင်ကြလေ၏။


ထိုနေရာ၌ ဂျူးအမျိုးသားဖြစ်သူ ယာဣရုအမည်ရှိသော ဓမ္မာရုံတာဝန်ခံတစ်ဦးရှိလေ၏။ ထိုသူသည် ကိုယ်တော်၏ရှေ့မှောက်သို့ လာရောက်၍ ဒူးထောက်ထိုင်ကာ ကိုယ်တော်အား သူ၏အိမ်သို့ ကြွရောက်တော်မူပါရန် ပင့်ဖိတ်လျှောက်ထားလေ၏။


ထိုလူအစုအဝေးထဲတွင် တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသော အမျိုးသမီးတစ်ဦးသည်လည်း ရှိနေလေ၏။ သူမသည် ရှိသမျှငွေအကုန်ခံ၍ ဆေးဆရာများစွာတို့နှင့် ကုသသော်လည်း မည်သူမျှ သူမ၏ရောဂါအား ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိခဲ့ပေ။


ထိုအခါ ကိုယ်တော်က “ငါ့ကို မည်သူတို့ထိလိုက်သနည်း” ဟုမေးသောအခါ လူတို့ကလည်း မိမိတို့မတို့ထိကြောင်းကို ငြင်းဆန်ကြပြီး ပေတရုက “ကိုယ်တော်၏ဘေးပတ်လည်၌ လူအုပ်ကြီးသည် တိုးဝှေ့နေကြပါသည်” ဟုလျှောက်ထားလေ၏။


Lean sinn:

Sanasan


Sanasan