34 ထိုအခါ ဝက်ထိန်းသမားတို့သည် ဤအဖြစ်အပျက်ကို မြင်တွေ့ရသောအခါ ပြေးထွက်သွားကြပြီး ထိုသတင်းအား တောရောမြို့ပါမကျန် ပြောကြားလေတော့၏။
ထို့ကြောင့် မကောင်းဆိုးဝါးတို့သည် ထိုလူထံမှထွက်၍ ဝက်များထဲသို့ ဝင်ပူးကြပြီးနောက် ထိုဝက်အုပ်ကြီးတစ်အုပ်လုံးသည် မတ်စောက်သောကမ်းပါးမှရေအိုင်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ရေနစ်သွားကြလေတော့၏။
လူတို့သည်လည်း ထိုအဖြစ်အပျက်ကို ကြည့်ရှုရန် မြို့ထဲမှထွက်လာကြလေ၏။ သူတို့သည် အထံတော်သို့ ရောက်ကြသောအခါ မကောင်းဆိုးဝါး ဝင်ပူးခြင်းမှ လွတ်မြောက်သွားသူသည် အဝတ်အစားများ ဝတ်ဆင်လျှက် ကိုယ်တော်၏ခြေတော်ရင်းတွင် အကောင်းပကတိအတိုင်း ထိုင်လျှက်ရှိနေသည်ကို မြင်တွေ့ကြသောအခါ အံ့ဩတုန်လှုပ်သွားကြလေ၏။