Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 8:29 - Musselmani Burmese

29 ထိုသို့လျှောက်ထားရခြင်းမှာ ကိုယ်တော်က မကောင်းဆိုးဝါးအား ထိုသူ့ထံမှထွက်လာခဲ့ရန် အမိန့်ပေးလိုက်သောကြောင့် ဖြစ်သည်။ ထိုသူအား မကောင်းဆိုးဝါးသည် ကြိမ်ဖန်များစွာ ဒုက္ခပေး၏။ ထိုသူ၏ခြေလက်တို့ကို သံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်ကာ စောင့်ကြပ်ထားသော်လည်း သူသည် သံကြိုးများကို ဖြတ်ပစ်ကာ လူသူကင်းဝေးရာအရပ်သို့ မကောင်းဆိုးဝါး၏ခေါ်ဆောင်ခြင်းကို ခံရလေ၏။

Faic an caibideil Dèan lethbhreac




Luke 8:29
9 Iomraidhean Croise  

ထိုသူသည် ကိုယ်တော့်ကို မြင်တွေ့သောအခါ ရှေ့တွင် ကျိုးနွံစွာ ဒူးထောက်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် “ဘုရားရှင်၏သားတော်ယေရှု၊ ကျွန်ုပ်ထံမှ မည်သည်ကိုအလိုရှိပါသနည်း။ အကျွန်ုပ်ကို နှိပ်စက်ခြင်းမပြုပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏” ဟုအော်ဟစ်၍လျှောက်တင်လေ၏။


ကိုယ်တော်က ထိုသူအား “သင်၏အမည် မည်သို့ခေါ်သနည်း” ဟုမေးတော်မူရာ ထိုသူအထဲ၌ မကောင်းဆိုးဝါး မြောက်များစွာ ပူးကပ်ထား‌သောကြောင့် ထိုသူက “လေဂေါင်ဖြစ်ပါသည်” ဟုပြန်၍ လျှောက်တင်လေ၏။


သူ့ကို မကောင်းဆိုးဝါးသည် ပူးဝင်နှိပ်စက်နေသောကြောင့် သူသည် အလန့်တကြား အော်ဟစ်၍ တစ်ကိုယ်လုံး တုန်လှုပ်ကာ ပါးစပ်မှ အမြှုပ်များထွက်လာတတ်ပါ၏။ ထိုမကောင်းဆိုးဝါးသည် သူ့ကို ပင်ပန်းနာကျင်စေလျှက် သူ့အထဲမှလည်း ထွက်ခဲလှပါ၏။


ထိုသူငယ်လာနေစဉ်တွင် မကောင်းဆိုးဝါးသည် သူ့အား ဝင်ပူးပြီး တစ်ကိုယ်လုံးကို တုန်လှုပ်စေလေ၏။ ကိုယ်တော်သည် မကောင်းဆိုးဝါးအား ဆုံးမ၍ သူငယ်ကို ကျန်းမာစေပြီးမှ သူ့ဖခင်ထံသို့ ပြန်လည်အပ်နှံလေ၏။


Lean sinn:

Sanasan


Sanasan