Luke 8:28 - Musselmani Burmese28 ထိုသူသည် ကိုယ်တော့်ကို မြင်တွေ့သောအခါ ရှေ့တွင် ကျိုးနွံစွာ ဒူးထောက်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် “ဘုရားရှင်၏သားတော်ယေရှု၊ ကျွန်ုပ်ထံမှ မည်သည်ကိုအလိုရှိပါသနည်း။ အကျွန်ုပ်ကို နှိပ်စက်ခြင်းမပြုပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏” ဟုအော်ဟစ်၍လျှောက်တင်လေ၏။ Faic an caibideil |
ထိုသို့လျှောက်ထားရခြင်းမှာ ကိုယ်တော်က မကောင်းဆိုးဝါးအား ထိုသူ့ထံမှထွက်လာခဲ့ရန် အမိန့်ပေးလိုက်သောကြောင့် ဖြစ်သည်။ ထိုသူအား မကောင်းဆိုးဝါးသည် ကြိမ်ဖန်များစွာ ဒုက္ခပေး၏။ ထိုသူ၏ခြေလက်တို့ကို သံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်ကာ စောင့်ကြပ်ထားသော်လည်း သူသည် သံကြိုးများကို ဖြတ်ပစ်ကာ လူသူကင်းဝေးရာအရပ်သို့ မကောင်းဆိုးဝါး၏ခေါ်ဆောင်ခြင်းကို ခံရလေ၏။