Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 7:37 - Musselmani Burmese

37 ထိုအခါ ထိုမြို့ရှိ အပြစ်များသောအမျိုးသမီးတစ်ဦးသည် ဖာရိရှဲ၏အိမ်၌ ကိုယ်တော်ထိုင်၍ စားသုံးနေကြောင်းကို ကြားသိရသဖြင့် အလွန်တန်ဖိုးကြီးသည့် ဆီမွှေးတစ်ပုလင်းကို ယူဆောင်ကာ ထိုနေရာသို့ လာလေ၏။

Faic an caibideil Dèan lethbhreac




Luke 7:37
18 Iomraidhean Croise  

သို့သော်ငြား အခွန်ကောက်သူမှာမူ အခြားသောသူများနှင့် မလှမ်းမကမ်းတွင်ရပ်ကာ ကောင်းကင်ကို မော်မကြည့်ရဲဘဲ ရင်ဘတ်စည်တီး၍ ‘အို ဘုရားရှင်၊ အပြစ်ဒုစရိုက်များလှပါသော အကျွန်ုပ်ကို ငဲ့ညှာသနားတော်မူပါ’ ဟုဆုတောင်းလေ၏။


ထိုအခြင်းအရာကို မြင်သောသူအပေါင်းတို့က “ကိုယ်တော်သည် အပြစ်ဒုစရိုက်သမား၏အိမ်ကို သွား၍ သူနှင့်အတူ စားသောက်ဦးမည်တကား” ဟူ၍ ကဲ့ရဲ့ပြစ်တင်ကြလေ၏။


ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက ကိုယ်တော်၏တပည့်တော်များအား “သင်တို့သည် အဘယ်ကြောင့် ဤအခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများဟု ငါတို့သတ်မှတ်ထားသူများနှင့်အတူတကွ စားသောက်နေကြသနည်း” ဟုစောဒကတက်ကြလေ၏။


ဤကဲ့သို့ပင် ငါသည်လည်း မိမိကိုယ်ကို ဖြောင့်မတ်မှန်ကန်သည်ဟု ထင်မှတ်နေသူများကို ဖိတ်ခေါ်ရန် လာသည်မဟုတ်။ ထိုအစား မိမိကိုယ်ကို အပြစ်သားဖြစ်သည်ကို သိသောသူတို့ကိုသာ ခေါ်ရန်လာခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။


ထိုသို့ပင် လူ့သားတော်သည် စားသောက်လျက်နေသောအခါ သင်တို့က ‘ဤသူသည် အစားအသောက်ကျူးသူဖြစ်ကာ အခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများနှင့် အပေါင်းအသင်းဖွဲ့နေ၏’ ဟုဆိုကြပြန်၏။


ထို့နောက် ဖာရိရှဲတစ်ဦးသည် ကိုယ်တော်ယေရှုကို သူ၏အိမ်၌ အစားအစာသုံးဆောင်ရန် ပင့်ဖိတ်လေ၏။ ထို့ကြောင့် ကိုယ်တော်သည် ထိုသူ၏အိမ်သို့ ကြွတော်မူပြီး စားသောက်ရန် စားပွဲ၌ ထိုင်တော်မူ၏။


Lean sinn:

Sanasan


Sanasan