34 ထိုသို့ပင် လူ့သားတော်သည် စားသောက်လျက်နေသောအခါ သင်တို့က ‘ဤသူသည် အစားအသောက်ကျူးသူဖြစ်ကာ အခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများနှင့် အပေါင်းအသင်းဖွဲ့နေ၏’ ဟုဆိုကြပြန်၏။
ထိုသို့ မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ဦးသည် ကိုယ်တော်အား အစားအစာဖြင့် တည်ခင်းဧည့်ခံရန် သူ၏အိမ်သို့ ပင့်ဖိတ်သဖြင့် ကိုယ်တော်သည် ကြွတော်မူ၍ စားပွဲ၌ထိုင်တော်မူ၏။
တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်ယေရှုသည် ဖာရိရှဲတို့ထဲမှ အရေးကြီးပုဂ္ဂိုလ်တစ်ဦး၏နေအိမ်တွင် အစားအစာသုံးဆောင်ရန် သွားရောက်စဉ် လူအားလုံးတို့သည် ကိုယ်တော်အား အနီးကပ်စောင့်ကြည့်နေကြ၏။
ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ဤသူသည် အပြစ်ဒုစရိုက်သမားများနှင့် မိတ်ဆွေဖွဲ့နေရုံမျှမက ထိုသူတို့နှင့်အတူတူပင် စားသောက်နေပါသည်တကား” ဟုပြစ်တင်ဝေဖန်ကြ၏။
ထိုအခြင်းအရာကို မြင်သောသူအပေါင်းတို့က “ကိုယ်တော်သည် အပြစ်ဒုစရိုက်သမား၏အိမ်ကို သွား၍ သူနှင့်အတူ စားသောက်ဦးမည်တကား” ဟူ၍ ကဲ့ရဲ့ပြစ်တင်ကြလေ၏။
ထိုနောက်တွင် လေဝိသည် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲဖြင့် သူ၏အိမ်တွင် ကိုယ်တော်နှင့် တပည့်တော်တို့အား ဧည့်ခံသဖြင့် အခွန်ကောက်သူများနှင့် အခြားသောဧည့်သည်တော်များသည်လည်း ညစာစားပွဲသို့ စုဝေးရောက်ရှိလာကြပြီး အတူတကွစားသောက်ကြလေ၏။
ကြောင်းမူကား ရေနှစ်မင်္ဂလာဆရာယောဟန်သည် သာမန်အစားအစာကိုလည်းမစား၊ မူးယစ်စေသောစပျစ်ရည်ကိုလည်း မသောက်ဘဲသွားလာနေသည်ကို မြင်လျှင် သင်တို့က ‘ယောဟန်သည် မကောင်းဆိုးဝါးပူးကပ်နေသောသူဖြစ်၏’ ဟုဆိုကြ၏။
မည်သို့ပင်ဆိုစေကာမူ ဘုရားရှင်၏အသိဉာဏ်ပညာတော်သည် ဖြောင့်မတ်မှန်ကန်ကြောင်းကို ၎င်းကိုလိုက်နာကျင့်သုံးသောသူများအားဖြင့် သက်သေပြနေ၏” ဟုမိန့်တော်မူ၏။
ထို့နောက် ဖာရိရှဲတစ်ဦးသည် ကိုယ်တော်ယေရှုကို သူ၏အိမ်၌ အစားအစာသုံးဆောင်ရန် ပင့်ဖိတ်လေ၏။ ထို့ကြောင့် ကိုယ်တော်သည် ထိုသူ၏အိမ်သို့ ကြွတော်မူပြီး စားသောက်ရန် စားပွဲ၌ ထိုင်တော်မူ၏။