Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 7:19 - Musselmani Burmese

19 ကိုယ်တော်ထံသို့ စေလွှတ်၍ “ကိုယ်တော်သည် အကျွန်ုပ်တို့မျှော်လင့်စောင့်စားနေရသည့် မေရှိယအရှင်ဟုတ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့ အခြားသူတစ်ပါးကို စောင့်ရဦးမည်လော” ဟုမေးမြန်းလျှောက်တင်စေလေ၏။

Faic an caibideil Dèan lethbhreac




Luke 7:19
38 Iomraidhean Croise  

ထို့နောက် ကိုယ်တော်သည် အခြားသော တပည့်တော်ခုနစ်ဆယ်ဦးကို ရွေးချယ်ကာ နှစ်ယောက်တစ်တွဲစီတွဲ၍ ကိုယ်တော်ကြွတော်မူမည့် မြို့တိုင်း၊ ရွာတိုင်းသို့ ကြိုတင်စေလွှတ်တော်မူ၏။


တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် တစ်နေရာ၌ ဝတ်ပြုဆုတောင်းလျက်နေတော်မူ၏။ ဝတ်ပြုဆုတောင်းပြီးသောအခါ တပည့်တော်တစ်ဦးက “ကိုယ်တော်၊ ရေနှစ်မင်္ဂလာဆရာယောဟန်သည် သူ၏တပည့်များကို သင်ပေးသကဲ့သို့ အကျွန်ုပ်တို့ကိုလည်း ဆုတောင်းရန်သင်ပေးတော်မူပါ” ဟုလျှောက်ထားလေ၏။


ထိုအခါ ကိုယ်တော်ယေရှုက “သင်တို့ ဖာရိရှဲများသည် ပန်းကန်ခွက်ယောက်တို့၏အပြင်ဘက်ကိုသာ ဆေးကြောသန့်စင်ကြ၍ သင်တို့အတွင်းစိတ်များမှာမူကား လောဘတရားတို့နှင့် ညစ်ပေဆိုးညစ်နေကြ၏။


ကိုယ်တော်ကလည်း “ငါသည် သခင်၏အိမ်၌ ဘဏ္ဍာစိုးအဖြစ် စီမံခန့်ခွဲရန် ခန့်အပ်ထားသော ဉာဏ်ပညာနှင့်ပြည့်စုံ၍ သစ္စာရှိသည့်အစေအပါးကဲ့သို့သော လူတိုင်းအတွက် ဤသို့မိန့်ဆိုခြင်းဖြစ်၏။ သခင်သည်ခရီးဝေးသို့ ထွက်ခွာသောအချိန်၌ အခြားသောအစေခံများအား အချိန်တန်လျှင် အစားအစာများ ကျွေးမွေးဖို့ရန် ထိုအစေအပါးကို တာဝန်ပေး၍ ခန့်အပ်ထားလေ၏။


ထိုအခါ ကိုယ်တော်က “သူတော်ကောင်းယောင်ဆောင်သောသူတို့၊ ဥပုသ်နေ့၌ သင်တို့၏နွားများ၊ မြည်းများကို တင်းကုပ်မှလွှတ်၍ ရေတိုက်ရန်ခေါ်ကြသည်မဟုတ်လော။


ထိုအခါ သာဝကများက အရှင်ယေရှုအား “ဘုရားရှင်အထံတော်၌ အကျွန်ုပ်တို့၏ယုံကြည်ခြင်းပို၍ တိုးပွားစေတော်မူပါ” ဟုလျှောက်တင်ကြသဖြင့်


ကိုယ်တော်ကလည်း “သင်တို့၌ သေးငယ်လှစွာသောမုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိလျှင်ပင် ဤပိုးစာပင်အား အမြစ်မှကျွတ်ထွက်၍ ပင်လယ်ထဲ၌ပေါက်စေဟု အမိန့်ပေးလျှင် ထိုအပင်သည် သင်တို့ကိုနာခံလိမ့်မည်။


ထို့နောက် ကိုယ်တော်က “ထိုဆိုးညစ်သောတရားသူကြီး၏ကြံစည်တွေးတောပုံကို သင်တို့စဉ်းစားကြည့်ကြလော့။


ထို့နောက် ဇက္ခဲသည် မတ်တပ်ရပ်လျှက် ကိုယ်တော်အား “ကိုယ်တော်၊ ကိုယ်တော်၊ အကျွန်ုပ်၏ပစ္စည်းဥစ္စာတစ်ဝက်ကို ဆင်းရဲနွမ်းပါးသည့်သူတို့အား ခွဲဝေပေးပါမည်။ လူတို့ထံမှ မတရားတောင်းခံထားမိခဲ့သောအခွန်ငွေတို့ကိုလည်း လေးဆပို၍ ပြန်အမ်းလိုက်ပါမည်” ဟုလျှောက်တင်လေ၏။


ထိုအခါ ကိုယ်တော်က ပေတရုအား လှည့်ကြည့်တော်မူ၏။ ပေတရုသည် ကိုယ်တော်မိန့်မှာခဲ့သည့် “ယနေ့ည ကြက်မတွန်မီပင် သင်သည် ငါ့ကိုမသိဟု သုံးကြိမ်တိုင်တိုင် ငြင်းပယ်လိမ့်မည်” ဆိုသောစကားကို အမှတ်ရသဖြင့်


ထိုစုဝေးနေသူအပေါင်းတို့က ပြန်ရောက်လာသည့်လူနှစ်ဦးအား ကိုယ်တော်ယေရှုသည် သေခြင်းမှ အမှန်ပင် အသက်ပြန်ရှင်တော်မူပြီး ရှိမုန်အား ဖူးမြင်ခွင့်ပေးခဲ့သည့်အကြောင်းကို ပြောပြကြလေ၏။


ကိုယ်တော်သည် ထိုမုဆိုးမကို မြင်သောအခါ သူမအား အလွန်သနားကရုဏာသက်ဝင်၍ “မငိုနှင့်” ဟုမိန့်တော်မူ၏။


ထိုတပည့်တို့သည်လည်း အထံတော်သို့ ရောက်လာကြသောအခါ ကိုယ်တော်အား “ရေနှစ်မင်္ဂလာဆရာယောဟန်က အကျွန်ုပ်တို့ကို ကိုယ်တော်ထံ စေလွှတ်၍ ‘ကိုယ်တော်သည် အကျွန်ုပ်တို့မျှော်လင့်စောင့်စားနေရသည့် မေရှိယအရှင်ဟုတ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့ အခြားသူတစ်ပါးကို စောင့်ရဦးမည်လော’ ဟုမေးမြန်းစေပါ၏” ဟုလျှောက်တင်ကြလေ၏။


Lean sinn:

Sanasan


Sanasan