Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 7:16 - Musselmani Burmese

16 လူအပေါင်းတို့သည်လည်း ထိတ်လန့်အံ့ဩလျှက် “ငါတို့၌ မြင့်မြတ်သောအရိယာသူတော်စင်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားရှင်သည် ငါတို့အား ကြည့်ရှုစောင်မတော်မူလေပြီ” ဟုဆိုကြကာ ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြလေ၏။

Faic an caibideil Dèan lethbhreac




Luke 7:16
31 Iomraidhean Croise  

အိမ်နီးချင်းအပေါင်းတို့သည် ကြောက်ရွံ့ကြကုန်၏။ ဤအဖြစ်အပျက်သတင်းသည် ယုဒပြည်တောင်ကုန်းဒေသတစ်လျှောက်လုံးသို့ ပျံ့နှံ့သွား၏။


“အစ္စရာအီလီအမျိုးသား တို့၏အရှင် ထာဝရအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုကြပါစေသော။ အရှင်မြတ်သည် အစ္စရာအီလီအမျိုးသားတို့ထံသို့ ကြွလာ၍ သူတို့ကိုလွတ်မြောက်စေတော်မူပြီ။


ထိုသူတို့သည် သင်တို့အားလုံးကို သတ်ဖြတ်၍ ဤမြို့မှကျောက်တုံးတစ်တုံးပေါ် အခြားတစ်တုံးဆင့်၍မျှ မကျန်ရအောင် ဖြိုချဖျက်ဆီးကြလိမ့်မည်။ အကြောင်းမူကား သင်တို့သည် ဘုရားရှင်က ကယ်တင်ရန်ကြွရောက်လာခြင်းကို မသိနားမလည်ကြသောကြောင့်ဖြစ်၏” ဟုမိန့်တော်မူ၏။


ထို့နောက် သိုးကျောင်းသားတို့သည်လည်း စားကျက်ကွင်းများဆီသို့ ပြန်သွားကြပြီး သူတို့မြင်ခဲ့ကြားခဲ့ရသည့် အကြောင်းအရာများအတွက် ဘုရားရှင်ကို ရိုသေလေးမြတ်စွာ ချီးမွမ်းကြလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုအချင်းအရာတို့သည် နတ်ဒေဝါများက သူတို့အား ပြောကြားခဲ့သည့်အတိုင်းပင် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းကြောင့်ဖြစ်၏။ ကလေးငယ်ယေရှုကို ဘုရားရှင်ထံ ဆပ်ကပ်ခြင်း


ကိုယ်တော်က “မည်သည့်အရာများဖြစ်ပျက်ခဲ့ပါသနည်း” ဟုမေးတော်မူလျှင် ထိုသူက “နာဇရက်မြို့သား ကိုယ်တော်ယေရှု၏အဖြစ်အပျက်များပေတည်း။ ထိုသူသည် ကြီးကျယ်သော အံ့ဖွယ်အမှုအရာတို့ကို လုပ်ဆောင်ခဲ့ပြီး ဝမ်းမြောက်ဖွယ်ရာ မင်္ဂလာသတင်းစကားကို ဟောပြောသွန်သင်ခဲ့သည့် အရိယာသူတော်စင်တစ်ပါးဖြစ်၏။ သူ၏ဟောပြောဆောင်ရွက်မှုတို့သည်လည်း တန်ခိုးအာနုဘော်ကြီးမားလှသည်ဟု လူအများက ထင်မြင်ခဲ့ကြ၏။


လူထုပရိသတ်တို့သည်လည်း အံ့သြကြောက်ရွံ့ကြလျှက် “ထူးဆန်းအံ့ဩဖွယ်အမှုအရာတို့ကို ယနေ့ပင် ငါတို့တွေ့မြင်ရလေပြီ” ဟုပြောဆိုကြပြီး ဘုရားရှင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြလေ၏။


ဤအဖြစ်အပျက်ကို မြင်တွေ့သောအခါ ရှိမုန်ပေတရုသည် ကိုယ်တော်ယေရှု၏ခြေရင်း၌ ဒူးထောက်ရှိခိုးကာ “ကိုယ်တော်၊ အကျွန်ုပ်သည် အပြစ်ဒုစရိုက်များသောသူဖြစ်သောကြောင့် အကျွန်ုပ်ကို စွန့်ခွာသွားတော်မူပါ” ဟုလျှောက်တင်လေ၏။


ထိုအခါ သေနေသောသူသည် ထထိုင်လိုက်ပြီး စတင်စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့အား မိခင်ထံသို့ ပြန်လည်အပ်နှံလေ၏။


ထိုအခါ ကိုယ်တော်ကိုပင့်ဖိတ်သောဖာရိရှဲသည် မြင်သဖြင့် “ဤသူသည် အရိယာသူတော်စင်မှန်ပါက သူ့ကိုတို့ထိနေသူ အမျိုးသမီးသည် မည်သို့သောမိန်းမမျိုး ဖြစ်သည်ကို သိသင့်သည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏” ဟုမိမိစိတ်ထဲ၌ တွေးတောလေ၏။


ထိုအခါ ဂါရစမြို့ဝန်းကျင်မှ လာသောလူတိုင်းသည် အလွန်ကြောက်ရွံ့သွားကြသဖြင့် ကိုယ်တော်အား ထိုအရပ်မှ ထွက်ခွာသွားပါရန် တောင်းဆိုကြသောကြောင့် ကိုယ်တော်လည်း တပည့်တော်များနှင့်အတူ လှေဖြင့် ထိုအရပ်မှထွက်ခွာလေ၏။


ထိုအခါ တပည့်တော်တို့က “လူအချို့က ကိုယ်တော့်ကို ရေနှစ်မင်္ဂလာဆရာယောဟန်ဟုဆိုကြ၏။ အချို့က အရိယာသူတော်စင်ဧလိယဟုလည်း ဆိုကြ၏။ ကျန်အချို့ကမူ ရှေးယခင်ကရှိခဲ့သော အရိယာသူတော်စင်တစ်ပါး အသက်ပြန်ရှင်လာခြင်းဖြစ်သည်ဟူ၍လည်း ဆိုကြပါ၏” ဟုလျှောက်တင်ကြလေ၏။


Lean sinn:

Sanasan


Sanasan