10 တပ်မှူးစေလွှတ်လိုက်သောသူတို့လည်း အိမ်သို့ ပြန်ရောက်သွားသည့်အခါ တပ်မှူး၏အစေခံသည် ကျန်းမာလျှက်ရှိသည်ကို တွေ့ကြရလေ၏။
နောက်တစ်နေ့တွင် ကိုယ်တော်သည် တပည့်တော်များနှင့်အတူ နာဣနဟုခေါ်သောမြို့သို့ ကြွတော်မူသဖြင့် လူထုပရိသတ်တို့သည်လည်း နောက်တော်သို့လိုက်ပါလာကြလေ၏။
ထိုစကားကို ကိုယ်တော်ကြားရသောအခါ အံ့ဩလျှက် နောက်တော်သို့လိုက်ပါလာသူတို့ကို လှည့်ကြည့်၍ “သင်တို့အား ငါဆိုသည်ကား အစ္စရေးပြည်တစ်ခွင်၌ ဤမျှလောက်ယုံကြည်မှုကြီးမားသောသူ ငါမတွေ့သေး” ဟုမိန့်တော်မူလေ၏။