Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 6:47 - Musselmani Burmese

47 ငါ့ထံလာ၍ ငါ့စကားကို ကြားနာ၍ လိုက်နာကျင့်သုံးသောသူသည် မည်သူနှင့်တူသည်ကို သင်တို့အား ငါပြောပြမည်။

Faic an caibideil Dèan lethbhreac




Luke 6:47
30 Iomraidhean Croise  

ထိုအခါ ကိုယ်တော်က “မှန်ပါ၏။ သို့သော် ဘုရားရှင်၏နှုတ်ကပတ်တော်တို့ကို ကြားနာကြ၍ လိုက်နာကျင့်သုံးသူတို့သည် သာ၍မင်္ဂလာရှိ၏” ဟုပြန်လည်မိန့်ကြားလေ၏။


“သင်တို့သည် ငါ၏တပည့်တော်ဖြစ်လိုသော်လည်း မိမိ၏မိဘ၊ သား၊ မယား၊ ညီအစ်ကိုမောင်နှမတို့သာမက မိမိကိုယ်တိုင်ထက်ပင် ငါ့ကိုပို၍မချစ်ပါက ငါ၏တပည့်တော်မဖြစ်နိုင်။


ထိုသူသည် မြေကိုနက်စွာတူး၍ ကျောက်ခံမြေပေါ်မှာ အိမ်ဆောက်သောသူနှင့်တူ၏။ ထို့နောက် ရေလွှမ်းမိုး၍ လှိုင်းလုံးများ ရိုက်ခတ်သော်လည်း ထိုအိမ်သည် ကောင်းမွန်သောအုတ်မြစ်ချထားသဖြင့် ပြိုလဲခြင်းမရှိဘဲ ကြံ့ကြံ့ခံနိုင်၏။


ကျောက်ခံမြေပေါ်တွင်ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာရသောအခါ၌ ဝမ်းမြောက်ဝမ်းသာခံယူကြသော်လည်း သူတို့၏စိတ်နှလုံးတွင် တည်မြဲခြင်းမရှိဘဲ အချိန်ခဏတာမျှသာ ယုံကြည်လက်ခံကြပြီး ဘဝသက်တမ်း၌ ခက်ခဲကြမ်းတမ်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တွင် ထိုသူတို့၏ယုံကြည်ခြင်းသည် ချက်ချင်းရပ်တန့်သွားတတ်ကြသူများဖြစ်ကြ၏။


အချို့သောမျိုးစေ့တို့မှာမူကား ကောင်းမွန်သောမြေဆီလွှာပေါ်တွင် ကျသဖြင့် အပင်များပေါက်လာကာ သီးနှံများအဆတစ်ရာမျှ ဖြစ်ထွန်းတတ်ကြ၏” ဟုမိန့်တော်မူလေ၏။ ထိုသို့မိန့်တော်မူပြီးနောက် ကိုယ်တော်က “နားရှိ၍ ကြားနာနိုင်သောသူတို့၊ အာရုံစိုက်၍ နားထောင်ကြလော့” ဟု ကြွေးကြော်တော်မူ၏။


Lean sinn:

Sanasan


Sanasan