Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 6:42 - Musselmani Burmese

42 သင်၏ကြီးလေးသောအမှားများကို ဖြေရှင်းခြင်းမပြုရသေးဘဲ သင်၏မိတ်ဆွေအား ‘မိတ်ဆွေ၊ သင်၏သေးငယ်သောအမှားများကို အကျွန်ုပ်ပြုပြင်ပေးပါရစေ’ ဟုဆိုခြင်းသည် မှား၏။ ထိုသို့ပြုလျှင် သင်သည် သူတော်ကောင်းယောင်ဆောင်သောသူဖြစ်လိမ့်မည်။ ဦးစွာပထမ သင်၏အမှားများကို ပြင်ဆင်သင့်၏။ ပြီးမှသာ သင့်မိတ်ဆွေ၏သေးငယ်သောအမှားများကို ပြင်ဆင်ရန် သင်ကူညီပေးနိုင်လိမ့်မည်ဖြစ်၏” ဟုမိန့်တော်မူ၏။

Faic an caibideil Dèan lethbhreac




Luke 6:42
24 Iomraidhean Croise  

ထိုအခါ ကိုယ်တော်က “သူတော်ကောင်းယောင်ဆောင်သောသူတို့၊ ဥပုသ်နေ့၌ သင်တို့၏နွားများ၊ မြည်းများကို တင်းကုပ်မှလွှတ်၍ ရေတိုက်ရန်ခေါ်ကြသည်မဟုတ်လော။


သို့သော် သင်၏ယုံကြည်မှုခိုင်မြဲနေစေရန်အတွက် ငါဆုတောင်း၏။ သင်၏အသိတရားပြန်လည်ရရှိသောအခါ သင်သည် အခြားတပည့်တော်ညီအစ်ကိုများကိုလည်း ယုံကြည်မှုခိုင်မြဲစေရန်အလို့ငှာ ကူညီအားဖြည့်ပေးရမည်” ဟုမိန့်ဆိုလေ၏။


သင်သည် ဖုန်မှုန့်လောက်မျှရှိသည့် သင်၏မိတ်ဆွေ၏သေးငယ်သောအမှားတစ်စုံတစ်ရာကို သတိမူလျက် သင့်မျက်လုံးထဲမှ သစ်တုံးလောက်မျှရှိသည့် အမှိုက်စကဲ့သို့သော သင်၏ကြီးလေးသောအမှားကိုမူ သတိမမူဘဲ မနေသင့်ပေ။


တဖန် ကိုယ်တော်က “ကောင်းမွန်သောအပင်ဟူသည် မကောင်းသောအသီးကို မသီးသကဲ့သို့ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကို သီးမည်မဟုတ်။


Lean sinn:

Sanasan


Sanasan