Luke 6:41 - Musselmani Burmese41 သင်သည် ဖုန်မှုန့်လောက်မျှရှိသည့် သင်၏မိတ်ဆွေ၏သေးငယ်သောအမှားတစ်စုံတစ်ရာကို သတိမူလျက် သင့်မျက်လုံးထဲမှ သစ်တုံးလောက်မျှရှိသည့် အမှိုက်စကဲ့သို့သော သင်၏ကြီးလေးသောအမှားကိုမူ သတိမမူဘဲ မနေသင့်ပေ။ Faic an caibideil |
သင်၏ကြီးလေးသောအမှားများကို ဖြေရှင်းခြင်းမပြုရသေးဘဲ သင်၏မိတ်ဆွေအား ‘မိတ်ဆွေ၊ သင်၏သေးငယ်သောအမှားများကို အကျွန်ုပ်ပြုပြင်ပေးပါရစေ’ ဟုဆိုခြင်းသည် မှား၏။ ထိုသို့ပြုလျှင် သင်သည် သူတော်ကောင်းယောင်ဆောင်သောသူဖြစ်လိမ့်မည်။ ဦးစွာပထမ သင်၏အမှားများကို ပြင်ဆင်သင့်၏။ ပြီးမှသာ သင့်မိတ်ဆွေ၏သေးငယ်သောအမှားများကို ပြင်ဆင်ရန် သင်ကူညီပေးနိုင်လိမ့်မည်ဖြစ်၏” ဟုမိန့်တော်မူ၏။