Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 6:30 - Musselmani Burmese

30 သင့်ထံမှ တစ်စုံတစ်ခု တောင်းခံလာသူအပေါင်းတို့အားလည်း ပေးကမ်းကြလော့။ တစ်စုံတစ်ဦးမှ သင်၏ပစ္စည်းတို့ကို ယူထားပါက ထိုသူထံမှပြန်၍ မတောင်းကြနှင့်။

Faic an caibideil Dèan lethbhreac




Luke 6:30
29 Iomraidhean Croise  

သို့ဖြစ်၍ သင်တို့၌ရှိသောအရာတို့ကို ဆင်းရဲနွမ်းပါးသူတို့အား နှလုံးသားအတွင်းမှနေ၍ အပြည့်အဝပေးကမ်းကြလော့။ သို့ပြုလျှင် သင်တို့သည် အမှန်စင်စစ် ဘုရားရှင်၏ရှေ့တော်၌စင်ကြယ်ကြလိမ့်မည်။


သင်တို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမဟောင်းနိုင်သော အိတ်တို့ကိုပြုလုပ်၍ သူခိုးမရောက်နိုင်၊ ပိုးမွှားတို့ မဖျက်ဆီးနိုင်သော ရွှေမြို့တော်ရှိ ဘဏ္ဍာတိုက်၌ သိမ်းဆည်းကြလော့။


ထိုသို့လျှောက်တင်သည်ကို ကြားသောအခါ ကိုယ်တော်က “သို့ဆိုလျှင် သင်လုပ်ဆောင်ရန်အရာတစ်ခုကျန်နေသေး၏။ သင်ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာများအားလုံးကို ရောင်းချ၍ ဆင်းရဲနွမ်းပါးသောသူတို့ကို လှူဒါန်းလော့။ သို့ပြုလျှင် သင်သည် ရွှေမြို့တော်၌ စည်းစိမ်ဥစ္စာများ ရရှိလိမ့်မည်။ ထို့နောက် ငါ၏တပည့်အဖြစ် ငါ့နောက်ကိုလိုက်လော့” ဟုမိန့်တော်မူလေ၏။


တစ်စုံတစ်ဦးက သင်၏ပါးတစ်ဖက်ကိုရိုက်ရင် ကျန်ပါးတစ်ဖက်ကိုပါ ရိုက်ခွင့်ပေးလော့။ တစ်စုံတစ်ဦးက သင်၏ဝတ်ရုံကို တောင်းလျှင် သင်၏အတွင်းဝတ်အင်္ကျီကိုပါ ပေးကြလော့။


မိမိကို ပြုမူဆက်ဆံစေလိုသည့်အတိုင်း သူတစ်ပါးအပေါ် ပြုမူဆက်ဆံကြလော့။


သူတစ်ပါးကို ပေးကမ်းကြလော့။ ထိုသို့ပြုလျှင် သင်တို့ကိုလည်း ပေးကမ်းလိမ့်မည်။ သင်တို့ပေးကမ်းသည့်အတိုင်း အလျှံပယ်သိပ်လျက်၊ ခါလျက်၊ ပြည့်လျှံအောင် သင်တို့အိတ်ထဲသို့ ထည့်ပေးကြလိမ့်မည်။ သင်တို့ပေးကမ်းသည့်စံနှုန်းအတိုင်း သင်တို့ကိုလည်း ပြန်လည်ပေးအပ်ခြင်းခံရလိမ့်မည်” ဟုမိန့်တော်မူ၏။


Lean sinn:

Sanasan


Sanasan