9 ဤသို့ဆိုရခြင်းမှာ ရှိမုန်နှင့်တကွ သူ၏အပေါင်းအပါတို့ဖြစ်သော ဇေဗေဒဲ၏သားနှစ်ဦးဖြစ်သူ ယာကုပ်နှင့်ယောဟန်တို့အားလုံးသည် သူတို့ဖမ်းမိသော ငါးအရေအတွက်မှာ များပြားလှသဖြင့် အံ့ဩမဆုံးဖြစ်ကြသောကြောင့်ဖြစ်၏။
သိုးကျောင်းသားများ ပြောပြသည့် အကြောင်းအရာများကို ကြားကြရသော လူအပေါင်းတို့သည်လည်း အံ့ဩကြကုန်၏။
ကိုယ်တော်သည် အခွင့်အာဏာဖြင့် ဟောပြောသွန်သင်သဖြင့် လူတို့သည် သူ၏သွန်သင်ချက်တို့ကို အံ့ဩချီးမွမ်းကြလေ၏။
ဓမ္မာရုံမှ လူအပေါင်းတို့သည်လည်း အံ့ဩလျက် “ဤသည်ကား မည်သို့သောစကားနည်း။ ဤသူ မောင်းထုတ်လိုက်သည်နှင့် မကောင်းဆိုးဝါးသည် ထွက်ခွာသွားရသည့် အခွင့်အာဏာနှင့် တန်ခိုးများ ဤသူ၌ရှိနေပါသည်တကား” ဟုအချင်းချင်း ပြောဆိုကြကုန်၏။
ကိုယ်တော်ကလည်း ရှိမုန်အား “ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ယခုမှစ၍ ငါးတို့ကိုဖမ်းမည့်အစား လူတို့ကို စုဝေး၍ ငါ၏နောက်လိုက်တပည့်တော်များဖြစ်စေရန် လုပ်ဆောင်ရမည်” ဟုမိန့်တော်မူ၏။
ဤအဖြစ်အပျက်ကို မြင်တွေ့သောအခါ ရှိမုန်ပေတရုသည် ကိုယ်တော်ယေရှု၏ခြေရင်း၌ ဒူးထောက်ရှိခိုးကာ “ကိုယ်တော်၊ အကျွန်ုပ်သည် အပြစ်ဒုစရိုက်များသောသူဖြစ်သောကြောင့် အကျွန်ုပ်ကို စွန့်ခွာသွားတော်မူပါ” ဟုလျှောက်တင်လေ၏။