35 သို့သော် သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန်ကျလာသည့်အခါမူကား သူတို့သည် မစားမသောက်ဘဲနေလျက် အစာရှောင်ကြလိမ့်မည်” ဟုမိန့်တော်မူလေ၏။
တဖန် ကိုယ်တော်က တပည့်တော်တို့အား “သင်တို့သည် လူ့သားတော်ရှိနေသည့်နေ့ရက်များထဲမှ တစ်ရက်ကိုပင် အလွန်တွေ့မြင်လိုသော်လည်း မတွေ့မြင်ရမည့်နေ့ရက်များ ရောက်လာလိမ့်မည်။
ကိုယ်တော်ကလည်း “မင်္ဂလာပွဲသို့ လာသောဧည့်မိတ်ဆွေတို့သည် သတို့သားနှင့်အတူ ရှိနေသည့်အချိန်၌ အစာရှောင်ကြမည်လော။ မည်သူမျှ ရှောင်ကြမည်မဟုတ်။
ထို့နောက် ကိုယ်တော်သည် သူတို့အား ပုံဥပမာဖြင့်မိန့်ဆိုသည်မှာ “အဝတ်အသစ်မှပိတ်စကို ဆုတ်ဖြဲ၍ အဝတ်ဟောင်း၏အပေါက်အပြဲကို ဖာထေးသောသူဟူ၍မရှိ။ ထိုသို့ပြုလျှင် အဝတ်အသစ်ကို ဆုတ်ဖြဲရသည်သာမက ဖာထေးလိုက်သော ပိတ်စအသစ်သည်လည်း အဝတ်ဟောင်းနှင့် လိုက်ဖက်မည်မဟုတ်။