31 ကိုယ်တော်က သူတို့ကို ဖြေကြားသည်မှာ “ကျန်းမာသူသည် ဆေးဆရာကို လိုမည်မဟုတ်။ နာမကျန်းသူသာ ဆေးဆရာကို လိုအပ်၏။
ဤကဲ့သို့ပင် ငါသည်လည်း မိမိကိုယ်ကို ဖြောင့်မတ်မှန်ကန်သည်ဟု ထင်မှတ်နေသူများကို ဖိတ်ခေါ်ရန် လာသည်မဟုတ်။ ထိုအစား မိမိကိုယ်ကို အပြစ်သားဖြစ်သည်ကို သိသောသူတို့ကိုသာ ခေါ်ရန်လာခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။