Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 5:30 - Musselmani Burmese

30 ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက ကိုယ်တော်၏တပည့်တော်များအား “သင်တို့သည် အဘယ်ကြောင့် ဤအခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများဟု ငါတို့သတ်မှတ်ထားသူများနှင့်အတူတကွ စားသောက်နေကြသနည်း” ဟုစောဒကတက်ကြလေ၏။

Faic an caibideil Dèan lethbhreac




Luke 5:30
16 Iomraidhean Croise  

ထို့နောက် ဖာရိရှဲသည် တစ်ကိုယ်တည်းရပ်လျှက် ‘အို ဘုရားရှင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လုယူတတ်သောသူ၊ မဖြောင့်မတ်သောသူ၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းမရှိသောသူဖြစ်သည့်အပြင် ဤအခွန်ကောက်သူကဲ့သို့လည်း မဟုတ်သည့်အတွက် ဘုရားရှင်ကို ကျေးဇူးတင်ပါ၏။


ထိုအခြင်းအရာကို မြင်သောသူအပေါင်းတို့က “ကိုယ်တော်သည် အပြစ်ဒုစရိုက်သမား၏အိမ်ကို သွား၍ သူနှင့်အတူ စားသောက်ဦးမည်တကား” ဟူ၍ ကဲ့ရဲ့ပြစ်တင်ကြလေ၏။


တစ်နေ့သ၌ ကိုယ်တော်သည် ဟောပြောသွန်သင်တော်မူနေစဉ် ဂါလိလဲပြည်နှင့် ယုဒပြည်တို့ရှိ ကျေးရွာအပေါင်းတို့မှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသော ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည်လည်း အနီးအပါး၌ ထိုင်လျှက်ရှိကြ၏။ ထိုအချိန်၌ ဘုရားရှင်သည်လည်း ကိုယ်တော်အား လူတို့၏အနာရောဂါများ ပျောက်ကင်းစေခြင်းငှာ တန်ခိုးတော်ကို ပေးအပ်ထားတော်မူသဖြင့်


ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည် “ဤသူသည် မိမိကိုယ်ကို မည်သူဟုထင်၍ ဤကဲ့သို့သော ဘုရားရှင်ကို စော်ကားသည့်စကားမျိုးကို ဆိုရသနည်း။ သူ့ကိုယ်သူ ဘုရားရှင်ဟုထင်နေသလော။ အကြောင်းမူကား ဘုရားရှင်မှလွဲ၍ အပြစ်များကို ခွင့်လွှတ်နိုင်သူဟူ၍ အဘယ်သူမျှမရှိ” ဟုတွေးတောကြလေ၏။


ထိုသို့ပင် လူ့သားတော်သည် စားသောက်လျက်နေသောအခါ သင်တို့က ‘ဤသူသည် အစားအသောက်ကျူးသူဖြစ်ကာ အခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများနှင့် အပေါင်းအသင်းဖွဲ့နေ၏’ ဟုဆိုကြပြန်၏။


ထိုအခါ ကိုယ်တော်ကိုပင့်ဖိတ်သောဖာရိရှဲသည် မြင်သဖြင့် “ဤသူသည် အရိယာသူတော်စင်မှန်ပါက သူ့ကိုတို့ထိနေသူ အမျိုးသမီးသည် မည်သို့သောမိန်းမမျိုး ဖြစ်သည်ကို သိသင့်သည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏” ဟုမိမိစိတ်ထဲ၌ တွေးတောလေ၏။


Lean sinn:

Sanasan


Sanasan